တွံတေးမှာ သံဃာတော်တွေ ဆန္ဒပြ

Monday, March 30, 2009 ·

အေးလဲ့ | ရန်ကုန်တိုင်း တွံတေးမြို့ ဆံတော်လေး ဘုရားအနီးတဝိုက် သာသနာ့ နယ်မြေအတွင်း ဟိုတည် တခု ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ သံဃာတော် တချို့က ယမန်နေ့မှ စပြီး ပဌာန်း ရွှတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် ကန့်ကွက် ကြကြောင်း သိရသည်။

အဆိုပါ“ပုဂံ ဧရာ ”ဟိုတည်ရှိ နှိုက်ကလပ် ခန်းမ၊ တည်းခိုခန်း၊ ကာရာအိုကေခန်း၊ စားသောက်ခန်း ၊ ဘားခန်း စသည်များမှာ ဘာသာသာသနာနှင့် မသက်ဆိုင်သည့်အတွက် ၎င်းဆံတော်လေး ဘုန်ကြီးကျောင်းမှ သံဃာ တော် အပါး၂၀ ခန့်က သာသနာ့ အလံစိုက်ထူကာ ၄ ရက်ခန့် ပဌာန်းရွှတ် ဖတ်မည် ဖြစ်ကြောင်း တွံတေးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ)ဥက္ကဌ ဦးကြင်တိုးက ပြောသည်။

“မြို့နယ် အာဏာပိုင်တွေကလည်း ဘာမှ အရေးယူ မပေးနိုင်ဘူး၊ ဒီဟိုတည် ပိုင်ရှင်နဲ့ ပါလာတဲ့ အာဏာပိုင် တွေက ဒေသခံ အာဏာပိုင် တွေထက် အဆင့်မြင့်တဲ့ အရာရှိတွေပါလာတော့ အရေး မယူပေး ရဲဘူး၊ ဒါကို ဘုရားနဲ့ ပတ်သက်တဲ့ နေရာဖြစ်တော့ တချို့ ဗုဒ္ဓ ဘာသာဝင် ဒေသခံ တချို့ကလည်း မကျေနပ် ကြဘူးပေါ့” ဟု လည်း ဦးကြင်တိုးက ပြောသည်။

၎င်းက ဆက်လက်ပြီး“ဆံတော်လေး ဘုန်းကြီးကျောင်းက သံဃာတော်တွေက မကောင်းတာတွေ ထွက်သွား အောင်ဆိုတဲ့ သဘောနဲ့ ပဌာန်းရွှတ်ဖတ်တာ၊ သာသနာပိုင် နယ်မြေတွေမှာ မကောင်းတဲ့ အဆောက်အဦး မဆောက်စေချင်ဘူး”ဟုလည်း ပြောဆိုသည်။

ဟိုတည် အဆောက်အဦး ဆောက်နေစဉ်ကာလ အတွင်း ထိုသံဃာတော်များက သက်ဆိုင်ရာ အာဏာပိုင် များထံစာတင် အကြောင်းကြားသော်လည်း အရေးယူခြင်းမရှိခဲ့ကြောင်းနှင့် ထိုဟိုတည်ကို ပြီးခဲ့သည့် ၂၇ ရက်နေ့ က ဖွင့်လှစ်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

နောက်ဆုံးအခြေအနေအရ ယင်း ဆံတော်လေး ဘုန်းကြီးကျောင်းဝန်းတဝိုက်တွင် ရဲ၊ စစ်တပ်နှင့် ကြံ့ဖွံ့ အဖွဲ့ ၀င်များ က စစ်ဆေး တင်းကျပ်မှုများ ပြုလုပ်ကာ လုံခြုံရေးယူထားသည်ဟု သိရသည်။

ဒေသခံတဦးကလည်း“ဘုန်းကြီးကျောင်း အဝင်၊ အထွက် လူတဦးခြင်းစစ်ဆေးနေတယ်၊ ဖြတ်သန်း သွားလာ ခွင့် မပြု ဆိုပြီးလည်း စာရေးထားတယ်”ဟု ပြောသည်။

ယင်း ပုဂံဧရာ ဟိုတည်ကို ကျပ် ငွေ သိန်း ၈၀၀၀ ခန့် ရင်းနှီးမြှပ်နှံ၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=898:2009-03-30-10-29-42&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */