RFA | မိတ္ထီလာမြို့နယ် ဓားကံကျေးရွာ အနောက်ဖက်မှာရှိတဲ့ လေတပ်စခန်းက စစ်သားတွေဟာ ရွာသား တယောက်နဲ့ အချင်းများတာကို တရားဥပဒေအရ မဖြေရှင်းပဲ ရွာကိုဝင်ပြီး အကြမ်းဖက်သွားတယ်လို့ သတင်း ရရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ရွာသား ကိုမျိုးဇော်ဦးဆိုသူက လေတပ် စခန်းနဲ့ ရွာအနီးမှာ ဖွင့်ထားတဲ့ ထန်းရည်ဆိုင်မှာ တပ်သားတချို့နဲ့အတူ သောက်စားခဲ့ကြပြီး အချင်းများ ကြတယ်လို့ သိရပါတယ်။ မကြာခင်မှာပဲ အဲဒီ လေတပ်စစ်သားတွေက ကိုမျိုးဇော်ဦးကို ရွာထဲမှာလိုက်ရှာကြပြီး အော်ဟစ်ကြိမ်းမောင်းကြောင်း၊ ကျေးရွာအာဏာပိုင်က တောင်းပန်ပြီး ပြန်လွှတ်တဲ့အခါမှာ အဲဒီစစ်သားတွေက နောက်ထပ်စစ်သားတွေ ခေါ်လာပြီး ရွာကို ဝင်ရောက် အကြမ်းဖက် ခဲ့ကြောင်း နီးစပ်သူတဦးက ပြောပါတယ်။
ရွာသားတဦး။ ။“ဓားကံကျေးရွာအတွင်းကို မျိုးဇော်ဦးနဲ့ စကားများပြီးတော့ တပ်မတော်သား ၃၀ လောက်က ရွာထဲဝင်ပြီး ကြမ်းသွားတယ်။ ရာအိမ်မှူးက သူတို့ကို တောင်းပန်ပြီး ပြန်လွှတ်တဲ့အခါမှာ သူတို့က စစ်သား ၃၀ လောက် ပြန်ခေါ်လာပြီးတော့ ရွာကို မီးရှို့ပစ်မယ်ဘာညာနဲ့၊ ဓာတ်မီးတိုင်တွေ ရွာဆိုင်းဘုဒ်တွေ ရိုက်ချိုးပြီး ရွာမီးသတ်ရေကန်က ရေငုတ်တွေလည်း အကုန် ရိုက်ချိုးသွားတယ်။ ရွာရဲ့နောက်ဖက်မှာ လေတပ်ဌာနချုပ်က စည်းရိုးပဲ ခြားတယ်”
အဲဒီ စစ်သားတွေဟာ ရွာကအိမ်တချို့ကိုလည်း ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့ကြကြောင်း၊ စစ်သားတွေ အခုလို ဝင်ရောက် အကြမ်းဖက်တာကို တွေ့ရတဲ့အတွက် ရွာသားတွေ ထိပ်လန့်ကြောက်ရွံ့ သွားကြတယ်လို့လည်း သိရပါတယ်။
အဲဒီလို စစ်သားတွေ ဝင်ရောက်အကြမ်းဖက်သွားတဲ့ကိစ္စကို ကျေးရွာအာဏာပိုင်တွေ ကနေတဆင့် မြို့နယ် အာဏာပိုင်တွေကို တိုင်ကြားထားပေမယ့် အခုချိန်ထိ စုံစမ်းစစ်ဆေးတာ၊ အရေးယူဆောင်ရွက်တာတွေ မရှိသေးဘူးလို့ဆိုပါတယ်။
ဓားကံကျေးရွာဟာ မကွေးမြို့နဲ့ သုံးမိုင်အကွာလောက်မှာရှိပြီး အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ ရွာကြီးတရွာဖြစ်သလို ရွာသားအများစုက တောင်ယာလုပ်ကိုင်ကြသူတွေလို့ သိရပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဲဒီ ရွာသား တွေရဲ့ လယ်မြေတချို့ကို စစ်တပ်က သိမ်းယူခဲ့တာတွေရှိပြီး၊ မကြာသေးခင်ကမှာ လယ်တဧက ၅ သိန်း လောက် တန်တဲ့မြေကို ကျပ်ငွေ ၅ ထောင်ပဲ လျှော်ကြေး ပေးတယ်လို့ သိရပါတယ်။
source by : http://www.rfa.org/burmese/news/village_brawl_leads_airforce_deal_with_violent_act-04182009135432.html
လေတပ်စခန်းတပ်သားများ ရွာကို အကြမ်းဖက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment