ငွေကြေးကောက်ခံနေခြင်းကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသားမိဘများ စိတ်ညစ်နေရ

Saturday, March 07, 2009 ·

ဖြိုးကြီး | နာဂစ်မုန်းတိုင်းဒဏ်သင့် ဒေသမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ ပညာရေးဌာနနှင့် အာဏာပိုင်အဆင့်ဆင့်က အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံနေမှုများ ရှိနေသည့် အတွက် ကျောင်းသားမိဘများ စိတ်ညစ်နေရသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုရန်အတွက် ဖောင်ထုတ် ယူရာတွင် သက်ဆိုင်ရာ ပညာရေးဌာနက ငွေးကြေးတောင်းခံမှုများရှိနေပြီး မှတ်ပုံတင်မရှိသူများမှာ ရဲစခန်း ထောက်ခံစာအတွက် ငွေကြေးပေးဆောင်နေရသည်။

“အခုဟာက စာမေးပွဲဖြေဖို့ ဖောင်ထုတ်တော့ ၁၂၀၀ ပေးရတယ်၊ မှတ်ပုံတင်မရှိရင် ရဲစခန်းမှာ ထောက်ခံစာ သွားလုပ်တော့ ရဲစခန်းကို ၁၀၀၀၊ ရပ်ကွက် ရယကကို ၅၀၀၊ အဲလိုတွေပေးနေရတယ်၊ နောက်ထပ် စာမေးပွဲ ဖြေဖို့ ကဒ်ပြားထုတ်တော့ ၁၂၀၀ ထပ်ပေးနေရတယ်” ဟု ကျောင်းသာမိဘတဦးက ပြောသည်။

ထိုကဲ့သို့ ငွေးကြေးကောက်ခံနေမှုများကြောင့် နယ်မှ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအနေဖြင့် အကြပ်အတည်းများ ကြုံတွေ့နေရပြီး ကျောင်းသားအများစုသည် မှတ်ပုံတင်မရှိသူများဖြစ်သည်ဟု အဆိုပါ ကျောင်းသားမိဘက ဆက်ပြောသည်။

“နယ်က ကျောင်းသားတွေက မှတ်ပုံတင်မရှိတာများတယ်၊ အဲဒီတော့ အကုန်လုံးကို ပိုက်ဆံပေးနေရတာ၊ သူတို့မိတွေကလဲ စားဝတ်နေရေးက မပြေလည်ဘူး၊ မုန်တိုင်းဖြစ်ပြီးတဲ့နောက်ပိုင်း အလုပ်အကိုင်တွေကလဲ အကုန်ရှားပါနေတာ၊ စာမေးပွဲဖြေဖို့ လိုအပ်တဲ့ အခြားအသုံးအဆောင်တွေလဲ ဝယ်ရဆိုတော့ တော်တော်ကို ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူပေါင်း ၂၀၀၀ ကျော်ရှိပြီး ယခုလ (၁၁) ရက်နေ့မှစတင်ကာ ဖြေဆိုရမည်ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပညာရေးနှင့်ပတ်သက်သည့် အဆောက်အဦများကို ယနေ့ထိ ပြန်လည် ပြုပြင်ခြင်းမရှိသည့် အတွက်လည်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအနေဖြင့် နေရာထိုင်ခင်း အခက်ခဲတွေလဲ ရှိနေကြောင်း ကျောင်းသား မိဘများက ဆက်လက်ပြောသည်။

source by : http://www.yoma3.org/index.php?option=com_content&view=article&id=198:2009-03-06-10-18-22&catid=41:2008-09-21-07-44-45&Itemid=124

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */