သင်္ကြန်နားနီး လောင်စာဆီဈေးပြန်တက်

Wednesday, March 25, 2009 ·

မင်းနိုင်သူ | ပြည်တွင်းလောင်စာဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေကြောင်း ပြင်ပလောင်စာဆီ ပွဲစား တဦးက ပြောသည်။

ဖေဖော်ဝါရီလလယ်ပိုင်းတွင် ဒီဇယ်၊ ဓာတ်ဆီ တပေပါ ကျပ် (၉) သောင်းအောက်ရှိနေရာမှ မတ်လဆန်းတွင် ကျပ် (၉) သောင်းကျော်လာကာ ယနေ့ပေါက်ဈေး ကျပ် (၁) သိန်းကျော်သို့ ရောက်ရှိနေကြောင်း သိရသည်။

ယနေ့ပေါက်ဈေး ဓာတ်ဆီတပေပါ ကျပ် (၁၀၈,၀၀၀)နှင့် ဒီဇယ်တပေပါ ကျပ် (၁၀၄,၀၀၀) အထိ ရောက်ရှိလာ သည်။

“သင်္ကြန်နားနီးလို့ တက်တာပါ။ နိုင်ငံတကာဈေးက မတက်ပါဘူး။ ဈေးပြန်တက်လာပေမယ့် လှောင်လက်တော့ မတွေ့ရဘူး။ သင်္ကြန်ဈေးကွက်တခုတည်းကြောင့်ပါ” ဟု လောင်စာဆီပွဲစားတဦးက ပြောသည်။

ပြင်ပလောင်စာဆီဈေးနှုန်း မြင့်လာသော်လည်း အစိုးရထုတ်ဈေးထက် သက်သာနေဆဲဖြစ်ကြောင်း အဝေးပြေး ကားဂိတ်ပိုင်ရှင်တဦးက ပြောသည်။

“ဆီဈေးတက်လာပေမယ့် တန်ဆာခတွေ မတက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုန်မှသိပ်မရဘဲနဲ့။ အလုပ်ဖြစ် အောင်တောင် မနည်းလုပ်နေကြရတာ။ အခုဟာ ရန်ကုန်-မန္တလေး ကုန်ကျစ်တပိဿာ (၄၀)၊ ကုန်ပွတပိဿာ (၆၀) နှုန်းလေ။ အဲဒါပြီးခဲ့တဲ့ (၃) လလောက်ကတည်းက ဈေးရယ်။ ဆီဈေးက ပြန်ကျမှာပါ။ သင်္ကြန် အရှိန်လေးနဲ့ လှိမ့်နေတာ။ ပြန်အေးမှာရယ်” ဟု ဂိတ်ပိုင်က ပြောသည်။

ပုံမှန်ကုန် တန်ဆာခများ ဈေးမတက်သော်လည်း လောင်စာဆီပေပါတင်ခနှုန်းများ တက်သွားကာ ယခင် ဆီတပေပါ ရန်ကုန်-မန္တလေးတင်ခ (၆,၀၀၀) ကျပ်သာရှိရာမှ ယခု ကျပ် (၈,၀၀၀) သို့ ရောက်ရှိသွားသည်။

ပြင်ပလောင်စာဆီဈေး အတက်အကျရှိသော်လည်း အစိုးရလောင်စာဆီဈေးမှာ ကမ္ဘာ့လောင်စာ ဆီဈေး တက်စဉ်က လိုက်တက်ခဲ့သော်လည်း ပြန်ကျချိန်တွင် ပြန်ချမပေးကြောင်း ပြင်ပလောင်စာဆီပွဲစားက ပြောသည်။

source by : http://www.khitpyaing.org/news/march_09/25-3-09c.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */