ဇာဂနာ့ မိခင် ဒေါ်ကြည်ဦး ကွယ်လွန်

Saturday, March 21, 2009 ·

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ) ။ ။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို ကူညီမှုပြုရင်း အဖမ်းခံရသူ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၏ မိခင် ဒေါ်ကြည်ဦးမှာ ယနေ့ညတွင် ကွယ်လွန်အနိစ္စ ရောက်သွားသည်။

သည်းခြေပြွန်လမ်းကြောင်းတွင် ကင်ဆာဖြစ်ပွား၍ ဝေဒနာ ခံစား နေရသူ အသက် ၈၃ နှစ်အရွယ် စာရေးဆရာမကြီးသည် သောကြာနေ့ ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

သူမ အသည်းအသန် နာမကျန်း ဖြစ်နေသော်လည်း မြစ်ကြီးနား အကျဉ်းထောင်ရှိ သားဖြစ်သူ စိတ်မကောင်းမှာစိုး၍ အသိမပေးဘဲ ထားစေခဲ့သည်။

”ကိုဇာဂနာသိရင်တော့ အရမ်း ဝမ်းနည်းသွားမှာပဲ၊ ကျမတော့ ထောင်အာဏာပိုင်တွေကနေ တဆင့် သူ့ဆီ ရောက်အောင် အကြောင်းကြား ခိုင်းလိုက်ပြီ” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမ သို့ ပြောသည်။

ဘီလင်းမြို့ ဇာတိဖြစ်သော ဆရာမကြီးသည် စာပေလောကသို့ ငယ်ရွယ်စဉ်ကပင် ဝင်ရောက်ခဲ့ပြီး ”မေ့ရက်တဲ့ မောင်”၊ ” ရှေးရိုးစဉ်လာ မြန်မာမှုများ”၊ အလောင်းတော်ကဿပသွား တောလား”၊ ” ဗုဒ္ဓဂါယာ ၂၁ ရက် ခရီးစဉ်”၊ ” ဝိသာခါ ဒေဝီ” တို့အပါအဝင် စာအုပ်များနှင့် ဆောင်းပါးများစွာ ရေးသားခဲ့သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွရာတွင် ဟောပြောမှု ကိုယ်တိုင်ပြုလုပ်ခဲ့ရာ အာဏာပိုင်များ၏ စစ်ဆေး မေးမြန်းမှု ခံခဲ့ရဖူးသည်။

ကွယ်လွန်ခါနီးအထိ ထောင်ကျနေသော သားဖြစ်သူကို တွေ့လိုဇောပြင်းပြခဲ့ပြီး ”သား (ကိုဇာဂနာ) စိတ်နဲ့ပဲ ဆုံးသွားတာဟု” သားဖြစ်သူ ကိုတေဇက ပြောသည်။

ရေပန်းစားသော ဟာသများကို ပြောင်မြောက်စွာ ဖန်တီးခဲ့သော ကိုဇာဂနာမှာ အီလက်ထရောနစ်အက်ဥပဒေ၊ နိုင်ငံတော် လုံခြုံရေးနှင့် ဗီဒီယို အက်ဥပဒေများဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။

နိုင်ငံရေးစိတ်ပြင်းထန်သော သားဖြစ်သူကို စစ်အစိုးရက အကြိမ်ကြိမ် ထောင်ချခဲ့သော်လည်း ဆရာမကြီးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သတင်း မီဒီယာများကို မေးသည်ကို ရဲဝံ့စွာ အစဉ်အမြဲ ဖြေကြားခဲ့သူ ဖြစ်သည်။

ဆရာမကြီး၏ ဆန္ဒအရ ရုပ်အလောင်းကို မနက်ဖြန် စနေနေ့တွင် သဂြိုလ်မည်ဟု မိသားစုဝင်များက ပြောသည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ ဦးအောင်သိန်း ခေါ် စာရေးဆရာကြီး နန်းညွန့်ဆွေ၊ သားများဖြစ်သော ကိုတေဇ နှင် ကိုဇာဂနာတို့ ကျန်ရစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2634-2009-03-20-15-38-41.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */