ဆန္ဒပြပွဲသတင်း ယူစဉ် လုံခြုံရေး သတိပြုရန် ထိုင်းမီဒီယာ သတိပေး

Thursday, April 09, 2009 ·

ဥဆာ ဖိချိုင်း | ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘန်ကောက်မြို့တွင် ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို သတင်းယူနေစဉ် သတင်းထောက်များ အကြမ်းဖက်ခံရမည့် အရေးမှ ကာကွယ်နိုင်ရန် ထိုင်းမီဒီယာ အဖွဲ့အစည်းများမှ အကူအညီများ ပေးအပ်သွားမည်။

ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် စီစဉ်ထားသော အာဏာရှင်ဆန့်ကျင်ရေး အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (UDD) ၏ အဓိက ဆန္ဒပြပွဲကြီးများအတွင်း သတင်းယူနေစဉ် တွေ့ကြုံရနိုင်သည့် သတင်းထောက်များ၏ လုံခြုံမှုကိစ္စအတွက် စိုးရိမ် ပူပန် မိကြောင်း ထိုင်း သတင်းစာဆရာများအဖွဲ့နှင့် (Media threatening Surveillance Centre) တို့က ထုတ်ဖော်ပြောဆိုကြသည်။

အင်္ကျီနီအဖွဲ့ဟု လူသိများသော UDD အဖွဲ့ဝင်ပေါင်း ၁ သိန်းခန့်က အဆိုပါ ဆန္ဒပြပွဲအတွင်း ပူးပေါင်း ဆန္ဒပြလိမ့်မည်ဟု မျှော်လင့်ထားပြီး၊ ပရီဗွီကောင်စီ ဥက္ကဋ္ဌ ပရိမ်း တင်ဆုလာနွန်း (Prem Tinsulanonda) ကို နုတ်ထွက်စေရန် ဖိအားပေး တောင်းဆိုကြမည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဆုမ်ချိုင်း ဝုန်းဆဝပ် (Somchai Wongsawat) လက်ထက် အင်္ကျီဝါဝတ်ဟု လူသိများသော ဒီမိုကရေစီ ပြည်သူ့ မဟာမိတ်များ အဖွဲ့ (PAD) က ၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဆန္ဒပြစဉ် မျက်ရည်ယိုဗုံး များဖြင့် ပစ်ခတ်လူစုခွဲစဉ်က သတင်းထောက်များပါ မှားယွင်း၍ အန္တရာယ်ပြုခံခဲ့ရသလို ဖြစ်မည်ကို စိုးရိမ်ပူပန်ကြောင်း Media threatening Surveillance က ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ ပစ်ခတ်လူစုခွဲမှုများအတွင်း သတင်းထောက်အချို့ အပါအဝင် အများအပြား ဒဏ်ရာရသူရ၊ သွက်ချာပါဒ လိုက်သူလိုက် ဖြစ်သွားခဲ့ပြီး တဦး သေဆုံးခဲ့သည်။

စိတ်ဆိုးဒေါသထွက်နေသော လူအုပ်ကြီး၏ အကြမ်းဖက်သော ဆန္ဒပြမှုများအတွင်း သတင်းထောက်များသည် အန္တရာယ် အကြီးမားဆုံး ရင်ဆိုင်နေရသည်ဟု ထိုင်း သတင်းစာဆရာများ အဖွဲ့၏ မီဒီယာ အခွင့်အရေးနှင့် လွတ်လပ်မှု ကော်မတီ ဥက္ကဋ္ဌ ဝမ်ချိုင်း (Wanchai Wongmechai) က ပြောသည်။ သို့သော် မီဒီယာအနေဖြင့် ထိုနေရာများသို့ သွားရောက်၍မူ သတင်းယူရမည်ဟုလည်း သူက ပြောသည်။

“ဆန္ဒပြပွဲတွေအတွင်း ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေထဲမှာ တခါတရံ ဆန္ဒပြသူတွေရဲ့ ဒေါသက မီဒီယာပေါ် ရောက်လာ တတ်တယ်။ သူတို့က မီဒီယာတွေက ဘက်လိုက်တယ်၊ ပင်းတယ်လို့ ထင်ကြတယ်။ ဒါကြောင့် မီဒီယာအနေနဲ့လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆင်သင့် ဖြစ်နေသင့်တယ်” ဟု ထိုင်း သတင်းစာဆရာများအဖွဲ့ (TJA) က ထုတ်ပြန်သော ကြေညာချက်တွင် ဝမ်ချိုင်းက ပြောသည်။

ယမန်နှစ်ကလည်း အင်္ကျီနီဝတ် ဆန္ဒပြသူများက The Nation သတင်းစာတိုက်ကို ဝိုင်းဝန်းပိတ်ဆို့ထားကြပြီး၊ ထို သတင်းစာသည် ယခင်ဝန်ကြီးချုပ်ဟောင်း သပ်ဆင် ရှင်နာဝပ်ထရာ (Thaksin Shinawatra) နှင့် သူ၏ မဟာမိတ်များကို ပုံပျက်ပန်းပျက်ဖြစ်အောင် သရုပ်ဖျက် ပြောဆိုရေးသားခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

လူထုဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် လုံခြုံစွာ သတင်းလိုက်နည်းနှင့် ပတ်သက်၍ မီဒီယာသမားများ လိုက်နာရန် အကြံပြုချက် များကို (TJA) က ဖြန့်ဝေပေးထားသည်။ ထို့ပြင် သတင်းသမားများကို အကူအညီပေးနိုင်မည့် သတင်းရုံးခန်းများကိုလည်း တနေကုန် ဖွင့်ပေးထားမည်ဟုလည်း ဆိုသည်။

အကြမ်းဖက်မှုများကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကာကွယ်တားဆီးကြရန် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ (Abhisit Vejjajiva) က ဝန်ကြီးအဖွဲ့ကို ပြောဆိုထားကြောင်း ခေတ္တ အစိုးရပြောခွင့်ရပုဂ္ဂိုလ် (Panitan Watanayagorn) ၏ အပြောအရ သိရသည်။ ယနေ့ ကျင်းပမည့် အင်္ကျီနီဝတ်များ၏ ဆန္ဒပြပွဲအတွင်း တတိယ အင်အားစုတခုက ဝင်ရောက် အကြမ်းဖက်မှုများ ပြုလုပ်မည့် အန္တရာယ် ရှိနေသည်ဟုလည်း ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုသည်။

ထို့ပြင် သပ်ဆင်ကို ထောက်ခံသော အင်္ကျီနီဝတ် ဆန္ဒပြသမားများက နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ် များတွင် ဗုဒ္ဓဟူးနေ့နံနက်က ဆန္ဒပြပွဲများကို တချိန်တည်း ပြုလုပ်ခဲ့ကြသည်။ အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင်းနှင့် လမ်ပန်းမြို့ တို့တွင် ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/regional/2744-2009-04-09-10-26-07.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */