အာဏာပိုင်များ လာဘ်စားပြီး အကျဉ်းသားတဦးကို နာမည်ပြောင်းလွှတ်ပေး

Monday, March 09, 2009 ·

ရိုးမ ၃ | ကြံ့ဖွံ့အာဏာပိုင်နှင့် ထောင်မှူးတို့ ပူးပေါင်း၍ လောင်းကစားမှုဖြင့် ထောင်ကျနေသူကို နာမည် ပြောင်းပြီး ပြန်လွှတ်ပေးလိုက်သည့် အတွက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မည့်သူမှာ ထောင်ထဲတွင် ဆက်လက် အကျဉ်းကျခံနေရသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှ ကိုကျော်နိုင်အား လောင်းကစားမှုဖြင့် ထောင်တနှစ်ချမှတ်၍ မြောင်းမြ ထောင်သို့ ပို့ထားစဉ် ၎င်း၏ယောက်ဖဖြစ်သူ ကြံ့ဖွံ့အဖွဲ့ဝင် ဇော်မင်းက မြောင်းမြထောင်မှူးအား ငွေပေး၍ ယခုကဲ့သို့ ပြန်လွတ်လာခြင်းဖြစ်သည်။

“ကိုကျော်နိုင်က အိမ်နံပါတ် (၂၄)၊ (၇) ရပ်ကွက် (၁၃) လမ်းမှာနေတာ၊ သူနဲ့ သူ့မိန်းမ ဆွေဆွေတင့်တို့ကို နှစ်လုံး၊ သုံးလုံးရောင်းတဲ့ ဘောင်ချာတွေ၊ သက်သေခံပစ္စည်းအကုန်နဲ့ မနှစ်က (၅) လပိုင်းလောက်မှာ ဖမ်းမိတာ၊ ဒါပေမဲ့ သူတို့ကို အာမခံနဲ့ ထားပြီး၊ ဒီနှစ် (၁) လပိုင်းကျမှ ထောင်တနှစ်ချလိုက်တာ၊ အဲဒါ တလပဲ ထောင်ထဲမှာနေပြီး (၂၄) ရက်နေ့ (၂) လပိုင်းမှာ ပြန်လွတ်လာတာ” ဟု မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက အကျဉ်းသား ၆၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် ပါဝင်သည့် မြောင်းမြထောင်မှ အကျဉ်းသားတဦးနာမည်နှင့် ပြောင်း၍ ၎င်းအား လွှတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့လွှတ်ပေးရန် ထောင်မှူးအား ငွေ (၁၀) သိန်းပေးခဲ့ရသည်ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

“သူတို့ကို ဖမ်းပြီးကတည်းက ရှေ့နေ ဦးအုန်းရှိန်က အာမခံလိုက်လုပ်ပေးပြီး ထားတာ၊ တခြားသူတွေကို အာမခံမပေးဘူး၊ အဓိကက ကိုကျော်နိုင်ရဲ့ ယောက်ဖက မြို့နယ်ကြံ့ဖွံ့ကဆိုတော့ အဲဒီဝိတ်နဲ့ ငွေပေးပြီး လိုက်လုပ်တာ၊ အခုလို သူကပြန်လွတ်လာတော့ တကယ်တမ်းလွတ်ရမဲ့ အကျဉ်းသားက အခုထိ ထောင်ထဲမှာ ဆက်နေနေရတယ်” ဟု ပြောသည်။

ထို့အပြင် မော်လမြိုင်ကျွန်းမြိ့နယ် (မယက)ဥက္ကဋ္ဌက ကျပ်သုံးသိန်း လာဘ်ငွေယူပြီး ဆီရောင်းဝယ်ရေးဆိုင် မီးလောင်မှုကို တစုံတရာ အရေးယူခြင်းမရှိကြောင်း မြို့ခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့လ (၂၂) ရက်နေ့က ဒို့ခေတ် လောင်စာဆီရောင်းဝယ်ရေးဆိုင် မီးလောင်တာ၊ အဲလိုဖြစ်တော့ ဆိုင်ရှင် ကိုဝင်းနိုင်၊ မထားထားလွင် တို့က (မယက)ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကို ငွေပေးလိုက်တာ အမှုလဲမဖြစ်တော့ဘူး၊ သူတို့ဆိုင်က မြို့လယ်ခေါင်မှာ ဆိုတော့ ဘေးနားအိမ်တွေက အကုန်ထိတ်လန့်နေရတယ်၊ ဒါပေမဲ့ သူတို့ကတော့ အခုထိ ရောင်းနေတုန်းပဲ” ဟု ပြောသည်။

source by : http://www.yoma3.org/index.php?option=com_content&view=article&id=201:2009-03-09-11-11-17&catid=41:2008-09-21-07-44-45&Itemid=124

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */