ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင်အား လုပ်ကြံသူဟု ယူဆရသူ ၃ဦးကို မော်လမြိုင် ရဲတပ်ဖွဲ့က ယခုလ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိထားသည်ဟု ပါတီ တာဝန်ရှိသူတဦးက ပြောသည်။
ယခုလ ၁၈ ရက်နေ့တွင် မော်လမြိုင်မှ နေရပ်ကျေးရွာသို့ မော်လမြိုင်မှ ဆိုင်ကယ်ဖြင့် ပြန်နေစဉ် လမ်းခုလတ်၌ လူတစုက နိုင်မင်းနောင် (၄ဝ နှစ်) အား ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဒိုင်းဝန်ကွင်းရပ်ကွက်တွင် နိုင်အောင်ချမ်းအဖွဲ့မှ တပ်ရင်းမှူး နိုင်အောင်မွန်နှင့် အဖွဲ့ဝင် ၃ ဦး အဖမ်းခံရခြင်း ဖြစ်သည်။
“မြို့ပေါ်မှာ ရပ်ကွက်လူကြီး တယောက်နဲ့ ရန်ဖြစ်တာ။ သေနတ်ဖောက်လိုက်တယ်လေ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ဆက်စပ်ပြီးတော့ စုံစမ်းတာ။ ကျည်ဆံ သဲလွန်စ တွေ့သွားတယ်။ လောလောဆယ် တယောက်ပဲ ပေါ်သေးတယ်။ အောင်မွန်ဆိုတဲ့လူပါတယ်။ လုပ်ကြံတဲ့ အထဲမှာတော့ ၄ ယောက် ဟုတ်တယ်လို့ ပြောတယ်။ ၃ ယောက် ကျန်သေးတယ်ပေါ့နော်” ဟု အမည်မဖော်လိုသူ မွန်ပြည်သစ်ပါတီရုံးမှ တာဝန်ခံတဦးက ပြောသည်။
မော်လမြိုင် ရဲစခန်းသို့ နိုင်အောင်မွန်က လုပ်ကြံမှုတွင် သူ ပါဝင်ကြောင်း ဝန်ခံပြောကြားခဲ့သည်ဟု ပါတီရုံး တာဝန်ခံက ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးမှာ တပ်ရင်းမှူး နိုင်အောင်မွန်၊ သူ့အဖွဲ့ဝင် ၂ ဦးနှင့် အခြားတဦး ဖြစ်သည်။
ယခုအခါ သူတို့အားလုံးကို ဒိုင်းဝန်ကွင်း ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်။
ထိုင်းနိုင်ငံအခြေစိုက် မွန်သတင်းအေဂျင်စီက နိုင်မင်းနောင်အား လုပ်ကြံသူ ၃ ဦးကို ယမန်နေ့ ညက မော်လမြိုင်မြို့ လမ်းပေါ်တနေရာတွင် ဖမ်းဆီးရမိခဲ့ပြီး လုပ်ကြံမှုထဲတွင် ပါဝင်သူ နောက်ထပ် ၂ ဦး ကျန်ရှိ နေသည်ဟု ဖော်ပြထားသည်။
မဇ္ဈိမအနေဖြင့် ယခု အဖမ်းအဆီး သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းများသို့ အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
နိုင်မင်းနောင်မှာ လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာ နောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်းသွားကာ ထိုင်းနိုင်ငံမှ လာသော လက်နက်တမျိုးဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု လုပ်ကြံခံရသော နေရာအနီးတဝိုက်မှ ရှာဖွေတွေ့ရှိသည့် ကျည်ခွံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း ယခုလ ၂ဝ ရက်နေ့က မဇ္ဈိမ၏ မေးမြန်းချက်ကို မွန်ပြည်သစ်ပါတီက ပြောဆိုခဲ့ဖူးသည်။
အဖမ်းခံထားရသူ နိုင်အောင်မွန်သည် ပြီးခဲ့သည့် နှစ်အတွင်းက မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့မှ ခွဲထွက်ခဲ့သည့် နိုင်အောင်ချမ်းနှင့် အခြား ၁၈ ဦးတွင် ပါဝင်ပြီး လက်ရှိ မွန်ပြည်နယ် မြို့တော် မော်လမြိုင်တွင် အခြေစိုက် နေထိုင်သည့် တပ်ရင်းမှ တပ်ရင်းမှူး ဖြစ်သည်။
သေဆုံးခဲ့သူ နိုင်မင်းနောင်သည် ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသားဘဝမှ NMSP သို့ ဝင်ရောက်ခဲ့ပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာ ဇာတိဖြစ်သည်။
မွန်ပြည်သစ်တွင် စစ်သည်ဘဝ၌ သတင်းထောက်လှမ်းရေးတပ် ဒုအရာခံဗိုလ်၊ ခရိုင်ကော်မတီဝင်နှင့် ဗဟို ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူးအဖြစ် ပါတီအုပ်ချုပ်မှုအောက်ရှိ ကျေးရွာ ရွှေ့ပြောင်း ခံရသော မွန်ပြည်သူများအတွက် ဆန်ရိက္ခာစုဆောင်းရန် ကြိုးပမ်းနေသူဖြစ်သည်။
၂ဝဝ၈ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့နယ် ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့စဉ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း၌ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။
ယခုလ ၁၈ ရက်နေ့တွင် သူသည် ဆန်ဝယ်ယူရန်အတွက် မော်လမြိုင်ရှိ ဘဏ်တခုမှ ကျပ်ငွေ ၁၈ဝ သိန်း ထုတ်ကူကာ သူ နေထိုင်ရာ ကျေးရွာသို့ ပြန်လာစဉ် မုဒုံလမ်းပေါ်ရှိ ဖားအောက်နှင့် ရိုးဂိုးကျေးရွာအကြားတွင် လုပ်ကြံခံရခြင်း ဖြစ်သည်။
ယခုလ ၂၆ ရက်နေ့တွင် ရက်လည် အခမ်းအနား ပြုလုပ်မည်ဟု သိရသည်။
source by : http://www.mizzimaburmese.com/news/inside-burma/2817-2009-04-24-12-24-04.html
မွန်ပြည်သစ် အဖွဲ့ဝင်ကို လုပ်ကြံသူဟု ယူဆရသူကို ရဲက ဖမ်းဆီးရမိ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment