ပခုက္ကူမြို့တွင် ဦးနှောက်အမြှေးရောင်ရောဂါပိုးကြောင့် အထိတ်တလန့်ဖြစ်

Thursday, March 05, 2009 ·

ဝင်းမြတ် | ပခုက္ကူမြို့တွင် ဦးနှောက်အမြှေးရောင်ရောဂါဖြင့်သေဆုံးသွားသော ကိုရင်လေးတစ်ပါးကို အကြောင်းပြုပြီး မြို့ခံများအထိတ်တလန့်ဖြစ်ကာ ကာကွယ်ဆေးများသောက်သုံးခြင်း မျက်နှာဖုံးစည်းများ ၀တ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

လွန်ခဲ့သော တပတ်ခန့်က ၁၄ နှစ် အရွယ် ကိုရင်လေးတပါး အပြင်းဖျားပြီး ဆေးရုံတင်ပို့ရာ ဆေးရုံရောက်ပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့သည်။ ဆရာဝန်များက ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်ပိုးကြောင့် ယူဆကြောင်း မှတ်ချက်ပြုခဲ့သောကြောင့် တယောက်စကား တယောက်နားဖြင့် ကြောက်လန့်ကာ ကာကွယ်ဆေးများ သောက်သုံး ခဲ့ကြသည်ဟု ပခုက္ကူမြို့ခံများကပြောသည်။

ပခုက္ကူမြို့မှ ပဲကုန်သည်တစ်ဦးက“ ကျနော်တို့မိသားစုဆရာဝန်က ဦးနှောက်အမြှေးရောင် ဗိုင်းရပ်စ်ပိုး ကာကွယ် ဆေးတွေ သောက်ခိုင်းလို့ သောက်ခဲ့ရသေးတယ်။ ကျွန်တော်တို့ဆီမှာတောင် ဆေးတွေဝယ်မရလို့ ရန်ကုန်က ညီမလေးဆီကို လှမ်းမှာရတယ်။ တချို့လူတွေဆိုရင် မျက်နှာဖုံးစည်းတွေတပ်ပြီးမှ အပြင်ထွက်ကြတယ်” ဟုပြောသည်။

အရပ်သတင်းစကားများကြောင့် ယခုကဲ့သို့ တမြို့လုံး အထိတ်တလန့်ဖြစ်ခဲ့သည်ဟု မြို့ခံဆီစက်ပိုင်ရှင်တဦးက ပြောသည်။

“တကယ်က ကိုရင်လေးတပါးပဲ ဆုံးသွားတာပါ။ ဆရာဝန်တွေက ဦးနှောက်အမြှေးရောင်လို့ ယူဆရတယ်လို့ ပြောတာကနေ တမြို့လုံး ဆေးတွေဘာတွေ သောက်ဖြစ်ကုန်ကြတာ။ ကျွန်တော်တို့လည်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ သောက်လိုက်ကြတာပါပဲ” ဟု အဆိုပါ ဆီစက်ပိုင်ရှင်က ပြောသည်။

ကာကွယ်ဆေးအဖြစ် စီဖရွန် ၅၀၀ မီလီဂရမ် ဆေးပြားများသောက်သုံးခဲ့ကြသည်ဟု ပြောသည်။

ပခုက္ကူမြို့သည် ၂၀၀၇် စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေးတွင် သံဃာတော်များစတင် မေတ္တာပို့ လမ်းလျှောက် ခဲ့သော မြို့အဖြစ် ထင်ရှားသည်။

source by : http://moemaka.com/index.php?option=com_content&task=view&id=3370&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */