မင်းအောင် (နိရဉ္စရာ) | မြန်မာ-ဘင်္ဂလာ-အိန္ဒိယ သုံးနိုင်ငံ ဆက်စပ် နေသော တြိဂံနယ်မြေ အတွင်း ဘိန်းစိုက်ခင်းများကို နအဖ စစ်သားများက များမကြာမှီက သွားရောက် ဖျက်ဆီးပစ်ခဲ့သည်ဟု အရပ်လူကြီး တဦးက ပြောသည်။
သူက “ကျနော်ကို သူတို့က လမ်းပြ အဖြစ် အသုံးပြုပြီး ခေါ်ယူ သွားတော့ ဘိန်းခင်းတွေ ရှိတဲ့နေရာကို ရောက်ရှိသွားပြီး စစ်တပ်က ဖျက်ဆီးတာကို တွေ့ခဲ့ရပါတယ်။ ဘိန်းခင်းတွေက သိပ်များများတော့ မဟုတ်ပါဘူး။ တဧကခန့် ရှိပါလိမ့်မယ်။” ဟု ပြောသည်။
အဆိုပါ ဘိန်းခင်းများကို ခမီးအမျိုးသားလွတ်လပ်ရေးတပ်ဦး National United Front Khami (NUFK) မှ စိုက်ပျိုးထားခြင်း ဖြစ်သည်ဟု သိရသည်။
ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဖေဖေါ်ရီလ ၇ ရက်နေ့မှ မတ်လ ၄ ရက်နေ့ အထိ ပြုလုပ်သော စစ်ဆင်ရေး အတွင်း အဆိုပါ ဘိန်းခင်းများကို တွေ့ရှိ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
မြန်မာ-ဘင်္ဂလာနှင့် အိန္ဒိယ နယ်စပ် တလျောက်တွင် ဒေသခံများနှင့် လက်နက်ကိုင် ပါတီ တချို့မှ ဘိန်းခင်းများကို ဒေသအတွင်း ဈေးကွက်တွင် ရောင်းချရန် စိုက်ပျိုးလေ့ရှိသည်။
သို့အတွက် နှစ်စဉ်နှစ်တိုင်း မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များ အနေဖြင့် နယ်စပ် တလျောက် စိုက်ပျိုးထားသာ ဘိန်းခင်းများကို အစေး မထုတ်မှီ သွားရောက် ဖျက်ဆီးပစ်လေ့ရှိကြောင်း သိရသည်။
source by : http://www.narinjara.com/detailsbur.asp?id=1735
တြိဂံနယ်မြေ ဘိန်းစိုက်ခင်း စစ်တပ်က ဖျက်ဆီး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment