ရန်ကုန်မြို့တွင်း လျှပ်စစ်မီး အလှည့်ကျပေးဝေခြင်း မပြောင်းလဲသေး

Wednesday, April 01, 2009 ·

ရန်ကုန်မြို့တွင်း မီးပေးဝေမှုကို စကြ်ာပုံဇယားကွက်ဖြင့် တွက်ချက်နိုင်ပြီ

မြို့သူ မြို့သားတို့ မျက်စိလည်သော်လည်း အနည်းဆုံး တပတ်လျင် မီး ၅ နာရီရဟုဆို

ရုပ်ပုံပေါ်ကလစ်နှိပ်၍ အကျယ်ကြည့်ပါ။
မိုးမခ အထောက်တော် | ရန်ကုန်မြိ့တော်အား လျှပ်စစ်ပေးဝေမှုကို ဇုန် ၄ ဇုန်ခွဲခြားပြီး ပေးဝေနေကြောင်း ခွဲတမ်းအချိန်စာရင်းကို ၂၄ ပစ္စည်းရှင်းသည့် စကြာပုံသဏ္ဍာန်ဇယားကွက်နှင့် ရှင်းလင်းထားကြောင်း ပြည်တွင်း ဂျာနယ်များတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မြို့ပြင်ရပ်ကွက်များကို က၊ ခ၊ H ဟူ၍၎င်း၊ မြို့တွင်းရပ်ကွက်များကို A,B,C,H အုပ်စုများဖြင့်၎င်း ခွဲခြားထားပြီး နေ့များခွဲကာ မီးများ ဖြန့်ဝေပေးနေသည်ဟု ဆိုသည်။ မီးရသည့်အချိန်မှာ ညနေ ၅ နာရီမှ ည ၁၁ နာရီ သို့မဟုတ် က ည ၁၁ နာရီမှ မနက် ၅ နာရီအထိ အလှည့်ကျ ရမည်ဟု ဆိုသည်။ စက်မှုဇုံများမှာ မနက် ၇ နာရီက နေ့ခင်း ၁၂ နာရီ။ သို့မဟုတ် နေ့ခင်း ၁၂ နာရီမှ ညနေ ၅ နာရီအထိ အလှည့်ကျ ခွဲဝေပေးနေသည်ဟု ဖော်ပြထားသည်။ အရေးကြီးသော ရုံး၊ ဌာန၊ သံရုံး၊ ဆေးရုံ၊ ကျောင်း၊ တပ်၊ ထောင်၊ ဆိပ်များကို ၂၄ နာရီ ပေးနေကြောင်း ထုတ်ပြန်သည်။

“သူတို့တွေက ပြက္ခဒိန်တွေ၊ ဇယားကွက်တွေ၊ အရောင်တွေ၊ စက်ဝိုင်းလှည့်တာတွေနဲ့ ဘယ်လိုပြောပြော၊ မီးဆိုတာ သူလာချင်တဲ့အချိန် လာတာပါဗျာ။ တပတ်ကို ၅ နာရီလောက်တော့ လာပါတယ်။ အနည်းဆုံးပေါ့။ ဗေဒင်မေးရင်လည်း လွဲမှာပဲ။ မီးမရှိလည်း နေရတာပဲ။ ရုံးတွေမှာလည်း မီးမရှိဘဲနဲ့ အလုပ်လုပ်နေရတာပါပဲ။ မီးလာတဲ့အတိုင်းသာ ၀န်ထမ်းလစာပေးမယ်ဆိုရင် ကျနော်တို့ မွဲမှာပဲ။ အဲပြီးတော့ မီးလာတဲ့အတိုင်းသာ အစိုးရကို အမှတ်ပေးရမယ်ဆိုရင်တော့ ဒီအစိုးရဆိုတာ ပြုတ်နေတာ ကြာပြီ။ မီးမလိုဘဲ အစိုးရလုပ်နေနိုင်တာ ကမ္ဘာမှာ ဒီစစ်အစိုးရပဲ ရှိတယ် …”

ဟု မိုးမခစာဖတ်သူတဦးက သူ့စိတ်အနှောက်အယှက်ဖြစ်မှုများကို ပြောသွားသည်။

source by : http://moemaka.com/index.php?option=com_content&task=view&id=3536&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */