မင်းကို | ရန်ကုန် (မဇ္ဈိမ)။ ။ ယဉ်တိုက်မှုကြောင့် ယမန်နှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၈ နှစ်အတွင်း အများဆုံးဖြစ်ခဲ့သည်ဟု ရန်ကုန်တိုင်းကြိုးမဲ့ကြေးနန်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
၂၀၀၈ ခုနှစ်အတွင်း ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၂ မြို့နယ်အတွင်း ယာဉ်တိုက်မှု ၆၆၈ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅၃ ဦးနှင့် ဒဏ်ရာရသူစုစုပေါင်း ၁၁၈၅ ဦးရှိခဲ့သည်ဟု ရန်ကုန်တိုင်းယာဉ်ထိန်းရုံးက ထုတ်ပြန်ချက်အရ သိရသည်။
အာဏာပိုင်များက ယာဉ်တိုက်မှု ကင်းမဲ့ဇုန်အဖြစ် ကြေညာထားခဲ့သော ရန်ကုန်မြို့တွင်း ၆ မြို့နယ်အတွင်း ယာဉ်တိုက်မှု ၆၇ မှု ဖြစ်ပွားခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့ကာ ၇၅ ဦးဒဏ်ရာရရှိခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံများတွင် မြန်မာနိုင်ငံသည် ယဉ်တိုက်မှုကြောင့် သေဆုံးမှု အမြင့်ဆုံးဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုးဦးစီးဌာန ညွှန်ကြားရေးမှုးတဦးက သတိပေးလိုက်သည်။
အခြားသော အာဆီယံမြို့ကြီးများရှိ ကားအစီးရေနှင့် ယဉ်တိုက်မှုပမာဏကို အချိုးချကြည့်ကာ သူက ပြောဆိုသွားခြင်းဖြစ်သည်။
ဆိုးဆိုးရွားရွားပျက်စီးနေသော လမ်းမကျယ်ကြီးများဖြစ်သော သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာမြို့နယ်ကြားရှိ သံသုမာလမ်းမကြီး၊ မြောက်ဥက္ကလာ ခေမာသီလမ်းမကြီး၊ အင်းစိန်လမ်းမကြီး၊ ဘုရင့်နောင်လမ်းမကြီး၊ သာကေတ ရှုခင်းသာလမ်းမကြီးနှင့် ဝေဇယန္တာ လမ်းမကြီးတို့တွင် မကြာခဏ ယာဉ်တိုက်မှု ဖြစ်ပွားလေ့ရှိသည်ဟု ယာဉ်ထိန်းရုံးက ကောက်ယူထားသော ယာဉ်တိုက်မှု စစ်တမ်းများတွင် ဖော်ပြထားပါသည်။
ရန်ကုန်မြို့တွင် နေ့စဉ်သွားလာနေသော ခရီးသွားပြည်သူပေါင်း ၃ သန်းကျော်ရှိပြီး ခရီးသည်တင်ယာဉ်ပေါင်း ၆၅၀၀ ခန့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိသည်ဟု ကုန်လမ်းပို့ဆောင်ရေး၏ စာရင်းဇယားများအရ သိရသည်။
ရန်ကုန်မြို့တွင်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု၊ လူသေဆုံးမှုနှင့် ဒဏ်ရာရမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် --ခုနှစ် ယာဉ်တိုက်မှု သေဆုံးသူ ဒဏ်ရာရမှု ၂၀၀၀ ၇၇၈ ၁၀၃ ၁၃၉၃ ၂၀၀၁ ၈၂၁ ၁၁၆ ၁၃၀၂ ၂၀၀၂ ၉၂၉ ၁၂၅ ၁၆၆၇ ၂၀၀၃ ၉၃၂ ၁၂၆ ၁၅၆၄ ၂၀၀၄ ၉၁၄ ၁၂၂ ၁၃၇၂ ၂၀၀၅ ၉၀၆ ၉၈ ၁၃၅၉ ၂၀၀၆ ၁၃၁၇ ၁၂၉ ၁၈၈၀ ၂၀၀၇ ၉၂၉ ၁၃၃ ၁၅၅၀ ၂၀၀၈ ၆၆၈ ၁၅၃ ၁၁၈၅
source by : http://www.mizzimaburmese.com/news/inside-burma/2599-2009-03-13-17-55-41.html
ရှစ်နှစ်အတွင်း ယဉ်တိုက်မှုကြောင့် လူသေမှု အများဆုံးဖြစ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment