မင်းနိုင်သူ | အမှတ် (၃) သံမဏိစက်ရုံ ကုန်ကြမ်းသယ် ရထားလမ်းဖောက်လုပ်ရန်အတွက် နေရာရွှေ့ပြောင်း ပေးခဲ့ကြရသော အင်းစိန် ဖော့ကန်ရပ်ကွက်မှ မိသားစုအချို့အိမ်မရရှိသေးမှုကို အထက်အာဏာပိုင်များထံ တိုင်ကြားထားသော်လည်း ဖြေရှင်းပေးခြင်း မပြုသည့်အပြင် အင်းစိန်မယကအဖွဲ့ဝင်တချို့က အိမ်ပွဲစားလုပ် နေကြကြောင်း ရွှေ့ပြောင်း ရပ်ကွက်သားတဦးက ပြောသည်။
“အခုနေရာကတော့ ရွှေပြည်သာပိုင်ပေါ့နော်။ ဒါပေမယ့် အင်းစိန်မယကက ဒီဘက်ကို စာရွက်စာတမ်းတွေနဲ့ လွှဲပြောင်း ပေးတာ မရှိသေးတော့ အခုကိစ္စတွေကို အင်းစိန်မယကတွေက လာရှင်းပေးတယ်။ ရှင်းပေးတာ ကလည်း အိမ်နံပါတ်ထပ်တဲ့ မိသားစု နှစ်စုကို ခေါ်ပြီး (၁၅) သိန်းတန် မြေနဲ့အိမ်ကို (၁၂) သိန်းနဲ့ရောင်းခိုင်းပြီး တဦး (၆)သိန်းစီ ခွဲပေးတာတဲ့။ ၀ယ်လက်ပါ သူတို့က ခေါ်လာ ပြီးသား။ ဟိုဘက်မှာ တုန်းက လေးတိုင်စင် သမားတွေ ကတော့ လက်ခံ နိုင်တာပေါ့။ အိမ်ပိုင်နေခဲ့ရတဲ့သူတွေက ဘယ်လက်ခံ နိုင်မလဲဗျာ။ အခုထိ လမ်းပေါ်မှာ နေနေကြရတယ်” ဟု ၎င်းက ပြောသည်။
ရွှေ့ပြောင်းခံအိမ်ခြေ (၄၀၀) ကျော်မှ အိမ်ထောင်စုအချို့ ရယကအဖွဲ့ဝင်များ၏ မသမာမှုများကြောင့် အိမ်မရရှိခဲ့ကြ ၍ အထက်တိုင်ကြားရာ မယက က ယခုကဲ့သို့ ဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ရယကအဖွဲ့ဝင်တွေက သူတို့ပဲ အိမ်နေရာတွေ ပိုယူထားကြတာလေ။ တချို့ဆို ရွေ့ပြောင်းနေရာမှာ အိမ်မရှိဘဲ ဒီဘက်မှာလာပြီး နေရာယူထားကြတယ်။ ရပ်ကွက်က တိုင်တယ်၊ တောတယ် ကြားတော့ ပြီးခဲ့တဲ့ စနေနေ့ နေ့လယ်က ရာအိမ်မှူး ဗလ၊ ၀င်းနိုင်နဲ့ မီးသတ်က တင်လှတို့က သူတို့အပိုယူထားတဲ့ မြေကွက်တွေ လာရောင်းတာ ရပ်ကွက်သားတွေက တွေ့တော့ ခဲနဲ့ဝိုင်းထုကြတာ။ သူတို့လည်း ထွက်ပြေးကြရတယ်” ဟု ရွှေ့ပြောင်းသူတဦးက ပြောသည်။
ရယကအဖွဲ့ဝင်များ ခဲနှင့်ထုခံရသော်လည်း ရဲစခန်းသို့တိုင်ကြားခြင်း မရှိကြောင်း၊ ထိုကဲ့သို့မပြုခဲ့သည်မှာ ၎င်းတို့လုပ်ထားသော မသမာမှုများ ပေါ်ပေါက်မည်စိုး၍ ဖြစ်နိုင်ကြောင်း ရပ်ကွက်သားအချို့က သုံးသပ်ကြသည်။
အဆိုပါကိစ္စများအတွက် မတ်လ (၈) ရက်တွင် ရွှေပြည်သာမြို့နယ်မှ မယကအဖွဲ့ဝင်များနှင့် စရဖများက ရပ်ကွက်သားအချို့အား လာရောက်စုံစမ်းမေးမြန်းမှုများပြုခဲ့သော်လည်း နောက်ပိုင်းတွင် အရေးယူခြင်း၊ ရှင်းပေးခြင်း မရှိဘဲ အင်းစိန်မယကမှသာ လာရောက်အိမ်ပွဲစားလုပ်နေသည်ဟု ရပ်ကွက်သားများက ဆိုသည်။
source by : http://www.khitpyaing.org/news/march_09/27-3-09d.php
ရွှေ့ပြောင်းမြေနေရာ အင်းစိန်မယက ပွဲစားလုပ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment