မြစ်ကြီးနားထောင်ရောက် ဇာဂနာနှင့် ထောင်ဝင်စာတွေ့ခွင့်မရပဲ ငွေလိမ်ခံရ

Friday, April 10, 2009 ·

RFA | စွယ်စုံရ အနုပညာရှင် ကိုသူရ ခေါ် ကိုဇာဂနာကို မိသားစုဝင် တယောက်က မြစ်ကြီးနားထောင်ကို ထောင်ဝင်စာ သွားတွေ့ရာမှာ အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်၊


မြန်မာ စာရေးဆရာ၊ လူရွှင်တော် ဇာဂနာ၏ အကြောင်းကို Pen Canada ဝက်ဘ်စာမျက်နှာတွင် ဤကဲ့သို့ ဖော်ပြထားပါသည်။ (Image: RFA)
မြစ်ကြီးနားထောင်မှာ ထောင် ကျခံနေရတဲ့ ကိုဇာဂနာကို ခယ်မဖြစ်သူ မငြိမ်းက အခု ဧပြီလ ၃ ရက်နေ့က ထောင်ဝင်စာသွား တွေ့ရမှာ မြစ်ကြီးနားထောင်မှူးကိုယ်တိုင်က တွေ့ခွင့်မပေးခဲ့တာပါ။ အဲဒီထောင်မှူးက ဘယ်လို အကြောင်းပြန်ခဲ့တာလဲလို့ RFAက မနေ့ကမှ အိမ်ကိုပြန်ရောက်လာတဲ့ မငြိမ်းကို မေးမြန်းကြည့်တဲ့အခါမှာ ခုလို ဖြေကြားပါတယ်။

မငြိမ်း။ ။ “ရက်မပြည့်လို့ ပေးမတွေ့နိုင်ဘူးတဲ့ ရက်ပေါင်း ၃၀ မပြည့်လို့တဲ့ ကျမပြီးခဲ့တဲ့နေ့က ၁၁ ရက်နေ့က ဝင်ထားတော့ ၁၀ ရက်နေ့မှပဲ ပေးတွေ့နိုင်မယ်တဲ့ အဲဒီ ထောင်မှူးကြီး ဦးလှရွှေကဘယ်လိုပဲ ဖြစ်ဖြစ် ကျမတို့မှာ အကျဉ်းသားဥပဒေဆိုတာ ရှိတယ်လေ၊ ၁၅ ရက်တခါ ပေးတွေ့ရမယ်၊ သူတို့ တလတခါ သတ်မှတ်လိုက်တာပဲ ဖြစ်ဖြစ်ပေါ့၊ တလတခါ ဆိုလဲ ကျမတို့က တလထဲမှာလဲ ၂ ခါမလာဘူးပေါ့ တလမှာ ကျမတို့ လဆန်းလာလာ၊ လလယ်လာလာ ဘယ်လိုပဲဖြစ်ဖြစ် တခြားထောင်တွေဆို အခွင်အရေးရှိပါတယ်၊ အဲလိုမျိုး ကျမသွားလိုက်တာပေါ့၊ ဒါပေမဲ့ ကြီးကြီးရဲ့နာရေးလဲ ရှိထားတော့လေ၊ ကိုသူရလဲ ဒီသတင်းလေး သိချင်မှာပဲ ဆို ပြီးမှ ကျမက သွားလိုက်တာ မသွားခင်လည်း ၂ ရက်နေ့အထိ ဖုန်းဆက်တော့လဲ အေးလာခဲ့လေကွာ၊ ကျမရောက်တော့မှ ကျမကို ပေးမတွေ့နိုင်ဘူးတဲ့ ၁၀ ရက်နေ့မှတဲ့။”

နိုင်ငံရေးအကျဉ်းသမားတွေကို ထောင်ဝင်စာသွားတွေ့ရာမှာ မကြာခဏ ဆိုသလို အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ၊ အခုနှစ် အစောပိုင်း ဇန်နဝါရီလကလဲ ထောင်ဝင်စာတွေ့ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။ တကယ်လို့ ကိုသူရကို အာဏာပိုင်တွေပြောတဲ့အတိုင်း ဧပြီ ၁၀ ရက်နေ့မှ တွေ့မယ်ဆိုရင် မြစ်ကြီးနားမှာရောက်နေတဲ့ မငြိမ်းအနေနဲ့ အခက်အခဲရှိတဲ့ အကြောင်းပြန်ပြောပြပေမဲ့လဲ တွေ့ခွင့်မရခဲ့ဘူးလို့ မငြိမ်းက ဆက်ပြောပါတယ်။

မငြိမ်း။ ။ “၁၀ ရက်နေ့ဆိုရင် ကျမ လေယာဉ်နဲ့ ပြန်လို့ မရတော့ဘူး။ ကျမ မြစ်ကြီးနားမှာ ပိတ်မိပြီ၊ လေယာဉ်မပျံတော့ဘူး။ နိုင်ငံတော် ရုံးပိတ်ရက်လေ။ ရထားလဲ မဆင်းတော့ဘူး၊ ကားလဲမဆင်းတော့ဘူး စီးရင်လဲ ရထားလဲ ဈေးကြီး၊ ကားလဲဈေးကြီး ကျမလဲ ဘယ်လိုလုပ်ပြီးတော့ ရထား၊ ကား စီးပြီးပြန်နိုင်မလဲ အဲဒါ ကျမတို့အခက်အခဲပေါ့။ လူမှုရေးအရ ကြီးကြီးလဲ ဆုံးထားတဲ့ အတွက် ဒီဓာတ်ပုံလေးတွေနဲ့ ပြချင်ပါတယ်၊ ဒီလိုဒီလိုအနေအထားပေါ့ အဓိကကတော့ ထောင်ပိုင်ကြီးကလဲ လေးလပတ်အစည်းအဝေး သွားလိုက်တော့ ပိုဆိုးသွားတာပေါ့။”

ဧပြီလ ၁ ရက်နေ့ကလဲ မြစ်ကြီးနားကို မသွားခင် အိမ်ကိုထောင်ဝန်ထမ်းတယောက်လာသွားပြီးတော့ ကိုသူရကို ထောင်ပြောင်း ဖို့အတွက်ဆိုပြီးတော့ အကြောင်းပြငွေလိမ်တာလဲ ခံလိုက်ရတဲ့အကြောင်း မငြိမ်းက ဆက်ရှင်းပြပါတယ်၊

မငြိမ်း။ ။ “ထောင်ဝန်ထမ်းတယောက်က ပိုက်ဆံလာလိမ်တယ်။ ကိုသူရကို ထောင်ပြောင်းတော့မယ်၊ ၁၁ ရက်နေ့တဲ့ အင်းစိန်ကို အရောက်ပို့ရမယ်တဲ့။ သူ့ကိုယ်သူ ဒုထောင်ပိုင်တဲ့ ခင်မောင်ဦး ဆိုပြီးတော့ ကျမကို အင်ထရို လုပ်ပြီးတော့ပေါ့။ ကျမက မြစ်ကြီးနားကိုရောက်တာ ဒီဟာနဲ့ပါဆို ၄ ခါရှိပြီ ဦး လို့ ဦးကို တခါမှ မမြင်ဖူးဘူးလို့။ ညီးငါ့ကို ဘယ်မြင်ဘူးမလဲ ငါက အသစ်တဲ့။ အခုမှ ရောက်မှာတဲ့ မင်း ထွန်းသန်းကို သိတယ် မဟုတ်လားဆိုတော့ ဦးထွန်းသန်းဆိုတာ ထောင်ပိုင်ကြီးလေ။ ထောင်ပိုင်ကြီးကိုတောင် ထွန်းသန်းခေါ်နေမှတော့ ကျမလဲ နဲနဲရှိန်သွားတာပေါ့။ ထောင်မှူးကြီး လှရွှေကိုလဲ သိတယ်မဟုတ်လားတဲ့။ ဟုတ်တယ် ထောင်မှူးကြီးဦးလှရွှေနဲ့ ငါနဲ့က သူငယ်ချင်းတဲ့ ငါတို့တွေတဲ့။ ဒီလိုလုပ်လိုက်တဲ့ ဆိုတော့ ကိုသူရလဲ ပြောင်းမိန့်ကျတာတော့ ကြာပြီပေါ့။ ညွှန်ချုပ် လက်မှတ်ထိုးဖို့ အကုန်အကျတော့ ရှိမယ်ဆိုပြီးတော့ ကျမဆီက ပိုက်ဆံ လိမ်သွားတယ်။”

အလိမ်ခံရတဲ့ ငွေက ၈ သောင်းဖြစ်ပါတယ်။ မငြိမ်း မြစ်ကြီးနားထောင်ကို ရောက်တဲ့အခါမှာတော့ အဲဒီ ထောင်အာဏာပိုင်ထဲမှာ ငွေလိမ်သွားတဲ့ ခင်မောင်ဦးဆိုတဲ့ နံမည်ကိုတော့ မတွေ့ရပဲ ခင်မောင်ဆွေ ဆိုတဲ့သူကို တွေ့ရပြီး သူက ငြင်းဆိုသွားကြောင်း မငြိမ်းက ပြန်ပြောပြပါတယ်။

မငြိမ်း။ ။ “မင်းငွေလိမ်ခံရတဲ့ ပြဿနာတွေ တခါတည်း ရှင်းတဲ့။ မင်းပြောတာ ခင်မောင်ဦးနော်တဲ့ ဒီမှာတော့ ထောင်ပိုင်ရဲ့တာဝန်ကို ခဏ လာယူတဲ့သူပေါ့နော်။ တွဲဘက်ပေါ့ အတက်ခ်ျ လာယူတဲ့လူပေါနော်။ ဒါကတော့ ခင်မောင်ဆွေပေါ့။ အက်စ်ဘီတွေလဲ ကြည့်အုံး တခါတည်းရှင်းတဲ့ ကိုယ်က ဘာမှ ပြောဖို့တောင် ရည်ရွယ်ချက်မရှိပါဘူး။ သူကစပြောတော့ ကိုယ်ကလဲ အန်ကယ်လို့ ကျမအိမ်ကို ရောက်ဘူးလားလို့၊ ပြီးခဲ့တဲ့နေ့ကလို့၊ ကျွန်တော်ကတော့ မရောက်ဘူးပါဘူးတဲ့၊ ဒီလိုအိမ်မျိုးတွေလဲ ကျွန်တော်တို့က သွားလေ့သွားထလဲ မရှိပါဘူး၊ မဟုတ်ဘူးလို့ ကျမတို့ အိမ်လာဖူးလို့ အဲလိုပဲ မေးလိုက်တယ်၊ သူကတော့ မဟုတ်ဘူးတဲ့။”

ဦးခင်မောင်ဆွေဆိုတဲ့သူဟာ ငွေလိမ်သွားတဲ့သူနဲ့ အတော်လေးတူပေမဲ့ နံမည်ကတော့ လွဲနေပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ ဆက်မပြောခဲ့ဘူးလို့လဲ မငြိမ်းက ပြောပါတယ်၊ ကိုသူရ မြစ်ကြီးနားထောင်ကို ရောက်ကတည်းက မိသားစုအနေနဲ့ တွေ့ခွင့်ရတာ ၄ကြိမ် ရှိပါပြီ။ လွန်ခဲ့တဲ့ မတ်လ ၁၁ နေ့ထောင်ဝင်စာသွားတွေ့တဲ့အချိန်မှာ ကိုသူရရဲ့ ကျန်းမာရေး ကောင်းမွန်နေပြီးတော့ အခုတခေါက်ကတော့ သူ့ရဲ့ကျန်မာရေးအခြေအနေကို မေးလို့လဲ မရတာကြောင့် ဘာမှ မသိခဲ့ရဘူးလို့လဲ သူက ပြောပါတယ်။ တွေ့ခွင့်လဲမရ ငွေလဲ ၇ သိန်းလောက် ကုန်သွားတယ်လို့ သိရပါတယ်။ သင်္ကြန်ပြီးလို့ တွေ့ခွင့်ရပေမဲ့လဲ နောက်တခေါက် ပြန်သွားဖို့ အတွက် အခုအချိန်အထိ အစီအစဉ်မရှိသေးဘူးလို့ မငြိမ်းက RFAကို ပြောပါတယ်။

source by : http://www.rfa.org/burmese/news/prison_visit_for_zarganar_denied-04092009173409.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */