ဒုက္ခသည်စခန်းများ ပိတ်ရန် ကရင်ခွဲထွက်အဖွဲ့ တောင်းဆို

Thursday, March 19, 2009 ·

ဧရာဝတီ | ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားသော အဖွဲ့တခုက ထိုင်း-မြန်မာ နယ်စပ်ဒေသမှ ဒုက္ခသည် စခန်းများကို ဖျက်သိမ်းပြီး ဒုက္ခသည်များကို နေရပ်ရင်းသို့ ပြန်ပို့ရန် တောင်းဆို လိုက်ကြောင်း ဧရာဝတီက ရရှိသည့် အစီရင်ခံစာ တစောင်အရ သိရသည်။


မြန်မာပြည် အရှေ့ပိုင်း ဒုက္ခသည်စခန်းများ၊ ရွာပုန်းရွာရှောင်များ၊ အပစ်ရပ်အဖွဲ့ဒေသများ (ဂရပ်ဖစ်: TBBC)
“လက်နက်ကိုင်တိုက်ပွဲများ ပြီးဆုံးပြီ ဖြစ်သောကြောင့် ကရင်တိုင်းရင်းသားများ မွေးရပ်မြေသို့ ငြိမ်းချမ်းစွာ ပြန်လည် နေထိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအ၀န်း က ၀င်ရောက် ကူညီဆောင်ရွက်ပေးသင့်သည်”ဟု KNU/KNLA ငြိမ်းချမ်းရေး ကောင်စီက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် စ် အိုဟေး ကင်တာနာ သို့ ပေးပို့သည့် အစီရင်ခံစာတွင် ရေးသားထားသည်။ ပြီးခဲ့သည့် လက မစ္စတာ ကင်တာနာ ကရင်ပြည်နယ်သို့ ရောက်ရှိစဉ်က ပေးအပ်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ဒုက္ခသည်များကို နေရပ်ရင်းပြန်သည့်အခါ လုံခြုံရေးအတွက် ၎င်းတို့ ငြိမ်းချမ်းရေး ကောင်စီ၊ မြန်မာစစ်အစိုးရတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းနိုင်ငံနှင့် ကုလသမဂ္ဂ တို့ကို တိုက်တွန်းကြောင်း အစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂ၏ ထိုင်းမြန်မာနယ်စပ်ဒေသရှိ ဒုက္ခသည်အစီအစဉ်သည် အကျင့်ပျက် လာဘ်စားမှုများ ပေါ်ပေါက်သည့် နေရာ ဖြစ်နေသည်ဟု ငြိမ်းချမ်းရေးကောင်စီက ဆိုသည်။ အဆိုပါ ဒုက္ခသည်အစီအစဉ်ကြောင့် အကြမ်းဖက်မှုများ၊ လိင်လုပ်ငန်းများ၊ လူကုန်ကူးခြင်းများ၊ မူးယစ်ဆေးကုန်သွယ်မှုများကို တိုးပွားစေသည်ဟု ဆိုသည်။

အနောက်နိုင်ငံများသို့ သွားရောက်လိုသောကြောင့် ဒုက္ခသည်စခန်းအတွင်း ရောက်ရှိနေသော “ဒုက္ခသည် အတုများ” အကြောင်း ကိုလည်း အစီရင်ခံစာက ထောက်ပြထားသည်။ အကျင့်ပျက် လာဘ်စားသော စခန်းအာဏာပိုင်တို့က အဆိုပါ အစီအစဉ်များကြောင့် အကျိုးအမြတ် ရနေကြသည်ဟု ဆိုသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက KNU မှ ခွဲထွက်ခဲ့သော အဖွဲ့တခု၏ အမည်ဖြစ်သည်။ အဖွဲ့ ခေါင်းဆောင်မှာ ဗိုလ်မှူးချုပ် ထိန်မောင်ဖြစ်သည်။ ၎င်းသည် ကွယ်လွန်သူ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ဆွေမျိုး တော်စပ်သူ ဖြစ်သည်။

KNU အဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ထိုင်းနိုင်ငံရောက် မြန်မာ့အရေး လုပ်ကိုင်နေသည့် အဖွဲ့များ၊ ဒေသခံ ထိုင်းအာဏာပိုင်များကြောင့် ထိုင်းမြန်မာနယ်စပ်ဒေသတွင် မငြိမ်မသက် ဖြစ်နေရသည် ဟုလည်း ငြိမ်းချမ်းရေးကောင်စီက စွပ်စွဲထားသည်။

ငြိမ်းချမ်းရေးကောင်စီ၏ အစီရင်ခံစာ၌ အသံလွှင့်ဌာနတွင် လုပ်ကိုင်နေသူများ၊ ပြည်ပရောက် သတင်းသမားများ ကိုလည်း ဝေဖန် တိုက်ခိုက်ထားသည်။

“BBC, VOA, RFA အသံလွှင့်ဌာနများ၊ ဧရာဝတီမဂ္ဂဇင်း နှင့် တခြားသူများသည် ထိုင်းနယ်မြေတွင် တရားမ၀င်နေထိုင်ကာ မဟုတ်မှန်သည့် ထုတ်လွှင့်မှုများ၊ ၀ါဒဖြန့်ချိမှုများ၊ သတင်းလိမ်များ၊ မှားယွင်းသည့် စွပ်စွဲချက်များဖြင့် မငြိမ်မသက် ဖြစ်စေရန် ဆောင်ရွက်နေကြသည်၊ ကျွန်ုပ်တို့၏ နယ်စပ်ဒေသတလျှောက်တွင် အကြမ်းဖက်လုပ်ရပ်များကို မြှင့်တင်ပေးရန်၊ အကာအကွယ်ပေးရန် လုပ်ကိုင်နေကြသည် - - - - အပြစ်မဲ့ ကရင်တိုင်းရင်းသားများ နှင့် ထိုင်း (ပြည်သူ) များ ဒုက္ခတွေ့နေကြရသည်”ဟု ငြိမ်းချမ်းရေး ကောင်စီက ဆိုသည်။

နယ်စပ်တွင် လုပ်ကိုင်နေသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များသည် “အကြမ်းဖက်သမားများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထောက်ပံ့နေသည်” ဟုလည်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီက အပြစ်တင်လိုက်သည်။


အုန်းဖျံ ဒုက္ခသည်စခန်း (ဓာတ်ပုံ - Dan Caspersz)
ခရစ်ယာန်အဖွဲ့အစည်းများ၊ အကူအညီပေးရေး အန်ဂျီအိုအဖွဲ့များ နှင့် ကုလသမဂ္ဂတို့သည် “ဒုက္ခသည် အခြေအနေများကို အမြတ်ထုတ် နေပြီး ငွေကြေး ရရှိရန် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်လျက်ရှိသည်” ဟု စွပ်စွဲလိုက်သည်။ အကြမ်းဖက် လုပ်ငန်းကို ထောက်ပံ့ နေကြ သည်ဟု ဆိုသည်။

သို့သော်လည်း KNU ခွဲထွက်အဖွဲ့က တိမ်းရှောင် နေကြရသည့် ရွာပုန်းရွာရှောင် ၄၅၀ ၀၀၀ ကျော်နှင့် ပတ်သက်ပြီး အစီရင်ခံ စာတွင် ဖော်ပြထားခြင်း မရှိပေ။ ရွာပုန်း ရွာရှောင် အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်သည်။ ပဋိပက္ခ ဖြစ်ပွားနေသော မြန်မာပြည် အရှေ့ဘက် ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် ကျေးလက်ဒေသမှ ပြည်သူများ နှစ်စဉ် သိန်းနှင့် ချီပြီး ထွက်ပြေး နေရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

မစ္စတာ ကင်တာနာ ၏ ကရင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက်ပြီး ယခုလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးတစောင် ပါဝင်ရာ မြန်မာအစိုးရသည် ကရင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ကြိုးစားနေကြောင်း ရေးသားထားသည်။

“တရားဥပဒေဘောင် အတွင်း ဝင်ရောက်လာသည့် အဖွဲ့များကလည်း ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် ငြိမ်းချမ်းရေး၏ အနှစ်သာရကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ Mr. Quintana ခရီးစဉ်မှ တဆင့် နိုင်ငံတကာသို့ သတင်းစကား ပါးလိုက်နိုင်ပါသည်”ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ် ခရီးစဉ်အတွင်း မစ္စတာ ကင်တာနာသည် KNU ခွဲထွက်အဖွဲ့ ၃ ဖွဲ့ နှင့် တွေ့ဆုံခဲ့သည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့များကမူ စစ်အစိုးရ၏ မြန်မာပြည်အရှေ့ပိုင်း ထိုးစစ်ဆင်မှုများမှာ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်ကြောင်း စွပ်စွဲ ပြောဆိုလျက်ရှိသည်။

တနင်္လာနေ့တွင် မစ္စတာ ကင်တာနာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အစီရင်ခံခဲ့သည်။ ထိုသို့ အစီရင်ခံရာတွင် ပဋိပက္ခ ဒေသများ အထူးသဖြင့် ကရင်ပြည်နယ်တွင် အရပ်သား များအား တိုက်ရိုက် တိုက်ခိုက်မှုများမှ တားမြစ်နိုင်သည့် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် မစ္စတာ ကင်တာနာက စစ်အစိုးရကို တိုက်တွန်းသွားသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=855:2009-03-19-11-45-32&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */