မြန်မာဘက်မှ အနောက်ဘက် နယ်စပ်တလျောက် တပ်ရင်း ၁၁ ရင်းထိ တိုးချဲ့ချထား

Thursday, March 19, 2009 ·

နိရဉ္စရာ | မြန်မာ့ စစ်အာဏာပိုင်များက မြန်မာ-ဘင်္ဂလာ နယ်စပ် တလျောက်တွင် တပ်ရင်း ၁၁ ရင်းထိ တိုးချဲ့ချထား လိုက်သည်။

ယခင်က တပ်ရင်း (၇) ရင်းသာ နယ်စပ် တလျောက်တွင် ရှိခဲ့သော်လည်း ယခုအခါ တပ်ရင်း ၁၁ ရင်းထိ တိုးလာသည်ဟု စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်အရ သိရသည်။

အသစ်တိုးလာသော တပ်ရင်းများမှာ ခမရ ၅၃၅၊ ၅၆၄၊ ၃၅၃ နှင့် ၅၃၆ တို့ ဖြစ်သည်။

ယခင်က နယ်စပ် တလျောက်တွင် ရှိနေသော တပ်ရင်းများမှာ ခလရ ၂၀၊ ခလရ ၅၅၊ ခမရ ၂၈၉၊ ခမရ ၃၄၄၊ ခမရ ၂၃၄၊ ခမရ ၅၃၈ နှင့် ခမရ ၂၆၃ တို့ ဖြစ်သည်။

ယခုအခါ စစ်သား အများအပြားမှာ မောင်တောမြို့နယ်သို့ ရောက်ရှိနေပြီး သံဆူးကြိုးများ ကာရံနေသည်ဟု သတင်းရရှိသည်။

၎င်းပြင် လုံထိန်းနှင့် ရဲတပ်ဖွဲ့ဝင် အများအပြားအားလည်း နယ်စပ်တလျောက်ရှိ နစက စခန်းများတွင် အားဖြည့်ချထားသည်။

ယခုကဲ့သို့ မြန်မာဘက်မှ တပ်ရင်းအများအပြားကို တိုးချဲ့ချထားသော်လည်း ဘင်္ဂလာဒေခ်ျ့ နိင်ငံဘက်မှ အခြေအနေမှာ တည်ငြိမ်နေပြီး နှစ်ဘက် ကုန်သွယ်ရေးမှာလည်း ပုံမှန်အတိုင်း ရှိနေသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်အရ မြန်မာ ရေတပ်သင်္ဘောများမှာ အငြင်းပွားရာ ရေပြင်ပိုင်နက် အနီးတွင် ရှိနေပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှလည်း ခေတ်မှီ နည်းပညာနှင့် ပစ္စည်း ကရိယာများ ပါရှိသော သင်္ဘောတစီးအား အခြေအနေအား အသေးစိတ် စောင့်ကြည့်ရန် စေလွှတ်ထားသည်ဟု သိရသည်။

source by : http://www.narinjara.com/detailsbur.asp?id=1740

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */