အာဏာပိုင်တို့ ရက်ရက်ရောရော လှူဒါန်းကြပြီ

Monday, March 30, 2009 ·

မိကျလွန်းထော | မတ်လ ၁၆ ရက်နေ့ တနင်္လာနေ့တွင် ဗိုလ်ချုပ်အုန်းမြင့် မုဒုံမြို့နယ်ဘက်သို့ ရောက်ရှိလာပြီး ဘုန်းတော်ကြီး ကျောင်းများနှင့် အစိုးရစာသင်ကျောင်းများတွင် လိုအပ်သည့် ပစ္စည်းကိရိယာများ လှုဒါန်းခဲ့သည်။

ဗိုလ်ချုပ်အုန်းမြင့်နှင့် အဖွဲ့ဝင် ၁၅ ဦးတို့သည် မုဒုံမြို့နယ် နှီးဗဒေါကျေးရွာ အစိုးရအလယ်တန်းကျောင်းတွင် အခမ်းအနားကျင်းပပြီး ၄င်းအခမ်းအနားတွင် နှီးဗဒေါရွာ၊ အဘစ်ရွာ၊ ယောင်ဒေါင်းရွာနှင့် ကွမ်လှာရွာမှ ရွာသူရွာသားပေါင်း ၇၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

၎င်းအခမ်းအနားတွင် ဘုန်းတော်ကြီးကျောင်းအတွက် ဆိုလာပြား ၃ စုံနှင့် အစိုးရစာသင်ကျောင်းများကို ကြည့်ရှုလေ့လာပြီး လာမည့်နှစ်များတွင်လည်း လာရောက် လှူဒါန်းဦးမည်ဟု ဗိုလ်ချုပ် အုန်းမြင့် ပြောကြား သွားသည်ကို အခမ်းအနားသို့ တက်ရောက်သူ အဘစ်ရွာသားတစ်ဦးက ဆိုသည်။

၎င်းအပြင် ကမာဝက်ကျေးရွာတွင်လည်း ခြသေ့င်္ဘုန်းတော်ကြီးကျောင်း၊ ဓါတ်တော်ကျောင်းနှင့် လွီမာန်ထော ကျောင်းတို့တွင် တစ်ကျောင်းလျှင် ဆိုလာပြားတစ်စုံ၊ ငွေကျပ် ၁ သိန်းနှင့် သင်္ကန်းများကိုလည်း လှုဒါန်း သွားခဲ့သည်ဟု ဆရာတော် ဘုရား တစ်ဦးထံမှ ကြားသိရသည်။

၎င်းအစိုးရအဖွဲ့မှ လာရောက်လှုဒါန်းသည့်အကြောင်းနှင့် ပတ်သက်၍ ရွာသားများနှင့် မွန်ဒီမိုကရေစီအဖွဲ့တို့က ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်စပ်မှုရှိသည်ဟု ဝေဖန် ပြောဆိုနေကြသည်။

“မြန်မာစစ်အစိုးရတွေက သူတို့ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် အလုပ်မစခင်ကတည်းက ပြည်သူတွေ သူတို့အပေါ် ယုံကြည်မှုရှိအောင် အရင်ဦးဆုံးလုပ်တယ်၊ သူတို့ကို ထောက်ခံမှုရဖို့အတွက်လည်း ကြိုးစား နေတယ်” ဟု ကွမ်လှာ ရွာသားတစ်ဦးကပြောသည်။

မွန်ဒီမိုကရေစီအဖွဲ့၏ အတွင်းရေးမှုး ဒေါက်တာမင်းစိုးလင်းက “ ဗိုလ်ချုပ်အုန်းမြင့် အခုလို လှူဒါန်းတာက လူထုတွေရဲ့ ထောက်ခံမှုကို လိုချင်လို့၊ သူက မုဒုံမြို့နယ်ဘက်မှာ အမတ်လောင်းအတွက် ရည်ရွယ်ထားတဲ့ သတင်းတွေကိုလည်း ကြားနေရတယ်” ဟု ပြောသည်။

အချို့သော ပြည်သူပြည်သားများကလည်း နှစ်စဉ်နှစ်တိုင်း ဗိုလ်ချုပ်အုန်းမြင့် လာရောက် လှုဒါန်းနေသည် ဟုလည်း ပြောနေကြသည်။

“ကျနော်တို့ရွာမှာ မူလတန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်းရှိတယ်။ သူပြောတာတော့ လာလှူမယ်လို့တော့ ပြောတာပဲ၊ ဘယ်တော့လာဦးမယ်လို့တော့ မသိသေးဘူး၊ သူတို့က နှစ်တိုင်းတော့ လာလေ့ရှိပါတယ်” ဟု နှီးဗဒေါကျေးရွာမှ ဆရာဝန်တစ်ဦးက ဆိုသည်။

ဒေါက်တာမင်းစိုးလင်းပြောပြချက်အရ “လာမယ့် ဇွန်လ အတာသင်္ကြန်ပြီးရင် စည်းရုံးရေးဆင်းဖို့အတွက် နိုင်ငံရေးပါတီတွေအားလုံး ကော်မရှင်ဖွင့်ခွင့်ရမယ်၊ အခုလောလောဆယ်တော့ စစ်အစိုးရတွေက ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းတွေမှာ လှူဒါန်းတာလောက်ပါပဲ၊ စည်းရုံးရေးဆင်းတဲ့ပုံစံတော့ မဟုတ်ဘူးပေါ့” ဟု ဆိုသည်။

source by : http://www.monnews-imna.com/burmese/newsupdate.php?ID=238

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */