ဖွဲ့စည်းပုံ ပြန်သုံးသပ်ရန် အာဆီယံက တိုက်တွန်းသင့်ဟု အန်အယ်ဒီပြော

Tuesday, March 03, 2009 ·

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ကို ပြန်လည် သုံးသပ်ခြင်း မပြုဘဲ ရွေးကောက်ပွဲ ကျင်းပပါက မြန်မာပြည်သူများ အနေဖြင့် ယခုထက်ပို၍ ဒုက္ခရောက်ရန်သာ ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ထပ်မံပြောဆိုသည်။

ထိုင်းနိုင်ငံတွင် ယခုလ ၁ ရက်နေ့က ပြီးစီးခဲ့သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ထိပ်သီး အစည်းအဝေးက မြန်မာအစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို အခြား မြန်မာ့အရေးကိစ အချို့အတွက် တိုက်တွန်း ပြောကြားခဲ့သည်များ ရှိခဲ့သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စ ပါဝင်ခြင်း မရှိသည်နှင့် ပတ်သက်၍ အန်အယ်ဒီက ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဲဒီလိုသွားလို့ကတော့ တိုင်းပြည်ဟာ ဘာမှ တိုးတက်မှု ရှိမှာမဟုတ်ဘူး။ ပြည်သူလူထုဟာလည်း ဒီထက် ပိုဒုက္ခရောက်ဖို့ပဲ ရှိတယ်လို့မြင်ပါတယ်။ ဒီဖွဲ့စည်းပုံက စစ်အုပ်ချုပ်ရေး ယန္တယားကို တရားဝင်ဖြစ်အောင် လုပ်တာပဲ။ အနှစ် ၂၀ စစ်အုပ်ချုပ်ရေးမှာ တိုင်းပြည် တိုးတက်အောင် မလုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဆက်လက်ပြီး အုပ်ချုပ်မှာ ဆိုတော့ ဘာမှ တိုးတက်မှာ မဟုတ်ဘူး" ဟု အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

''အခု အာဆီယံက တိုက်တွန်းလိုက်တဲ့ဟာ ကျနော်တို့နဲ့ တူတဲ့ဟာတွေတော့ ကျနော်တို့ သဘောတူတာပေါ့။ ကျနော်တို့ထဲမှာ မပါတဲ့ဟာတွေကတော့ ဒါ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေရဲ့ စိတ်ကူးပဲပေါ့” ဟု သူက ဆိုသည်။

မြန်မာစစ်အစိုးရအနေဖြင့် လုပ်ငန်းစဉ် ၇ ဆင့်အား ဆက်လက် အကောင်အထည်ဖော်ရန်၊ ၂၀၁၀ ခု ရွေးကောက်ပွဲ ကျင်းပရာတွင်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးပြီး၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ ကျယ်ပြန့်စွာ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးရန် အာဆီယံ အစည်းအဝေးက တိုက်တွန်းခဲ့သည်။

အာဆီယံ ၏ ၁၄ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချွတ်ခီရီခန် ပြည်နယ်ရှိ ဟွာဟင်မြို့၌ ပြီးခဲ့သည့်လ ၂၇ ရက်မှ ယခုလ ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အစည်းအဝေး နောက်ဆုံးနေ့တွင် အာဆီယံ ခေါင်းဆောင်များက မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ကို ယင်းသို့ တိုက်တွန်းခဲ့ကြောင်း ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက သတင်းထောက်များကို ပြောသည်။

“မြန်မာဝန်ကြီးချုပ်နဲ့ ကျနော်တို့ အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေး တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး သူက ရှင်းလင်း တင်ပြပါတယ်။ အာဆီယံ ခေါင်းဆောင်တွေက မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့၊ သူတို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို အစီအစဉ်အတိုင်း ဆက် အကောင်အထည် ဖော်ဖို့ တိုက်တွန်းခဲ့တယ်” ဟု ထိုင်းဝန်ကြီးချုပ်က အစည်းအဝေးအပြီး ပြုလုပ်သည့် ဟိုဟင် သတင်းစာရှင်းပွဲတွင် ပြောခဲ့သည်။

အန်အယ်ဒီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်သူ့လွှတ်တော် ခေါ်ပေးရေး၊ အဆိုပါ ပြည်သူ့ လွှတ်တော်မှ တဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီ ဖွဲ့စည်းရန်၊ အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် စသည့် အချက် ၄ ချက်ကို လိုလားကြောင်း တရားဝင် ပြောဆိုထုတ်ပြန်ထားပြီး ဖြစ်သည်။

အာဆီယံအနေဖြင့် နိုင်ငံတကာရေးရာများအား စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် နမူနာကောင်းများလည်း မရှိကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံအကြား ချမှတ်ထားသည့် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ၏ အရေးကို ဝင်ရောက် မစွက်ဖက်ရေးမူ ‘non-interference’ နှင့် အဖွဲ့ဝင်နိုင်ငံများ အားလုံး သဘောတူမှ ဆုံးဖြတ်ချက် ချမှတ်သည့် မူများသည်လည်း အာဆီယံ၏ စွမ်းရည်အား ယုတ်လျော့စေပြီး အာဆီယံဒေသအတွင်း ပြည်သူများ အတွက်လည်း အကျိုးမရှိကြောင်း ဦးဉာဏ်ဝင်းက ထောက်ပြသည်။

အာဆီယံဟု အမည်တွင်လာမည့် အရှေ့တောင်အာရှအဖွဲ့ Association of Southeast Asia (ASA) ကို ၁၉၆၁ ခုတွင် ကွန်မြူနစ်များ၏ ရန်ကို ကာကွယ်ရန် ရည်ရွယ်၍ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း၌ အဖွဲ့ဝင်များ တိုးလာကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးလာ ခဲ့သည်။

ယခုအခါ အာဆီယံဒေသ အတွင်း၌ လူဦးရေ သန်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2533-2009-03-02-11-34-49.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */