မြန်နှုန်းနှေးသဖြင့် ရန်ကုန် အင်တာနက်ဆိုင်အချို့ ပိတ်ထား

Tuesday, March 31, 2009 ·

မဇ္ဈိမ | ရန်ကုန်။ ။ ရန်ကုန်တွင် လွန်ခဲ့သည့် ၃-၄ ရက်မှ စတင်ကာ အင်တာနက် မြန်နှုန်း နှေးသွားသဖြင့် အသုံးပြုသူ နည်းပါးကာ အင်တာနက်ဆိုင်အချို့ ပိတ်ထားရသည်။

ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှု ပေးနေသည့် မြန်မာတယ်လီပို့ (ယခင်ပုဂံနက်) သည် ယခုလ ၂၅ ရက် နေ့နှင့် မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်း ဝန်ကြီးဌာန၏ မြန်နှုန်းမှာမူ ၂၇ ရက်နေ့မှ စတင်၍ ဆိုးရွားစွာ ထိုးကျခဲ့သည်။

“ဆိုင်ပိတ်ထားတာ ၅ ရက်ရှိပြီ။ လိုင်းက လုံးဝ မရဘူး။ မနက်ဖြန်တော့ ဖွင့်ကြည့်မယ်။ တရက် ၁ သောင်းကျော် ဝင်ငွေရတာ ပျက်သွားတာပေါ့” ဟု ပုဂံနက်လိုင်း သွယ်ထားသည့် ရွှေမန်းတောင် အင်တာနက်ဆိုင်မှ တာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

ကမာရွတ်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမရှိ လှည်းတန်း၊ အင်တာနက်ဆိုင်မှ တာဝန်ရှိသူက အင်တာနက်လိုင်း နှေးကွေးနေကာ အသုံးပြုသူ မရှိသဖြင့် ဆိုင်ပိတ်ထားမည်ဟု ဆိုသည်။

သူက “မေးလ်ပို့လို့မှ မရတော့ သုံးလို့မရဘူး ဖြစ်နေတာ။ ဒါကြောင့် ညနေ ၄ နာရီဆို ပိတ်တော့မယ်။ အရင်က ညပိုင်းအထိ ဖွင့်တယ်။ တခြားဆိုင်တွေလည်း အခုတလော စောစောပိတ်ကြတယ်။ တချို့ဆိုင်ဆို လုံးဝ နားထားကြတယ်” ဟု ရှင်းပြသည်။

လတ်တလောတွင် ရေအောက် အင်တာနက် ဆက်သွယ်မှုဆက်ကြောင်း International Internet Backbone Fiber Optic Cable ဖြစ်သည့် SEA-ME-WE3 ကို ပြုပြင်မည်ဖြစ်သဖြင့် မြန်နှုန်းများ ၅ ရက်ကြာ နှေးကွေး မည်ဟု မြန်မာတယ်လီပို့က ယခုလ ၂၁ ရက်နေ့တွင် ကြိုတင် သတိပေးခဲ့သည်။

သို့သော် စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာရှိ Sky Net အင်တာနက်ဆိုင်မှ တာဝန်ရှိသူတဦးကမူ ယနေ့နံနက် ၁ဝ နာရီမှ စတင်ကာ အင်တာနက်များ ပုံမှန်ဖြစ်လာသည်ဟု ဆိုသည်။

အင်တာနက် သုံးသူများအနေဖြင့် မိမိသွားလိုသည့် ဝဘ်ဆိုဒ်သို့ သွားလိုပါက မြန်မာတယ်လီပို့၏ အင်တာနက် နှေးသွားမည့်အကြောင်း ကြေညာချက်စာမျက်နှာပါ continue စာသားကို ကို နှိပ်ပြီးမှသာ ဆက်၍ သွားနိုင်သည်။

ဗိုလ်တထောင်မြို့နယ်ရှိ Gate Way အင်တာနက်ဆိုင်မှ အိုင်တီပညာရှင်တဦးက “အခုက တယ်လီပို့ရဲ့ ဝဘ်ဆိုဒ် ထဲကတဆင့် ကိုယ့်အီးမေးလ်ကို ဖွင့်ရမယ်ဆိုတော့ သူတို့က အီးမေးလ် scan လုပ်တာတို့ဘာတို့ လုပ်နိုင်တယ်။ အခုလည်း ကျနော်တို့ နိုင်ငံက user တွေဟာ သူတို့ (မြန်မာတယ်လီပို့) ဆာဗာကတဆင့် ဖြတ်ရတာပါပဲ။ ဒါပေမဲ့ အခုတော့ သူတို့ ဝဘ်ဆိုဒ်ကိုပါ ဖြတ်ပြီး သွားတယ်ဆိုတော့ ပိုပြီး စိတ်မချစရာ ကောင်းပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ အင်တာနက်မြန်နှုန်းကို 512 MB အထိ သုံးစွဲခွင့် ပေးထားခဲ့ပြီး၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သော မြန်မာအင်ဖိုတက် နှစ်ပတ်လည် အခမ်းအနားတွင် ဆက်သွယ်ရေးဝန်ကြီးက မြန်နှုန်းကို 10 G အထိ တိုးမြှင့်ပေးသွားမည်ဟု ဆိုခဲ့သည်။

အင်တာနက် မြန်နှုန်းအား ကျနေသဖြင့် ဂူးဂဲလ်၏ အခမဲ့ ဝန်ဆောင်နေသည့် ဂျီမေးလ်များ အသုံးပြုရာတွင် အခက်အခဲ ဖြစ်သော်လည်း G-talk ကတဆင့် စာရေးဆက်သွယ်မှုမှာ အသုံးပြု၍ ရခဲ့သည်။

(နန်းဒေဝီ ဖြည့်စွက်ရေးသားသည်။)

source by : http://www.mizzimaburmese.com/news/inside-burma/2685-2009-03-30-12-50-38.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */