လုံခြုံရေးများ ပိုမိုတင်းကျပ်

Wednesday, March 04, 2009 ·

အေးချမ်းမြေ့ | ယမန်နေ့ညက ရန်ကုန်မြို့ လူစည်ကားရာ နေရာ ၂ နေရာတွင် ဗုံးများ ပေါက်ကွဲခဲ့ပြီးနောက် ယနေ့ နံနက် မှ စတင်၍ တမြို့လုံး အနှံ့ လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းဗုံးပေါက်ကွဲမှုများကြောင့် လူတစုံတဦးမျှ သေပျောက်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများ မဖြစ်ခဲ့ပေ။

လည်ပတ်အနီများ စည်းထားသည့် လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသော လုံထိန်းများ၊ စစ်သားများကို ဗုံးပေါက်ကွဲခဲ့သော စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်းအနီးနှင့် လှည်းတန်းလမ်းဆုံ မှတ်တိုင်နားတွင် သာမကဘဲ ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမအနီးတဝိုက်၊ အစိုးရ ရုံးဌာနများ၊ ဟိုတယ်ကြီးများနှင့် ရွှေတိဂုံ ဘုရား ပတ်ပတ် လည်နှင့် လမ်းဆုံလမ်းခွများတွင် ပါ ချထားသည်ဟု သိရသည်။

လုံထိန်းကား တစီးစီတွင် ရဲ အယောက် ၂၀ ကျော်နှင့် ဒိုင်း၊ နံပါတ်တုတ်၊ မျက်ရည်ယိုဗုံးပစ်သည့် အမြှောက်များပါ တင်ဆောင်ထားပြီး ကား ၂ စီးတွဲစီ လှည့်လည်သည်ကို တွေ့ရကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ထို့ပြင် စမ်းချောင်းမြို့နယ်၊ ကမာရွတ် မြို့နယ်နှင့် ရန်ကုန်မြို့လယ် နေရာတော်တော်များများတွင် ယနေ့ည ဧည့်စာရင်း များ စစ်မည်ဖြစ်သောကြောင့် ဧည့်စာရင်းများ တိုင်ထားရန် နှိုးဆော်လျှက်ရှိသည်ဟု သိရသည်။

လမ်းဆုံလမ်းခွ များတွင်မူ ရဲ ၃ ယောက်စီ အသင့်အနေအထားဖြင့် စောင့်လျှက် ရှိကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

“ဗုံးထပ်ပေါက်မှာစိုးလို့ လုံခြုံရေး တင်းကျပ်တာ။ ဗုံးဖောက်တဲ့သူ ရန်ကုန်မှာရောက်နေပြီဆိုပြီး လူတွေကို တင်းကျပ်ရင် ပြည်သူတွေ အနေကျပ်နိုင်တယ်” ဟု ၎င်းကသုံးသပ်သည်။

ယခုကဲ့သို့ လုံခြုံရေးများ တင်းကျပ်စွာ ချထားသည့်တိုင် ရန်ကုန်မြို့ခံများအနေနှင့် ယမန်နေ့ ညက ဖြစ်ခဲ့သည့် ဗုံးပေါက်ကွဲမှုကို စိတ်ဝင်စားမှု မရှိကြောင်း ကြားသိရသည်။

“သူတို့ဟာသူတို့တော့ ရှုပ်နေတာပဲ။ တချို့ သိတောင် သိပုံမရဘူး။ အားလုံးအေးအေး ဆေးဆေးပဲ။ ဘာမှ ဝေဖန်ပြောဆိုနေတာလည်း မတွေ့ရဘူး” ဟု ရန်ကုန်မြို့ခံ တဦးကပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=789:2009-03-04-09-41-54&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */