မဇ္ဈိမ | ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့နယ် အတွင်းမှာ ရှိသော ကားဘော်ဒီပြင်လုပ်ငန်း၊ ကားဆေးမှုတ် လုပ်ငန်းနှင့် ကားအောက်ပိုင်း ပြင်ဆင်ရေး လုပ်ငန်းများ အားလုံး မြို့ပြင်သို့ ပြောင်းရွှေ့ရတော့မှာ ဖြစ်သည်။
လုပ်ငန်း လုပ်ကိုင်သူများကို သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်များက ရုံးသို့ ဆင့်ခါ်၍ ရွှေ့ပြောင်းရေး အကြောင်းစာကို အသိပေးခဲ့ခြင်း ဖြစ်သည်။
ကားဝပ်ရှော့ ပိုင်ရှင်များက ပြောင်းရွှေ့ပါမည်၊ သို့မဟုတ် မပြောင်းပါက မြို့တွင်း လုပ်ကိုင်ခြင်း မပြုပါဟုဝန်ခံ ကတိရေးထိုးခဲ့ရသည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူတဦးက မဇ္ဈိမ သို့ ပြောသည်။
ပြောင်းရွှေ့မည့်နေရာများမှာ၊ တောင်ဒဂုံမြို့နယ်နှင့် မှော်ဘီ ၀ါးတရာကျေးရွာတို့ဖြစ်ပြီးပေ ၆၀ ပတ်လည် မြေတကွက်လျှင် ကျပ်သိန်း၆၀ ပေးသွင်းရမည်ဖြစ်သည်။
”ဘယ်လိုလုပ်ရမှန်း မသိပါဘူးဗျာ၊ ကောင်းရောင်းကောင်းဝယ်ကို လုပ်လို့မရဘူး။ သိန်းခြောက်ဆယ် ဘယ်က သွားရှာမလဲဗျ။ ရှိတဲ့ အလုပ်သမားတွေတောင် နေ့စဉ်ကြေးပေးဖို့မနည်း ရှာနေရတာ။ ကားတွေပြင်မယ့်သူကလည်း ကားဈေးကျတော့ တော်ရုံမပြင်တော့ဘူး။ ကြီးကြီးမားမား ပျက်မှပြင်တော့တာ။ သိန်း၆၀ ရှိလို့ပြောင်းတယ်ထားဦး၊ အဲနေရာထိ ဘယ်သူလာပြင်မှာလဲ။ လောလောဆယ်ပြောင်းပါမယ်လို့တော့ လက်မှတ်ထိုးခဲ့ရတာပေါ့။ ဒီပြင်ဟာလဲ မလုပ်တတ်ဘူး" ဟု သူကပြောသည်။
ပြောင်းရွှေ့ရန်အတွက် တိုင်းမှူးအမိန့်ဟု ဆိုကာ စည်ပင်က လာပေးသွားတာဖြစ်ကြောင်း၊ မည်သည့်နေ့ ရွှေ့ရမည် ဆိုတာတော့ မပါကြောင်း ရယက ဥက္ကဌတဦးက ပြောသည်။
ရန်ကုန်မြို့တွင်းတွင် ကားဝပ်ရှောပေါင်း အနည်းဆုံး ၃ ထောင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အများစုမှာ တပိုင်တနိုင် အဖြစ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
source by : http://www.mizzimaburmese.com/news/inside-burma/2571-2009-03-07-10-23-18.html
ကားဝပ်ရှော့ဆိုလျှင် မြို့ပြင်ထွက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment