ကိုသက်နိုင်ဦး သုံးနှစ်ပြည့် ဆွမ်းကျွေး အလှူနေအိမ်တွင် ကျင်းပ အကြမ်းဖက်သည့် ရဲ နှင့် မီးသတ်ကို အရေးမယူ ရာထူးပင်တိုးပေး

Thursday, March 19, 2009 ·

ရဲ နှင့်မီးသတ် တို့ကအကြမ်းဖက်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းကို သက်နိုင်ဦး

၂၀၀၆ ခုနှစ် မတ်က ၁၇ ၇က်နေ ညက ရန်ကုန်မြို့ သီရိမင်္ဂလာဈေး အနီးတွင် မီးသတ် နှင့် ရဲတို့ ၏ ၀ိုင်းဝန်း ရိုက်နှက်ခြင်းခံရကာ သေဆုံးသွားခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် ကျောင်းသား လှုပ်ရှားမှုခေါင်းဆောင် ကိုသက်နိုင်ဦး ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကြွေး အခမ်းအနားကို ယနေ့ မနက်ပိုင်းက ကြည့်မြင်တိုင် ရှိ ဘောဂလမ်း နေအိမ်တွင် ကျင်းပခဲ့သည် ဟု သိရသည်။

နှစ်ပတ်လည် ဆွမ်းကြွေးပွဲသို့  ကို သက်နိုင်ဦး ၏ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက် များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက် ကြသည် ဟုသိရသည်။ ထောက်လှမ်းရေး များကမူ လမ်းထိပ် နှစ်ဖက်မှ အသင့် စောင့်နေကြသည် ဟုသိရသည်။

ကိုသက်နိုင်ဦးမှာ ၁၉၈၇ ရန်ကုန်တက္က သိုလ် ကြည့်မြင့်တိုင် နယ်မြေတွင် ပညာသင်ကြား နေစဉ် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၉၈ ခုနှစ်ဇန်န၀ါရီလ တွင် စစ်ထောက်လှမ်းရေးမှဖမ်းဆီးနှိပ်စက် ခံရပြီး ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရကာ ၂၀၀၂ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၂၀၀၆ ခုနှစ်မတ်လ ၁၇ ရက် သောကြာနေ့ ည ၉ နာရီ ကျော် အချိန်တွင် သီရိမင်္ဂလာ ဈေးအနီးတွင် မီးသတ် နှင့် ရဲ တို့ ၏ အကြောင်းမဲ့ ၀ိုင်းဝန်း ရိုက်နှက်ခံရပြီး နောက်တစ်နေ့  မတ်လ ၁၈ ရက်နေ့  တွင် ရန်ကုန် ဆေးရုံ ကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ကွယ်လွန် ခဲ့သည်။ကွယ်လွန်ချိန်တွင်အသက် ၄၁ နှစ်ရှိပြီဖြစ်သည်။

ကို သက်နိုင်ဦး သေဆုံးရမှု ကို အမေရိကန်သမ္မတ အိမ်ဖြူတော်မှ အပြင်းအထန် ရှုံ့ ချပြီး အမှုမှန်ပေါ်ပေါက် ရေးအတွက် ဖိအား ပေးခဲ့သော်လည်း ယခုအချိန်ထိကြည့် မြင့်တိုင် ရဲစခန်းမှ ရဲတို့ ကို အာဏာပိုင်များက တစ်စုံတစ်ရာဖိအားပေးမှုမလုပ် သည့်ပြင် ထိုအချိန်ကကြည့်မြင့်တိုင် ရဲစခန်းရှိ တာဝန်ကျ ဒုရဲအုပ်မှာ ယခု စခန်းမှုးရာထူး ကိုပင် တိုးမြင့် သွားပြီ ဟု မိသားစု ၀င်များနှင့် နီးစပ်သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

http://longwalktofreedom.wordpress.com/

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */