ကျိုက်မွန်ထိုစေတီ ပိန္နဲတိုင် တိမ်းညွတ်

Wednesday, April 29, 2009 ·

NEJ | ဘစ်ဂ်ျလီဆိုင်ကလုန်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ကြေညာအပြီး နှစ်ရက်အကြာ တိုက်ခတ် လိုက်သော လေပြင်း ဒဏ်ကြောင့် ဆံတော်ကြို ကျိုက်မွန်ထိုစေတီ ထီးတော်အထက် ပိန္နဲတိုင် ကွေးညွတ် တိမ်းစောင်း သွားခဲ့ သော်လည်း သက်ဆိုင်ရာမှ ပြင်ဆင်မှု မရှိသေးကြောင်း မြို့ခံများက ပြောသည်။

ဘစ်ဂ်ျလီဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွင်း ထိခိုက် ပျက်စီး ဆုံးရှုံးမှု တစုံတရာမရှိဟု နိုင်ငံတော်ပိုင် မီဒီယာများတွင် ဖော်ပြပြီး နှစ်ရက်အကြာ ဧပြီ (၂၁) ရက် နေ့လယ် (၂) နာရီခန့်တွင် တိုက်ခတ် လိုက်သော လေပြင်းဒဏ်ကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာ၏ ဆံတော်ကြို ကျိုက်မွန်ထို စေတီ ထီးတော် အထက် ပိန္နဲတိုင်မှာ တောင်ဘက်သို့ ကွေးညွတ်တိမ်းစောင်းခဲ့သည်။

ဒလ-ကွမ်းခြံကုန်းလမ်းတလျှောက် ကုန်းအမြင့်ဆုံးတွင် တည်ထားကိုးကွယ်သော ကျိုက်မွန်ထို စေတီတော်သည် ယမန်နှစ် နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထီးတော်နှင့်ငှက်ပျောဖူး ကျိုးပြတ်သွားခဲ့ပြီး တန်ဆောင်းတော်ကြီးနှင့် အ၀င်မုခ် ခြင်္သေရုပ်ကြီးများလည်း အပိုင်းပိုင်းကျိုးကြေခဲ့သည်။

ထို့နောက် ကျိုက်မွန်ထို စေတီတော်ကြီးအား ဘက်စုံပြုပြင်ကာ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်များ ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ၂၀၀၈ ဒီဇင်ဘာ (၂၃) တွင် ကျင်းပခဲ့သည်။

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ကျိုက်ထီးဆောင်းဆရာတော် ဘဒ္ဒန္တ ပညာဒီပ အမှူးထား၍ သံဃမဟာ နာယက တွဲဖက် အကျိုးတော်ဆောင် ကလေးဝ ဆရာတော် ဘဒ္ဒန္တ ဇာဂရာဘိဝံသတို့၏ ဦးဆောင်မှုဖြင့် ဇေကမ္ဘာ ကုမ္ပဏီမှ ရွှေထီးတော် ကြံ့ခိုင်ရေး၊ ကိုယ်လုံးတော် ကြံ့ခိုင်ရေးတို့ကို တာဝန်ယူခဲ့သည်။

စေတီတော် ဂေါပကအဖွဲ့ဝင်တဦးက “ပိန္နဲတိုင်ကို စတီးတွေနဲ့ လုပ်ထားတာပဲ။ အဆက်နေရာတွေကိုတော့ မူလီတွေနဲ့ စုပ်ထားတယ်။ အသစ်ကပ်လှူထားတဲ့ ပိန္နဲတိုင်က ငှက်ပျောဖူးအထက် အတော်မြင့်တယ်။ ခု ဖြစ်ပုံက အဆက်နေရာက ဟပြီး ပိန္နဲတိုင် တိမ်းညွတ် သွားတာလို့ ယူဆရတယ်” ဟု ပြောသည်။

တချိန်တည်းမှာပင် အဆိုပါ လေပြင်းဒဏ်ကြောင့် ကော့မှူးမြို့နယ် ညောင်ပင်သာကျေးရွာတွင် ဂျပန်လူမှု ကယ်ဆယ်ရေးအဖွဲ့မှ တည်ဆောက်ပေးထားသည့် နာဂစ်ကယ်ဆယ်ရေး အဆောက်အဦတခု၏ သွပ်ပြားများ တချပ်မကျန် လန်ထွက်ခဲ့သည်ဟုလည်း ကော့မှူးမြို့နယ် ကျေးရွာ ရယက အဖွဲ့ဝင်တဦးက ပြောသည်။

“ခု တိုက်လိုက်တဲ့ လေပြင်းက မိနစ်ပိုင်းလေးမို့လို့။ နာရီဝက်လောက်ဆို အကုန်သွားမှာ။ ခုလဲ လေပြင်းတိုက်ခတ် ပြီးတာနဲ့ မြို့နယ်၊ ခရိုင်အဆင့်ဆင့် အဲဒီကမှ စေတီတော် ဘက်စုံပြုပြင်ထားတဲ့ ဇေကမ္ဘာကုမ္ပဏီကို အကြောင်းကြား ထားတယ်။ အားချင်း လာပြင်ပေး ပါ့မယ် ပြောနေပေမယ့် လာမပြင်သေးဘူး” ဟု ဒေသခံ ရွာသားတဦးက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */