NEJ | ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ မောင်သူရခေါ် ဇာဂနာသည် ယခုလ (၁၆) ရက်၊ ည (၈) နာရီတွင် မြစ်ကြီးနား ထောင်ထဲ၌ သတိလစ် သွားပြီး ည (၁၁) နာရီခန့်မှ သတိပြန်လည်လာကာ ယခုအခါ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း ၎င်း၏မိသားစုနှင့် အထူး ရင်းနှီးသော ခိုင်မာသည့်သတင်းရပ်ကွက်မှ သိရသည်။
ထိုသို့ သတိလစ်ပြီး (၂) ရက်အကြာတွင် ထောင်တွင်း၌ပင် ပြည်နယ်ဆရာဝန်ကြီးနှင့် ပြသခွင့်ရရှိပြီး အသည်းရောင် အသားဝါ ရောဂါဖြစ်နေသည်ကို သိရှိရကြောင်း ဇာဂနာအား သွားရောက်တွေ့ဆုံခဲ့သည့် ၎င်း၏မိသားစုဝင်တဦး၏ ပြောပြချက်ကို ကိုးကား၍ အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။
“အခုအခြေအနေကတော့ နေလို့သိပ်မကောင်းဘူး။ ဒီလ (၂၂) ရက်က သူ့မိသားစုဝင်တဦး သွားတွေ့ခွင့်ရ တယ်လေ။ သွားတော့ ကိုဇာဂနာရဲ့ ဗိုက်ကပူနေတယ်တဲ့။ အရင်က အသည်းရောင်အသားဝါဖြစ်တယ်လို့ မကြားရ ပါဘူး။ အခုတော့ အဲလိုဖြစ်နေတယ်။ အခုတော့ သူ့မိသားစုက ဆေးကုခွင့်တင်ထားတယ်။ ခွင့်ပြုမပြုတော့ မသိရသေးဘူး” ဟု ဇာဂနာမိသားစု၏ အတွင်းရေးကိစ္စများ ကူညီဆောင်ရွက်ပေးနေသူတဦးက ပြောသည်။
ယခုလ (၂) ရက်က မြစ်ကြီးနားထောင်သို့ ဇာဂနာအား မိသားစုဝင်တဦးက ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ သော်လည်း ထောင်တွေ့ ရက်မစေ့သဖြင့် တွေ့ဆုံခွင့်မရခဲ့ပေ။
ထိုသို့ ထောင်တွင်း၌ ဇာဂနာ သတိလစ်သွားခဲ့သည်ကို သက်ဆိုင်ရာ ထောင်အာဏာပိုင်များက မိသားစုထံ တရားဝင် အကြောင်းကြားခြင်း မရှိဘဲ ထောင်နှင့် နီးစပ်သူများထံမှ သိရခြင်းဖြစ်သည်။
မိသားစုဝင်များအား အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဇာဂနာ၏ ကျန်းမာရေး အရေးကြီးသည့် အချိန် ဖြစ်နေသောကြောင့် ထောင်ဝင်စာအပိတ်ခံရမည်ကို စိုးရိမ်ရသဖြင့် မိသားစုဝင်များက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
ဇာဂနာသည် စာပေ၊ အနုပညာရှင်အချို့နှင့်အတူ သပိတ်မှောက်ကံဆောင်နေသည့် သံဃာတော်များအား ရွှေတိဂုံဘုရား အရှေ့ဘက် မုခ်၌ နှစ်ရက်ဆက်တိုက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဇာဂနာအား စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခု စက်တင်ဘာ (၂၅) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၅၉) နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ကာ (၃၅) နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။
source by : http://www.khitpyaing.org/news/April_09/23-4-09b.php
ဇာဂနာ ထောင်တွင်း၌ သတိလစ်သွား အသည်းရောင်အသားဝါကြောင့် ကျန်းမာရေးဆိုးဝါး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment