အရပ်သားအစိုးရသစ်က လက်နက်ချခိုင်းလျှင် အန်ဒီအေကေ ကချင်အဖွဲ့ လက်နက်ချမည်။

Saturday, March 07, 2009 ·


NEJ | ရွေးကောက်ပွဲအပြီး ရုပ်သေးအရပ်သား အစိုးရတက်လာသည့်အချိန်တွင် လက်နက်ချရေး ပြောလာပါက လက်နက်ချရန် အသင့်ရှိကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်မည့် ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး ကချင်အပစ်အခတ် ရပ်စဲရေးအဖွဲ့တခုဖြစ်သည့် (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း နှင့် ခေတ်ပြိုင် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် လက်နက်ချရန် အသင့်ရှိသည်ဟု အန်ဒီအေကေ အဖွဲ့က ပထဆုံး ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။ ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီတွင် ကချင် အတိုင်ပင်ခံ ကောင်စီမှ (၅၀) ရာနှုန်းကျော် ပါဝင်မည်ဟု ကချင်အပစ်အခတ်ရပ်စဲရေး အဖွဲ့ခေါင်းဆောင်တဦးက ခေတ်ပြိုင်သို့ပြောသည်။

ဖွဲ့စည်းမည့် ကချင်ပါတီမှာ ကေအိုင်အို အပစ်အခတ်ရပ်စဲရေးအဖွဲ့နှင့် အန်ဒီအေကေတို့မှ ကိုယ်စားလှယ်အချို့ ပါဝင်မည်ဖြစ်သည်။ အစိုးရသစ်အပြောင်းအလဲမှာ တိုင်းရင်းသားများကို အလုပ်အကျွေးပြုနိုင်မည့် နိုင်ငံရေး ပါတီတရပ်ဖွဲ့ရေးအတွက် ကချင်အတိုင်ပင်ခံ ကောင်စီမှ မေတ္တာရပ်ခံသည့်အတွက် ယခုကဲ့သို့ ပါတီဖွဲ့ရန် ကြိုးစားခြင်းဖြစ်ကြောင်း ဦးဇခုန်တိန့်ယိန်းက ရှင်းပြသည်။

သို့သော် ကချင်အတိုင်ပင်ခံကောင်စီသည် ကေအိုင်အိုအဖွဲ့၏ ထောက်ပံ့မှုကို အများဆုံးရယူထားသည့် အဖွဲ့ဖြစ်သည့်ပြင် ကေအိုင်အို အဖွဲ့၏ စစ်အစိုးရအပေါ် မပြတ်သားသည့် ပေါ်လစီကြောင့် ကချင်လူထုက စိတ်ဝင်စားမှုနည်းသည်ဟု ကချင်သတင်းအုပ်စု အယ်ဒီတာ နော်ဒင်းက ပြောသည်။

ကချင်နိုင်ငံရေးပါတီသစ်တွင် အန်ဒီအေကေအဖွဲ့ကို ကိုယ်စားပြုမည့် ဦးမန်ရှန်တိန့်ဆောင်သည် အမျိုးသားညီလာခံကာလအတွင်း အန်အယ်လ်ဒီသည် အမျိုးသားညီလာခံပျက်စီးအောင် အမေရိကန်အားကိုးဖြင့် လုပ်ကိုင်နေသလို တွေ့ဆုံဆွေးနွေးရေး အန်အယ်လ်ဒီက တောင်းဆိုနေခြင်းသည်လည်း အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲသည့် စာတမ်းကို ၂၀၀၆ ခု ညီလာခံအဖွင့်မှာ ဖတ်ကြားခဲ့သူ ဖြစ်သည်။

(ကချင်နိုင်ငံရေးပါတီဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး (အန်ဒီအေကေ) ကချင်ဒီမိုကရေစီသစ်တပ်မတော်-ကချင်အဖွဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအား ခေတ်ပြိုင် ဦးစိန်ကျော်လှိုင်က မေးမြန်းရာ ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ စတင်ပြောကြားသည်။)


source by : http://www.khitpyaing.org/news/march_09/6-3-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */