ဥဆာ ဖိချိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ခွဲခြားဆက်ဆံကာ အလုပ်သမားလျော်ကြေး ရန်ပုံငွေမှ လျော်ကြေးမရအောင် ထိုင်းအစိုးရက ငြင်းပယ်ခဲ့သည် ဟူသော စွပ်စွဲချက်ကို ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးက ငြင်းဆိုလိုက်သည်။
အိမ်နီးချင်း နိုင်ငံများမှလာသော ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအစိုးရက ခွဲခြားဆက်ဆံမှုမရှိဘဲ အညီအမျှ အခွင့်အရေးပေးကာ မျှတစွာ ဆက်ဆံခဲ့သည်ဟု ဝန်ကြီး ဖိုင်းထွန်း ကယောက်ထောင်း Paitoon Kaewthong က ပြောဆိုခြင်း ဖြစ်သည်။
“မူအရပြောရင် သူတို့ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ပြီး တရားဝင် အလုပ်လုပ်တယ်ဆိုရင် သူတို့ လျော်ကြေး တောင်းဆိုမှုတွေဟာ ထိုင်းနိုင်ငံရဲ့ လူမှုဖူလုံရေးစနစ်နဲ့ အကျုံးဝင်ပြီး၊ ဒီရန်ပုံငွေကနေ လျော်ကြေး တောင်းလို့ ရပါတယ်” ဟု Paitoon က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို လျော်ကြေးရန်ပုံငွေ ခံစားခွင့်မရအောင် ဥပဒေမဲ့ ငြင်းဆိုခဲ့သည်ဟူသော စွပ်စွဲချက်ကို တုံ့ပြန်ငြင်းဆိုသွားခဲ့သည်ဟု ယနေ့ ထုတ်ပြန်သော ထိုင်း အမျိုးသား သတင်း ဗျူရို၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သူတို့အဖွဲ့နှင့် ထိုင်း အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့တို့၏ ပူးတွဲကြေညာချက်ကို ကုလအထူးသံတမန် Homayoun Alizadeh နှင့် ကုလ လူ့အခွင့်အရေး မဟာမင်းကြီးရုံး အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် တို့ထံ ယမန်နေ့က ပေးပို့ပြီးဖြစ်ကြောင်းနှင့် ကုလ လူမျိုးခွဲခြားမှုပုံစံမျိုးစုံ ဖျက်သိမ်းရေး ကော်မတီ အပါအဝင် အဆင့်မြင့်အဖွဲ့များထံသို့လည်း ဆက်လက်ပေးပို့ဦးမည်ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ လူ့အခွင့်အရေးရှေ့နေ ဆွမ်ချိုင်း ဟွမ်လော် Somchai Homlaor က မဇ္ဈိမကို ပြောသည်။
၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ချင်းမိုင်မြို့ ရှန်ဂရီလာဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရ၍ ခါးအောက်ပိုင်းမှစပြီး ကိုယ်တပိုင်း သေသွားခဲ့သော ရှမ်းလူမျိုး အလုပ်သမ နန်းနွမ်၏ အမှုတွင် သူ့အနေဖြင့် အစိုးရ၏ လျော်ကြေး အစီအစဉ်မှ ဘဏ္ဍာရေး အထောက်အပံ့ကို ရယူ၍ အားကိုး အားထား ပြုနိုင်ကြောင်း ဟွမ်လော် က ဆက်ပြောသည်။
ဤပြဿဿနာအတွက် အဖြေတရပ်မှာ ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အရေး စံနှင့် မူဖြစ်သော လူမှုဖူလုံရေး စနစ်တွင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအလုပ်သမားများကဲ့သို့ ထိုင်းအစိုးရက ပါဝင်အကျုံးဝင် ရယူခွင့် ပေးခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။
လတ်တလောတွင်မူ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော ရွှေ့ပြောင်းအလုပ်သမားများကိုသာ အလုပ်သမား လျော်ကြေးရန်ပုံငွေမှ လျော်ကြေးရယူခံစားခွင့်ပေးရန် ထိုင်းလူမှုဖူလုံရေးစနစ်က ပြဋ္ဌာန်း သတ်မှတ်ထားသည်။ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား အနည်းငယ်သာ ထိုသို့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသည်။
ရှမ်းလူမျိုးခန့်မှန်းခြေ တသိန်းခန့် အလုပ်လုပ်ကိုင်နေသော ချင်းမိုင်မြို့မှ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ တဦးကမူ အလုပ်ခွင်တွင် ရရှိသော ဒဏ်ရာများကြောင့် လျော်ကြေးတောင်းခံရာတွင် ငြင်းပယ်ခံခဲ့ရသော အမှုအများစုမှာ အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ဖြစ်ပေါ်လေ့ရှိသည်ဟု ပြောသည်။
“ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက မတော်တဆမှုတွေမှာ ကျနော်တို့တွေ့တာ သေတာ ဒါမှမဟုတ် ကန်းတာ၊ သွက်ချာပါဒ လိုက်သွားတာတို့လို ဆိုးဆိုးဝါးဝါး ဒဏ်ရာတွေရကြတယ်။ ဒါပေမဲ့ တချို့အလုပ်ရှင်တွေက သူတို့ တာဝန် မယူချင်တာကြောင့် ဒဏ်ရာရတဲ့ အလုပ်သမားတွေကို သူတို့အလုပ်သမားတွေ မဟုတ်ဘူးလို့ ငြင်းကြတယ်” ဟု အဆိုပါ သတင်းရပ်ကွက်က ရှင်းလင်းပြောပြသည်။
“ဒါ့အပြင် အမှုအတော်များများမှာ အလုပ်ရှင်က ဒဏ်ရာရတဲ့ အလုပ်သမားကို ငှားရမ်းခိုင်းစေထားပါတယ်ဆိုတာ သက်သေပြနိုင်တဲ့ အထောက်အထားတွေ၊ မျက်မြင်သက်သေတွေ ရှိပါရက်နဲ့ ဒီအလုပ်သမားတွေမှာ ဘာလက်မှတ် အထောက်အထားမှ မရှိဘူးဆိုပြီး ပြည်နယ် လူမှုဖူလုံရေးရုံးက ပယ်ချတာလည်း ရှိတယ်” ဟု သူက ဆက်ပြောသည်။
ထိုင်းအစိုးရသည် ယခုလတ်တလောတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းအား မြန်မြန်ထက်ထက် ပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ တရားမဝင် ဝင်ရောက် လာခြင်းကို ထိန်းချုပ်ရန်နှင့် ရွှေ့ပြောင်း အလုပ်သမားများ လုပ်ကိုင်နေသည့် အလုပ်များတွင် ထိုင်း အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်ရန် ဆွဲဆောင်သည့်အနေနှင့် အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများကို Kohthong၊ မယ်ဆိုင်နှင့် မဲဆောက် စသည့် အဓိက စစ်ဆေးရေး စခန်းများသို့ သွားရောက်၍ နိုင်ငံကူး လက်မှတ်နှင့် ဗီဇာများ လျှောက်ထားရယူရန်လည်း တိုက်တွန်းအားပေးမှုများ ပြုလုပ်လျက်ရှိသည်။
source by : http://www.mizzimaburmese.com/news/inside-burma/2692-2009-03-31-17-12-23.html
ခွဲခြားဆက်ဆံသည် ဆိုသည့် စွပ်စွဲချက်ကို ထိုင်းဝန်ကြီး ငြင်းဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment