ပျောက်ဆုံးသူ ၁၂ နှစ်အရွယ် သီလရှင်လေး ပြန်တွေ့ပြီ

Wednesday, April 08, 2009 ·

မျိုးကြီး | ရွှေလီ (မဇ္ဈိမ) ။ ။ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး ကွက်သစ် ကျောင်းတိုက်မှ သက်တော် ၁၂ နှစ်အရွယ် သီလရှင်လေး မသီရိမာလာ (ဘွဲ့အမည်ရင်း မဟုတ်) သည် ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့၌ ခေတ္တ သီတင်း သုံးနေစဉ် ၉ ရက်ကြာ ပျောက်သွားရာမှ ယခုလ ၄ ရက်နေ့တွင် ပြန်ရှာတွေ့သည်။

ပြီးခဲ့သည့်လ ၂၆ ရက်နေ့က ပျောက်ဆုံးခဲ့ပြီးနောက် မူဆယ်သို့ အတူကြွလာသည့် အဒေါ်ဖြစ်သူ သီလရှင်ကြီး ဒေါ်စန္ဒီမာလာ (ဘွဲ့အမည်ရင်း မဟုတ်) ထံ ဒေသခံအချို့က သတင်းပေးသဖြင့် စစ်ကိုင်းတောင်ရိုးမှပင် ကြွလာသည့် အခြား သီလရှင် နှစ်ပါးနှင့် အတူ ရန်ကုန် အလှပြင်ဆိုင်အတွင်း ၀င်ရှာရာမှ တွေ့ခဲ့ခြင်း ဖြစ်သည်။

”မူဆယ် ၀ီဘဲ တည်းခိုခန်းအနီးက ရန်ကုန် အနှိပ်ခန်းမှာ တွေ့တာပါ။ ဒေသခံတွေက တွေ့လို့ အကြောင်းကြား တာပေါ့။ လူဝတ်လဲပြီး အလုပ်လုပ်နေတာ။ ပြန်ပြီးတွေ့တော့ သီလရှင် ၀တ်ပေးလိုက်တယ်'' ဟု ဒေသခံ ကုန်သည်တဦးက မဇ္ဈိမကို ပြောသည်။

မူဆယ် လူကုန်ကူးမှု တားဆီးရေး အထူးအဖွဲ့ရဲမှူး ဒေါ်မီနီဦးကလည်း သီလရှင်လေး ပြန်တွေ့ကြောင်း ပြောသည်။

သူက ဆက်ပြီး ”သူ့အဒေါ်က သူ့ကို တနေ့ကို ကျပ် ၂၀၀၀ ပေါ့၊ အလှူခံဖို့ ပြောတော့ မဖြစ်နိုင်ဘူးဆိုပြီး သူ အရိုက်ခံရမှာစိုးလို့ အဲဒီမှာ အလုပ် ၀င်လုပ်နေတာ။ သူ့အဒေါ်ကို အသိမပေးဘဲနဲ့ အလုပ်လုပ်နေလို့ အခု ပြန်ရှာတွေ့တဲ့အခါ ပြန်အပ်လိုက်ပြီ။ မူဆယ်မှာ အနှိပ်ခန်းကို မရှိတာ။ သူက အလှပြင်ဆိုင်လေ” ဟု ပြောသည်။

သို့သော်လည်း ဒေသခံ ကုန်သည်ကမူ သွေးရိုးသားရိုး ပျောက်ဆုံးခြင်းထက် ရောင်းစားခံရခြင်း ဖြစ်နိုင်ပြီး၊ ရန်ကုန် အလှပြင်ဆိုင်မှာ အမည်ခံသာ ဖြစ်ပြီး နောက်ကွယ်တွင် အနှိပ်ခန်း ဖွင့်ထားသည်ဟု ဆိုသည်။

အခြား ဒေသခံတဦးကလည်း ''မူဆယ်မှာ အနှိပ်ခန်း ဖွင့်ဖို့ဆိုတာမျိုးတော့ ပေါ်လစီ မရှိဘူးလေ။ ဒါပေမဲ့ ရန်ကုန် အလှပြင်ဆိုင်တင် မကဘူး၊ တခြား အလှပြင်ဆိုင် ၃-၄ ခုလောက်လည်း ဒီလိုပဲ အနှိပ်ခန်းဖွင့်ထားတာ။ လူတွေ သိနေတာပဲဗျ'' ဟု ဆိုသည်။

ရန်ကုန် အလှပြင်ဆိုင်ကို ဒေသခံ နယ်စပ်ကွပ်ကဲရေး ဌာနချုပ်မှ ဗိုလ်ကြီးတဦးနှင့် အိမ်ထောင်ပြုထားသည့် တရုတ်အမျိုးသမီး နန်းထားမေ က ပိုင်ဆိုင်သည်။

သီလရှင်နှစ်ပါးသည် မူဆယ် လူဝင်မှုကြီးကြပ်ရေး - လ၀က ရုံးအနီးရှိ ဒေါ်ထွေးဆိုသူ၏ နေအိမ်တွင် သီတင်း သုံးကာ မြို့တွင်း၌ လှည့်ပတ်၍ အလှူခံခဲ့သည်။

ကုန်သည်က ''ဒေါ်ထွေးကနေ ငွေ ၅ သိန်းနဲ့ ဒေါ်သီရိကို ပေးပြီး အမှုကို ကျေအေးခိုင်းလိုက်တယ်'' ဟု ဆိုသည်။ သီလရှင် နှစ်ပါးသည် ယခုနှစ်ထဲတွင် မူဆယ်သို့ အလှူခံရန် ကြွလာခဲ့ပြီး၊ ပျောက်ဆုံးမည့် မတ်လ ၂၆ ရက်နေ့က ည ၈ နာရီ ခန့်အထိ သီလရှင်လေး ပြန်ရောက် မလာသဖြင့် နောက်တနေ့တွင် မူဆယ် ရဲစခန်းသို့ လူပျောက်မှုဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ကမူ နှစ်ပါးစလုံးကို လားရှိုးကားပေါ်သို့ တင်ပေးလိုက်ကြောင်း ဒေသခံများက ဆိုသည်။

ပျောက်ဆုံးခဲ့ရသည့် မသီရိမာလာသည် မကွေးမြို့နယ် ဇာတိသူဖြစ်ပြီး ငယ်စဉ်ကပင် သာသနာ့ဘောင်အတွင်း ၀င်ရောက် ခဲ့သည့် ငယ်ဖြူသီလရှင်ဖြစ်သည်။

ဆွမ်းအတွက် ပူပန်ရသဖြင့် ယခုလို နယ်စပ်ဒေသအထိ အခြား ဒေသများမှ သီလရှင် အချို့နည်းတူ အဒေါ် ဖြစ်သူနှင့် အလှူခံ ကြွလာခဲ့ကြသည်။

ပြန်မတွေ့ခင် တရက်အလို၊ ယခုလ ၃ ရက်နေ့က သီလရှင်လေး ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဒေါ်စန္ဒီမာလာကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခွင့် ရခဲ့သေးသည်။

ဆရာလေးက ”အဲဒီအကြောင်းတွေ ဘာမှ မပြောချင်လို့ပါ။ စိတ်တော့ မရှိပါနဲ့ ဒကာကြီး။ သိချင်လို့ရှိရင် သူ့ကိုသာ (ယခု သတင်းအချက်ပေးခဲ့သည့် ဒေသခံ ကုန်သည်ထံ) မေးလိုက်ပါ” ဟု မိန့်ဆိုခဲ့သည်။

သီလရှင်လေးမှာ သူ့သဘောအတိုင်း အလုပ်ဝင်လုပ်ခြင်း၊ ရောင်းစားခံရခြင်းတို့နှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြန်ရှာတွေ့သည်နှင့် ပတ်သက်၍ မူဆယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲဝန်ထမ်းက ဖုန်းချ သွားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်သည် အမျိုးသမီးများ လူကုန်ကူးခံရခြင်းနှင့် ရောင်းစားခံခြင်းများ ရှိနေကြောင်း မကြာခဏ သတင်းများ ပေါ်ထွက်နေသည့် တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2734-2009-04-07-15-24-30.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */