NEJ | ၀န်ကြီးဌာနပေါင်းစုံမှ ပင်စင်ယူကာနီး အကြီးတန်းအရာရှိများကို ကြံ့ဖွံ့အမတ်လောင်းအဖြစ် လျာထားရာ စက်မှု (၁) ၀န်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး (၃) ဦးပါဝင်သည်ဟု စက်မှု (၁) ၀န်ကြီးရုံး အရာရှိတဦးက ပြောသည်။
နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးသိန်းမောင်အား ရခိုင် (ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်၊ ထွေထိန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမောက်အား မလှိုင် (ကြံ့ဖွံ့) လွှတ်တော် ကိုယ်စားလှယ် နှင့် စက္ကူဓာတုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်အား မိုးညှင်း(ကြံ့ဖွံ့) လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျာထားကြောင်း အဆိုပါ အရာရှိက ပြောသည်။
အဆိုပါ ဦးဆောင်ညွှန်ကြားရေးမှူး (၃) ဦးလုံး စစ်ဘက်အရာရှိများသာဖြစ်ပြီး ပင်စင်သွားတော့မည့်သူများ ဖြစ်သည်။
ရွေးကောက်ပွဲဥပဒေ မထုတ်ပြန်သေးသဖြင့် ကြံ့ဖွံ့ပါတီကို တရားဝင် နိုင်ငံရေးပါတီ ပြောင်းကြောင်း မကြေညာသေး သော်လည်း ကြံ့ဖွံ့ပါတီအတွက် စည်းရုံးရေးလုပ်ငန်းများကိုမူ သက်ဆိုင်ရာဝန်ကြီးများက တိုင်းအလိုက် စည်းရုံးရေး ဆင်းနေသည်မှာ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်သည်။ သဘောမှာ ရွေးကောက်ပွဲနီးမှ ကပ်ပြီး ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်သည့်အခ်ျိန် အခြားပါတီများ စည်းရုံးရေးစရန် ပြင်နေချိန်တွင် ကြံ့ဖွံ့ ပါတီက တနိုင်ငံလုံး စည်းရုံးထားပြီး ဖြစ်နေအောင် ကြိုတင်လျှို့ဝှက် အကွက် ရိုက်ထားသည် ဆိုသည့် သဘောဖြစ်သည်ဟုလည်း အဆိုပါအရာရှိက ပြောသည်။
အချို့မြို့နယ် အတော်များများရှိ နယ်မြေခံ ချမ်းသာသည့် ကြံ့ဖွံ့တာဝန်ခံများကလည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် အရွေးခံနိုင်ရန် မျှော်လင့်ထားရာ ယခုကဲ့သို့ အရွေးခံမည့် ၀န်ကြီးဌာန အကြီးအကဲများနှင့် ထိပ်တိုက်ပြဿနာဖြစ်မည့် အလားအလာများလည်း ရှိနေသည်ဟု နေပြည်တော် ၀န်ကြီးဌာန များကြား ခန့်မှန်းပြောဆိုနေကြသည်။
ကြံ့ဖွံ့ပါတီအတွက် အရွေးခံမည့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များသည် လောလောဆယ် တာဝန် ထမ်းဆောင်နေသည့် အတွက် ၎င်းတို့၏ ဌာနဆိုင်ရာ ငွေကြေးသုံးစွဲခွင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး ကြံ့ဖွံ့အတွက် စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အရာရှိတဦးကလည်း ပြောသည်။
source by : http://www.khitpyaing.org/news/march_09/23-3-09c.php
စက်မှု (၁) ၀န်ကြီးဌာနမှ ကြံ့ဖွံ့အမတ်လောင်း (၃) ဦးလျာထား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment