အရှင်ဂမ္ဘီရ၏ မိသားစုဝင်များကို ထောင်ချ

Friday, March 13, 2009 ·

ကိုစိုး | စစ်အစိုးရက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ထားသော အရှင်ဂမ္ဘီရ၏ ညီနှင့် ညီမ မခင်သူဌေး၏ ခင်ပွန်းဖြစ်သူတို့ အပါအ၀င် ၆ ဦးကို ယမန်နေ့က ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

အဆိုပါ ၆ ဦးစလုံးကို မြောက်ဒဂုံမြို့နယ် တရားရုံးက နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ချမှတ် လိုက်ခြင်းဖြစ်သည်ဟု မခင်သူဌေးက ပြောပြသည်။

“အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်စီချလိုက်တာပါ၊ ၆ ယောက်လုံး ၁၃/၁ ပါ၊ ပြစ်ဒဏ် အတူတူပဲ”ဟု မခင်သူဌေးက ဧရာဝတီ သို့ ပြောသည်။

ထောင်ဒဏ်ချခံရသူ ၆ ဦးမှာ အရှင်ဂမ္ဘီရ၏ ညီ အသက် (၂၇)နှစ်ရှိ ကိုအောင်ကိုကိုလွင်၊ မခင်သူဌေး၏ ခင်ပွန်း ကိုမိုးထက်လျှမ်း (၂၇)နှစ်၊ ကိုကျော်မျိုးဆက်၊ ကိုလှိုင်မျိုး၊ ကိုစိုးလွင်နှင့် ကိုရဲညွန့် တို့ဖြစ်သည်။

၎င်းတို့အား အရှင်ဂမ္ဘီရ၏ ဆွေမျိုးသားချင်း တော်စပ်သူများဖြစ်၍ အငြိုးဖြင့် ဖမ်းဆီးအပြစ်ဒဏ်ချခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း မခင်သူဌေးက ပြောသည်။

“သူတို့က ဘာမှလည်း လုပ်ခဲ့တာလည်း မဟုတ်ဘူး၊ သူတို့တွေက ဘာမှနိုင်ငံရေးလုပ်တာလည်း မဟုတ်ဘူး၊ နားလည်း လည်တာမဟုတ်ဘူး၊ ဦးပဉ္ဖင်း ဦးဂမ္ဘီရရဲ့ ဆွေမျိုးတွေဆိုပြီးတော့ အငြိုးတကြီးနဲ့ လုပ်လိုက်တာ လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။

ယခု ပြစ်ဒဏ်ချခံရသူများကို ၂၀၀၈ ခု နှစ် စက်တင်ဘာ ၉ ရက်က သံဃာ့တပ်ပေါင်းစု နှစ်ပတ်လည်နေ့ နှင့် ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ်အဖြစ် အမှတ်တရ မိုးပျံပူဖောင်များ လွှတ်တင်ရန် စီစဉ်မှုနှင့် ပတ် သက်ပြီး ကြိုတင် သတင်း ရ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

“အဲဒါကို ကြိုတင်သတင်းရလို့ ဖမ်းတာတဲ့၊ တကယ် ပုဒ်မတပ်တော့ နယ်စပ်ဖြတ်ကျော်မှုနဲ့ တပ်တာ၊ သူတို့ စွပ်စွဲတာက ထိုင်းနယ်စပ် မဲဆောက်မြို့ကို သွားလို့၊ သင်တန်းတက်လို့တဲ့၊ ဒါပေမယ့် သူတို့ တင်တဲ့ သက်သေ အထောက်အထားတွေက ဘာတခုမှ မခိုင်လုံဘူး”ဟု မခင်သူဌေးက ပြောဆိုသည်။

ယင်းအမှုကို အမိန့်ချမည့် တရားသူကြီးအား သက်ဆိုင်ရာ အထက်အာဏာပိုင်များက ဖိအားပေးမှု ရှိခဲ့သည် ဟုလည်း ဆိုသည်။

“တရားသူကြီးကလည်း အမှန်အတိုင်း ဖြစ်စေရမယ်လို့ ပြောတယ်၊ အဲဒါ ချုပ်ရက်နဲ့ပဲ ပြတ်ဖို့၊ အခု ၁၁ ရက်နေ့က အမိန့်ချဖို့ကို တရားသူကြီး ဒေါ်မြမြဆွေကို ရန်ကုန်တိုင်းကို ခေါ်တယ်၊ တရားသူကြီးချုပ် ဦးအောင်တိုး နေရာကို ရောက်လာတဲ့ ဦးအောင်ခင်တင့် လားမသိဘူး၊ သူကနေ ခေါ်ပြီး ဖိအားပေးတယ်၊ အဲဒီနေ့က ဒေါ်မြမြဆွေ တနေ ကုန် အစည်းအဝေးတက်ရတယ်၊ ကျမတို့လည်း စောင့်တာ ညနေစောင်းမှ ပြန်လာတယ်၊ နောက်နေ့မှ အမိန့်ချ မယ်တဲ့၊ အဲဒါ မနေ့ မနက် ၁၀ နာရီလောက်မှာ အမိန့်ချတယ်”ဟု မခင်သူဌေးက ရှင်းပြသည်။

တရားသူကြီး က ၎င်း အနေနှင့် စိတ်မကောင်းကြောင်း၊ ယခုချမှတ်လိုက်သည့် အမိန့်နှင့်ပတ်သက်ပြီး မကျေနပ် ပါက အယူခံဝင်နိုင်သည်ဟု ပြောကြားကြောင်းလည်း သိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=831:2009-03-13-10-28-02&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */