စစ်အစိုးရ အဆိုပြုချက်ကို ဝအရာရှိများနှင့် အောက်ခြေအဆင့်များ လက်မခံနိုင်

Thursday, April 30, 2009 ·

အာအက်ဖ်အေ | ပြီးခဲ့တဲ့ ဧပြီလ ၂၈ရက်နေ့က အပစ်အခတ်ရပ် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရ အာဏာပိုင်တွေ တွေ့ဆုံရာမှာ တိုင်းရင်းသား အဖွဲ့များရဲ့ လက်နက်ကိုင် တပ်များရဲ့ အသွင်ကို ပြောင်းဖို့ ဖြစ်ပြီး လက်နက်ကိုင် အရေအတွက်ကိုလည်း ကန့်သတ်ဖို့ ပါဝင်တယ်လို့ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။


စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကောင်းဆုံး ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဧပြီ ၁၇ရက် ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ် ၂၀ပြည့်အခမ်းအနားတွင် စစ်ရေးပြနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of UWSA)
ဒီကိစ္စနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်အဖွဲ့တွေထဲမှာ တပ်အင်အား အများဆုံးရှိတဲ့ UWSA ဝပြည် သွေးစည်းရေး တပ်အနေနဲ့ ယတိပြတ် အဖြေမပေးရသေးဘူးလို့ UWSA အဖွဲ့က အရာရှိတဦးက RFAကို ပြောပါတယ်။

ဝအရာရှိ။ ။ “အဲ နယ်ခြားစောင့်တပ် ရဲအသွင်ပြောင်းတယ်တဲ့၊ သူတို့ ပြန်ထားပေးမယ်လို့ ပြောတယ်၊ နောက် လူဦးရေလည်း သူတို့ ကန့်သတ်မယ်၊ ကိုးကန့်က ၁,၀၀၀၊ ဝက ၃,၀၀၀၊ မိုင်းလား အထူးက ၅၀၀လားမသိဘူး၊ သူတို့ အဲလို အစီအစဉ်ရှိတယ်။ ကာကွယ် ဦးစီးချုပ်က တိုက်ရိုက်ကွပ်ကဲမယ်၊ ညွှန်ကြားမယ်။ လစာက ကာကွယ်ရေး ဦးစီးချုပ်က ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့၊ ဒီကိစ္စက UWSA အနေနဲ့ အကြောင်းမပြန်သေးဘူး။ ဟိုဥစ္စာပေါ့၊ သဘောမတူသေးဘူးပေါ့ဗျာ။ ကျွန်တော်တို့ ဗဟိုကော်မတီ ကျွန်တော်တို့ ပြန်ထိုင် ပြီးတော့ ညှိနှိုင်း တိုင်ပင်ဦးမယ်၊ ပြီးမှ ခင်ဗျားတို့ကို အကြောင်းပြန်မယ်လို့တော့ ပြောတယ်။”

ဧပြီလ ၂၈ရက်နေ့ တနေ့ထဲမှာ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ အပစ်အခတ်ရပ် အဖွဲ့အားလုံးကို အာဏာပိုင် တွေက တပြိုင်တည်း နေရာခွဲပြီး တွေ့ဆုံခဲ့တာပါ။ ခုလို တွေ့ဆုံရာမှာလည်း လက်နက်ကိုင်တပ်များနဲ့ ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး အသွင်ပြောင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား သတင်း ရပ်ကွက်တွေ အဆိုအရ စစ်အစိုးရရဲ့ ပြောဆိုချက်ကို အဖွဲ့တော်တော် များများက ယတိပြတ် အဖြေမပေး သေးဘူးလို့ သိရပါတယ်။

လက်နက်ကိုင်တပ် အင်အား ၃သောင်း ရှိနေတယ်လို့ ပြောဆိုနေတဲ့ UWSAအနေနဲ့ ဗဟိုကော်မတီဝင် တွေကတော့ တရားဝင် ပြောဆို ဝေဖန်ခြင်း မပြုသေးပေမဲ့ အောက်ခြေအဆင့်နဲ့ အရာရှိ အားလုံးက စစ်အစိုးရရဲ့ အဆိုပြုချက်ကို လက်ခံခြင်းမရှိဘူးလို့ UWSA အရာရှိ တဦးက RFAကို ပြောဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး UWSAအရာရှိတဦးကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

နားဆင်ရန်

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */