ပါရမီအဲယားကွန်း လေအိတ်ယာဉ်(၁၀၀) ကျော် လေးကားများအဖြစ် ပြောင်းမည်

Tuesday, March 31, 2009 ·

အောင်ထက် | မြန်မာ့စီးပွားရေး ဦးပိုင်၏ ပါရမီယာဉ်လိုင်းမှ နှစ်စဉ်လေလံပစ်နေကျ အဲယားကွန်းယာဉ်များကို ယခုနှစ်တွင် လေလံမပစ်တော့ဘဲ ပြေးဆွဲနေဆဲယာဉ်လိုင်းအသီးသီးတွင် အစားထိုးမည်ဖြစ်သောကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အများအပြားကို ပတ်သက်ရာ လူကြီးထောက်ခံချက်များဖြင့် ခေါ်ယူနေကြောင်း သိရသည်။

ပါရမီယာဉ်ဝင်းအတွင်း အင်ဂျင်အလုံးလိုက်၊ လေး-အသစ်အထုပ်လိုက်ရှိနေခြင်းကြောင့် တင်သွင်းထားသော ယာဉ်စီးရေ (၁၀၀) ကျော်ကို လေး ကားအဖြစ် ပြုပြင်ကာ ယာဉ်မောင်းခေါ်ခြင်းလည်းဖြစ်သည်။

လေအိတ်ကားများကို လေး-ကားအဖြစ် လက်ရှိ တပ်ဆင်နေဆဲဖြစ်ကြောင်း၊ အဆိုပါယာဉ်များသည် မနှစ်က ငွေအကြေချေ (၁၂၅) သိန်းဖြင့် လေလံပစ်ခဲ့သော ကားသန့်များဖြစ်ပြီး ယာဉ်သွားလမ်းများမကောင်း၍ မကြာခဏ လေအိတ်ပေါက်တတ်ခြင်းကြောင့် ယခုကဲ့သို့ လေးကို ပြောင်းလဲတင်ဆင်ခြင်းဖြစ်ကြောင်း လေး ဆင်နေသူ ၀န်ထမ်းတဦးက ဆိုသည်။

“ပါရမီဂိတ်ရင်း အ၀င်အထွက်ကို တ၀ိုင်းခေါ်တယ်။ (၄) ၀ိုင်းဆိုရင် (၇) သောင်းခွဲ၊ (၅) ၀ိုင်းဆို (၈) သောင်း ဂိတ်ကို ပြန်သွင်းရတယ်။ အဲဒီထဲကမှ ကော်မရှင်ပြန်ရတယ်။ အာမခံကြေး၊ စုငွေ ဖြတ်အပြီး တလ (၈) သောင်း၊ (၁) သိန်းကျန်အောင် မနည်းလုပ်နေရတယ်။ ခေတ်ကာလအရ အားလုံးကလည်း ကျပ်ကြတော့ မဖြစ်မနေ သွားလာ သူတွေနဲ့ ၀န်ထမ်းတွေလောက်ပဲ စီးကြတော့တယ်။ ရုံးဆင်း ရုံးတက်ချိန်ပဲ အားကိုးနေရတယ်။ ကျန်တဲ့အချိန် ခါလီချည်းပဲ။ မှော်ဘီလိုင်းဆို ပိုဆိုးတယ်။ တနေ့ ဂိတ်ကြေးတောင် မှန်မှန်မသွင်းနိုင်တာတွေ ရှိတယ်” ပါရမီယာဉ်မောင်းတဦးက ဆိုသည်။

မြန်မာ့စီးပွားရေးဦးပိုင်တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး၊ ဒု-ဥက္ကဋ္ဌ ရဲချုပ်အောင်လွင် (ငြိမ်း)၊ အထွေထွေ မန်နေဂျာ ဗိုလ်မှူးကြီး မျိုးမြင့် (ငြိမ်း) ဖြစ်ပြီး ပတ်သက်ရာ အဆက်အနွှယ်နှင့် လက်သိပ်ထိုး ယာဉ်မောင်းများ ခေါ်ယူနေခြင်း ဖြစ်သည်။

“လူကြီးတွေနဲ့ အဆက်အသွယ်ရှိရင် ပါရမီ တက္ကစီကို တနေ့တသောင်းနဲ့ တလစာ (၃) သိန်း၊ Deposit (၃) သိန်း၊ အတိုအထွာတွေနဲ့ (၇) သိန်းဆို မောင်းလို့ရနေပြီ။ ပါရမီ တက္ကစီက အပြင်တက္ကစီတွေထက် အမြင်သန့်တယ်။ အဟန့်ကောင်းတယ်။ လိုင်စင်အနက် တက္ကစီတွေလည်းရှိတယ်။ တနာရီ (၆,၀၀၀) ကျပ်၊ ဒါပေမယ့် (၃) နာရီစာ ပေးထားရတယ်။ (၁၈,၀၀၀) ဆိုတော့ လုပ်ငန်းလိုအပ်တဲ့ သူဌေးတွေတော့ စီးနေကြတာပဲ။ ဘာလဲ 82 Model (CNG) အောက်ကားတွေ လုပ်ငန်းလိုင်စင် သိမ်းမယ်ဆိုတဲ့ သတင်းလား။ 82-84 စင်ကာပူ ဖင်ထောင် တွေတောင် ပါတယ်ကြားနေရတယ်။ သူလည်း စီးရေ ထောင်ကျော်ရှိမှာပေါ့” ဟု ပါရမီ တက္ကစီ ယာဉ်မောင်း တဦးက ဆိုသည်။

source by : http://www.khitpyaing.org/news/march_09/31-3-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */