ဂလပ်စဂိုမြို့က ဒေါ်စုကို ဂုဏ်ပြုဆုပေး

Thursday, March 05, 2009 ·

ဧရာဝတီ | ဗြိတိန်နိုင်ငံ ဂလပ်စဂိုမြို့အာဏာပိုင်တို့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ယမန်နေ့က လွတ်လပ်မှုဆု ချီးမြှင့်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်တွင် အကျဉ်းကျနေသဖြင့် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမား တဦး ဖြစ်သည့် ဒေါက်တာသောင်းထွန်းက ယမန်နေ့က ဂလပ်စဂိုမြို့တွင် ကျင်းပသည့် ဆုပေးပွဲအခမ်းအနားသို့ ကိုယ်စား တက်ရောက်ပြီး ဆု လက်ခံရယူခဲ့သည်။

ဂလပ်စဂိုမြို့ကောင်စီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ဆုပေးရန် ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုနှင့် နေထိုင်သည့် ဘ၀ကိုစွန့်လွှတ်ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေး အတွက် ဦးဆောင် လှုပ်ရှားလျက်ရှိရာ ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည့် နိုဗဲလ်ငြိမ်းချမ်းရေးဆု အပါအ၀င် နိုင်ငံတကာ ဆုပေါင်း ၁၀၀ ခန့် ချီးမြှင့်ခံခဲ့ရပြီး ဖြစ်သည်။

လွတ်လပ်မှုဆုကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နှင့် ဂလပ်စဂိုမြို့ အမျိုးသမီး စာကြည့်တိုက် (Glasgow Women's Library) တို့က ပူးပေါင်းပြီး အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။

၁၈၀၀ ပြည့်နှစ်မှ စတင်ပြီး ဂလပ်စဂိုမြို့ကောင်စီက လွတ်လပ်မှုဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဂလပ်စဂိုမြို့ကောင်စီက တောင်အာဖရိကခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၊ နာမည်ကျော် မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာ အဲလက်စ် ဖာဂူဆန် တို့ကိုလည်း လွတ်လပ်မှုဆု ချီးမြှင့်ခဲ့ဖူးသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=799:2009-03-05-12-00-04&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */