ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်

Monday, March 23, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်းသည် မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ်ကို ယမန်နေ့က စတင်လိုက်သည်။

ခရီးစဉ်အတွင်း မကြာခဏဆိုသလို ထိုင်းကမ်းခြေ ဒေသများသို့ ရောက်လာသော တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများ အရေး ဆွေးနွေးသွားမည်ဟု စနေနေ့က ထုတ်ပြန်ခဲ့သော တရားဝင် ကြေညာချက်တွင် ဖော်ပြထားသည်။

မစ္စတာ ကဆစ် (Kasit Piromya) သည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့်တွေ့ဆုံ၍၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုလည်း တွေ့မည်ဟု ကြေညာချက်တွင် ဆိုထားသည်။

မြားမြောင်လှသော နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးများအပြင် ရိုဟင်ဂျာမူဆင်လင် လူနည်းစု ကိစ္စကိုလည်း သူက ဆွေးနွေးမည်။ ရိုဟင်ဂျာများသည် စစ်အစိုးရ၏ အလွန် ပြင်းထန်ဆိုးရွားသော နှိပ်စက် ညှဉ်းပန်းမှုများကို ခံရသည်ဟုဆိုကာ ထိုင်းနိုင်ငံသို့ မကြာခဏ ထွက်ပြေးလာကြသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ ထိုင်းအာဏာပိုင်များက အနည်းဆုံး ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ၁ဝဝဝ ကို ကြားဖြတ် တားဆီး ဖမ်းဆီးခဲ့ရသည်။

ထိုင်းအာဏာပိုင်များသည် အဆိုပါ လှေစီးပြေးဒုက္ခသည်များ၏ လှေမှအင်ဂျင်စက်များကို ဖျက်ဆီးခြင်း၊ အစားအစာနှင့် ရေ အနည်းငယ်သာပေးကာ ပင်လယ်ပြင်ထဲသို့ ဆွဲယူစွန့်ပစ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

ထိုင်းအစိုးရကမူ လှေစီးပြေးဒုက္ခသည်များကို ဆိုးရွားစွာ ပြုမူဆက်ဆံခဲ့သည်ဟူသော စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး၊ သူတို့ကို ဥပဒေ အရ ပင်လယ်ထဲသို့ ပြန်မောင်းပို့ခဲ့သည်ဆိုသည်ကိုမူ ဝန်ခံပြောကြားခဲ့သည်။

ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ ပြဿနာသည် ဒေသတွင်း အာရုံစိုက်စရာ၊ စိတ်ဝင်စားစရာ ပြဿနာ တရပ်ဖြစ်ခဲ့ပြီး အခြား လှေစီးပြေး ဒုက္ခသည်များကိုလည်း အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုများ၏ ကမ်းခြေများနှင့် အင်ဒိုနီးရှား အာချေပြည်နယ်တို့တွင် ကယ်တင်ခဲ့ကြရသည်။

မစ္စတာ ကဆစ်သည် ၁၄ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ထိပ်သီး အစည်းအဝေး အတွင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားခဲ့ချက်အရ မြန်မာနိုင်ငံသို့ လည်ပတ်ခြင်း ဖြစ်သည်။

အာဆီယံ အစည်းအဝေးအတွင်း ရိုဟင်ဂျာ ရွှေ့ပြောင်း ဒုက္ခသည်များ ကိစ္စကို အလွတ်သဘော ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ဆွေးနွေးပွဲတွင် ‘ဘာလီနည်းစဉ်’ ဟု အမည်တပ်ကာ ဆက်လက်ဆွေးနွေးရန် သဘော တူညီခဲ့ ကြသည်။

အစည်းအဝေးတွင် ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူနည်းစု လူမျိုးဟူ၍ မရှိကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံတွင် မွေးဖွားကြောင်း သက်သေပြနိုင်သူ လှေစီးပြေး ဒုက္ခသည်များကို ပြန်လည်လက်ခံရန် ဆန္ဒ ရှိသည်ဟု ပြောဆိုခဲ့သည်။

မစ္စတာ ကဆစ်သည် သူ၏ ခရီးစဉ်အတွင်း ‘တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ကိစ္စနှင့် လူမှောင်ခိုမှု ဆန့်ကျင် တားဆီးရေး ကိစ္စများ’ အပါအဝင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ဆွေးနွေးမည်။

“ထို့ပြင် နိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာဘက်မှ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဘင်္ဂါလီ၊ ရိုဟင်ဂျာ ပြဿနာ ကိုလည်း မြန်မာခေါင်းဆောင်များနှင့် တိုင်ပင် ဆွေးနွေးသွားမည်” ဟု ကြေညာချက်တွင် ဆိုထားသည်။

ထိုင်းသည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ဘတ်သန်းပေါင်း ၁၄၄၂၉၁ သန်း (အမေရိကန်ဒေါ်လာ ၄၈ဝ၉ သန်း) ရှိသည်။

ထိုင်းနိုင်ငံသို့ မြန်မာဘက်မှ အဓိက တင်ပို့သော ပို့ကုန်အမယ်များမှာ သဘာဝဓာတ်ငွေ့၊ သစ်နှင့် သစ်ခွဲသားများ၊ သတ္တုရိုင်းနှင့် သံတိုသံစများ၊ သံနှင့် သံမဏိ၊ ကျောက်မီးသွေးတို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံဘက်မှ မြန်မာ နိုင်ငံဘက်သို့ ပို့ကုန်မှာ တိရစ္ဆာန်အဆီနှင့် ဟင်းသီးဟင်းရွက်ဆီများ၊ ဓာတုပစ္စည်းများ၊ သံနှင့် သံမဏိ၊ ပလပ်စတစ် ကော်စေ့တို့ ဖြစ်ကြသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2639-2009-03-23-09-16-28.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */