နေပြည်တော် ဥပ္ပါတသန္တိစေတီ စိန်ဖူးတင်ပွဲ အိုဘားမား ကျမ်းက်ျိန်ပွဲထက် လုံခြုံရေးပိုကျပ်

Thursday, March 05, 2009 ·

NEJ | လာမည့် စနေနှင့် တနင်္ဂနွေနေ့တို့တွင် ကျင်းပမည့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် နေပြည်တော်ဝန်ထမ်းများအား လုံခြုံရေး တင်းကျပ်သည့် အနေဖြင့် အောက်ပါ ပစ္စည်းများ မယူလာရန် အမိန့်ထုတ်ထားသည်။

တားမြစ်ထားသည့် ပစ္စည်းများမှာ-

  • ဘောလ်ပင်
  • Laptop ကွန်ပျူတာ
  • ပီဒီအေ
  • လက်ပတ်နာရီ
  • ဆွဲကြိုး၊ လက်ကောက် စသည့် လက်ဝတ်ရတနာများ။
  • သော့တွဲ
  • သောက်ရေဘူး
  • ဦးထုတ် မဆောင်းရ

ယခုကဲ့သို့ လုံခြုံရေးတင်းကျပ်ထားသည့်အတွက် မကျေနပ်သည့် ၀န်ထမ်းတဦးက

“အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲကို တီဗွီကကြည့်ရတာ လူတွေ ပျော်ပြီး စိတ်ချမ်းသာဖို့ ကောင်းတယ်။ ဘုရားစိန်ဖူးတင်တာကို လက်ပတ်နာရီတွေ၊ ဘောလ်ပင်တွေ၊ သော့တွဲတွေ မယူရဆိုတော့ နားမလည် နိုင်အောင် ပါဘဲဗျာ။ ယူလာဖို့ Laptop ကွန်ပျူတာလည်း မရှိပါဘူး။ အရာရှိအများစုက အီးမေးလ်တောင် ဘယ်လို ပို့ရမှန်း မသိသူတွေပါဗျာ။ ဟောလီးဝုဒ် ရုပ်ရှင်တွေကြည့်ပြီး စစ်ခေါင်းဆောင်တွေ ချောက်ချား နေသလားလို့တောင် ၀န်ထမ်းတွေက တွေးကြတယ်။ လက်ဝတ်ပစ္စည်းတွေလည်း အခန်းမှာထားခဲ့ရမယ်၊ သော့လည်း ယူမလာရ ဆိုတော့ နောက်က အခန်းဖောက်သွားရင် သူတို့က အလျော်ပေးမှာ ကျနေတာပဲ” ဟု ပြောသည်။

ဥပ္ပါတသန္တိစေတီတော် အထက် ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ တက်ရောက်မည့် ၀န်ထမ်းများကို စနေနေ့ မနက်အစောကြီး (၃) နာရီခွဲ၌ ကားများဖြင့် လာခေါ်မည်ဖြစ်သော်လည်း ဌာပနာပိတ်ပွဲသည် မနက် (၇) နာရီမှ (၁၀) နာရီဖြစ်သည့်အတွက် နေပူထဲ ဆောင်း စရာမပါဘဲ ထိုင်နေရမှာဖြစ်သည်ဟုလည်း အဆိုပါဝန်းထမ်းက ပြောသည်။

source by : http://www.khitpyaing.org/news/march_09/5-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */