ဟိန်းမင်း | ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်အ ထိ ပြည်တွင်း NGO အကူအညီပေးရေးအဖွဲ့ အစည်းများကို နိုင်ငံရေး နှင့် ပတ်သက်မှုမရှိအောင် နေထိုင်ရန် နှင့် သိုသိပ်ကျစ်လစ်စွာနေထိုင် ရန် စစ်အစိုးရမှ ညွှန်ကြား ထားကြောင်းသတင်း ရရှိသည်။ NGO များအနေ ဖြင့်သတင်းထုတ် ပြန်ချက်များကို ချမှတ်ထားသည့် တည်ဆဲဥပဒေ များပေါ်တွင် လိုက်နာ ၍သတိထား ထားထုတ်ပြန် ရန်ညွှန်ကြားထားသည်။
“အခုထိ တော့ သက်ဆိုင်ရာက နာဂစ်ပြန် လည်ထူထောင် ရေးမှာ အခက်အခဲတစ်စုံတစ်ရာ ဖြစ်သွားမယ့် ဘာသတင်းထုတ်ပြန် ချက်ကို မှမပြုလုပ်ဖို့ ညွှန်ကြားထားတယ်။ နောက်ပြီး NGO တွေ ရဲ့ လှုပ်ရှားမှုပိုင်းမှာလည်း မြို့နယ်အဆင့်အာ ဏာပိုင်တွေနဲ့ ပါမကဘူး ဒေသန္တရ အာဏာပိုင်တွေ နဲ့ ပါပြသ နာမပေါ်အောင် နေထိုင် ကြဖို့ ပြောထားသည် ” ဟု ပြည်တွင်း အခြေစိုက် NGO တစ်ခုမှ အကြီးတန်း အရာရှိတစ်ဦးက Freedom News Group သို့ ပြောသည်။
NGO များအနေ ဖြင့် မိမိဆောင်ရွက် နေသော နယ်ပယ်များတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကို အာဏာပိုင် များနှင့် ပူးပေါင်း ဖြေရှင်းရန်လည်း ညွှန်ကြားထားသည်။
“ရေသန့်စနစ်နဲ့ပတ်သတ်ပြီး Delta Zone ထဲမှာ ပြဿနာတွေရှိနေတုန်းပဲ။ ဒေသတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီးလည်း အခက်အခဲတွေ၊ ပြဿနာတွေအများကြီး ရှိနေသေးတယ်။ လှုပ်ရှားမှုတွေအတွက် ဘာမှအထူးတလည် ထုတ်ပြန်ချက်တွေမပေးဖို့ ညွှန်ကြားထားတယ် ” ဟု အခြား NGO တစ်ခုကပြောသည်။
“ နာဂစ်ဒဏ်ခံဒေသတွေက လှုပ်ရှားမှုတွေတင်မဟုတ်ဘူး ၊ တပြည်လုံးမှာ လုပ်နေတဲ့ တခြား ဆောင်ရွက်ချက် တွေကိုလည်း တတ်နိုင်သမျှ RELEASE မလုပ်ဖို့ ညွှန်ကြားချက်တွေ ပေးထားတယ်။ HIV နဲ့ပတ်သတ်ပြီး ARV ဆေးတွေမလောက်ငှမှု ပြဿနာတွေ ဖြစ်နေတယ်။ အစိုးရက Register လုပ်ပြီးသား ဝေဒနာရှင်တွေကလွဲပြီး ထပ်ပြီး Survey မလုပ်ဖို့နဲ့ ဒေတာတွေမထုတ်ပြန်ဖို့ ညွှန်ကြားထားတယ် ” ဟု AZG(Holland) မှ ဆရာဝန်တစ်ဦးက ပြောသည်။
လက်ရှိတွင် ယင်းတို့စစ်တမ်းကောက်ယူရသမျှ ဒေသများ၌ပင် HIV ပိုးကူးစက်ခံရပြီး လူနာပေါင်း သိန်းချီ ရှိနေကြောင်း အဆိုပါ ဆရာဝန်ကပြောသည်။ အစိုးရမှမကြာသေးမီက ထုတ်ပြန်သော စာရင်းတွင်မူ မြန်မာပြည်တွင်း HIV ခံစားနေရသူ နှစ်သောင်းခွဲ ခန့်သာရှိကြောင်း ပါရှိသည်။
source by : http://longwalktofreedom.wordpress.com/
၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ပြည်တွင်းရှိ NGO များကို နိုင်ငံရေးနှင့် ခပ်ခွာခွာနေ ထိုင်ရန် စစ်အစိုး ရညွှန် ကြားထား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |
0 comments:
Post a Comment