ဦးပဉ္ဖင်းကျော်ဟိန်း လူဝတ်လဲဟု ကောလာဟလ ထွက်ပေါ်

Thursday, March 19, 2009 ·

ဧရာဝတီ | အောင်မြင် ကျော်ကြားခဲ့သော ရုပ်ရှင် အနုပညာရှင် ဦးကျော်ဟိန်းသည် ဦးကိတ္တိသာရ ဘွဲ့အမည်ဖြင့် သာသနာ့ ဘောင်သို့ ၀င်ရောက် ပြီးနောက် မကြာသေးခင်က လူဝတ်လဲ လိုက်သည် ဟူသည့် ကောလာဟလ သတင်းများထွက်ပေါ်နေကြောင်း သိရသည်။


ဦးကတ္တိသာရ တဖြစ်လဲ ဦးကျော်ဟိန်း
အဆိုပါ ဝေဖန်ပြောဆိုမှု ကောလာဟလ များအား ဦးပဉ္ဖင်း ဦးကျော်ဟိန်းက ငြင်းဆိုလိုက်သည်။

ထိုသို့ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်ပြီး ဧရာဝတီ မှ ဦးပဉ္ဖင်းကြီး ဦးကိတ္တိသာရ အား ဆက်သွယ် မေးမြန်းခဲ့ရာ မဟုတ်မှန်ကြောင်းနှင့် အာဏာပိုင်များထံမှလည်း တရားဝင် မည်သည့်အကြောင်း ကြားစာမှ လက်ခံ ရရှိမှု မရှိကြောင်းပြောသည်။

“ဦးပဉ္ဖင်းကြီးက ထားဝယ်မှာ တရားဆွေးနွေး ခဲ့တယ်၊ အခုပဲ ပြန်ရောက်တယ်၊ ပြီတော့ မနက်ဖြန် မအူပင် ကျုံနတ်တောရွာ ဆိုတဲ့ရွာမှာ သွားဆွေးနွေးမယ်၊ ဦးပဉ္ဖင်း ဆွေးနွေး တာကတော့ ဗုဒ္ဓဘာသာ ဘုရားရှိခိုး အခြေခံ၊ ကလေးတွေက ဘုရားရှိခိုးတဲ့ အခါမှာ ရပ်ပြစ် (၈)ပါးဆိုတာ ဘာလဲ။ ဗျသန တရား (၅) ပါး ဆိုတာ ဘာလဲ၊ အဲဒါတွေ ဆွေးနွေးပါတယ်၊ ကလေးတွေ ဦးစားပေးပါတယ်”ဟု ဦးပဉ္ဖင်းကြီး ဦးကိတ္တိသာရက ဆို သည်။

၎င်း ဦးပဉ္ဖင်းကျော်ဟိန်း၏ ရဟန်းဘောင်ဝင်၍ တရားပွဲများပြုလုပ်နေခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆို မှုများလည်း ရှိနေကြာင်း သိရသည်။

ထိုင်းနိုင်ငံရောက် ဦးပဉ္ဖင်းတပါးက၂၀၀၈ခုနှစ် ဒီဇင်ဘာလအတွင်းက ဟောကြားထားသော ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ၏ တရားခွေတွင် ဦးပဉ္ဖင်းကျော်ဟိန်း နှင့်ပတ်သက်ပြီး ထည့်သွင်းဟောကြားခဲ့ ကြောင်းပြောဆိုသည်။

၎င်းတရားခွေတွင်“တရားဟောမည့် ပုဂ္ဂိုလ်ဟာ ပရိယတ္တိ အခြေခံ အရည် အချင်း ရှိရမယ်။ ပရိယတ္တိ အခြေခံ မရှိရင်လည်း အနီးကပ် ညွှန်ပြနေတဲ့ ဆရာကောင်းရှိရမယ်၊ ဓမ္မတရားကို ဓမ္မတရား အတိုင်း ဟောပြောညွှန်ပြ နိုင်ရမယ်၊ ဓမ္မတရားကို အဓမ္မလို မဟောရဘူး၊ အဓမ္မကို ဓမ္မလို မဟောရဘူး၊ မြတ်စွာဘုရား ဟောထားတဲ့ ထေရဝါဒ လမ်းစဉ် ပိဋကတ်တော်အတိုင်း ဟောရမယ်၊ အဲဒါတွေကို ပြင်ဆင်ဟောတာမျိုး မလုပ်ရဘူး၊ ထုတ် တဲ့ အမိန့်နဲ့ ငြိစွန်းခဲ့ရင် ဥပဒေအရ အရေးယူရမည်” စသည်ဖြင့် ဆရာတော်က ရွတ်ပြ ဟောပြောသွား ကြောင်းလည်း အထက်ပါ ဦးပဉ္ဖင်းကပြောသည်။

ဦးပဉ္ဖင်း ဦးကျော်ဟိန်းကမူ ၎င်း၏ လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆို သည်။

“ဦးပဉ္ဖင်းကို ပင့် တဲ့ နေရာတွေကိုပဲ သွားနေရတော့ ကျောင်းထိုင်ဖို့ကို ပြန်မရောက်နိုင်ဘူး ဖြစ်နေတယ်၊ ရှေ့ဆက်ပြီး ရဟန်းဘဝနဲ့ပဲ ဗုဒ္ဓဘာသာ အခြေခံတွေကို ဦးစားပေးကာ ဘုရားရှိခိုးနည်းကို သေချာ သဘော ပေါက်ဖို့ပဲ အဓိကထားတယ်”ဟု ဦးပဉ္ဖင်း ဦးကျော်ဟိန်းက ဆိုသည်။

ဦးပဉ္ဖင်း ဦးကျော်ဟိန်းသည် အနုပညာလောကမှ အနားယူ၍၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် စတင်ကာ ဘုန်ကြီးဝတ်ခဲ့ ခြင်းဖြစ်သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=856:2009-03-19-12-30-32&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */