လျှပ်စစ်မရှိသည့် ဘုံလုံးအိုင်ရွာ မြွေဆိပ်ဖြေဆေး မြေမြုပ်ပြီး အအေးခံရ

Tuesday, March 17, 2009 ·

အောင်ထက် | မြွေဆိုးပေါများရာ ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင် မြွေကိုက် ခံရပါက အသက်ကယ် မြွေဆိပ်ဖြေဆေးကို မိုးညိုမြို့၏ (၄) မိုင်ခန့်အကွာ ဘုံလုံးအိုင်ကျေးရွာတွင် အချိန်မရွေး ရရှိနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါ မြွေဆိပ်ဖြေဆေးမှာ ရန်ကုန်တွင် တလုံး (၅) သောင်းကျပ်ပေးရပြီး မြွေပွေးအဆိပ်ဖြေဆေး (၂) လုံး၊ မြွေဟောက် အဆိပ်ဖြေဆေး (၂) လုံး စုစုပေါင်း (၄) လုံးကို ဘုံလုံးအိုင် ကျေးရွာလူငယ်တို့မှ ငွေကြေးစိုက်ထုတ် ၀ယ်ယူထားကြကြောင်း၊ အဆိုပါ ဆေးတို့ကို ရေခဲဘူး (သို့မဟုတ်) ရေခဲသေတ္တာထဲ၌ နာရီမလပ် အအေးဓာတ် ပေးထားရကြောင်း ဒေသခံလူငယ်များက ရှင်းပြသည်။

မိုးညိုမြို့နယ်နှင့် အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတို့သာမက မင်းလှ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ် ဆေးရုံ တို့သည် (၂၄) နာရီ မီးအပြည့်မရရှိခြင်းနှင့် ရေခဲဘူးထည့်ရန် ရေခဲမလွယ်ကူသည့်အပြင် မြွေဆိပ်ဖြေဆေးကို စိတ်ရှည်ရှည် စောင့်ကြည့်ပေးမည့် ၀န်ထမ်းအခက်အခဲလည်း ရှိသည်ဟု သိရသည်။

ထို့အတွက် အဆိုပါ ပြည်သူ့ဆေးရုံကြီးတို့တွင် မြွေကိုက်လူနာရောက်ရှိလာပါက ဘုံလုံးအိုင်ကျေးရွာသို့ အမြန်လွှတ်ကာ မြွေဆိပ်ဖြေဆေးကို အရေးပေါ် ယူငင်အသုံးပြုကြကြောင်း၊ လူနာရှင်တို့မှာ နောက်တနေ့ ရန်ကုန်တက်၍ မြွေဆိပ်ဖြေဆေးဝယ်ယူကာ ဘုံလုံးအိုင်ကျေးရွာသို့ အစားထိုးပြန်ပေးရကြောင်း ဒေသခံ လူငယ်များမှ ဆက်ရှင်းပြသည်။

နိုင်ငံတော်အနေဖြင့် ကြက်ဥမှ မြွေဆိပ်ဖြေဆေး ရရှိရန် စမ်းသပ်နေပြီ၊ ကုသပေးနေပြီဟု ပြည်တွင်း မီဒီယာများ၌ တခမ်းတနား ဖော်ပြနေသော်လည်း မြွေဆိုးပေါများရာ အရပ်ဒေသများ၌ လက်တွေ့တွင် အကျိုးမရှိကြောင်း ဒေသခံများက ပြောသည်။

ဘုံလုံးအိုင်ကျေးရွာသည် အိမ်ခြေ (၈၀) ခန့်သာရှိသော်လည်း လူသားစိတ်ရှိသော လူကြီးများ၊ ခေတ်အမြင် ရှိသော လူငယ်များ၏ အမြော်အမြင်ဖြင့် မြွေကိုက်လူနာများ၏အသက်ကို ကယ်တင်ပေးနိုင်ခဲ့သည်။

ဘုံလုံးအိုင် ကျေးရွာသည် စိမ့်စမ်းပေါများသည်ကြောင့် စိမ့်ထွက်ရာ သဲမြေကို အတန်ငယ်ယက်၍ မြွေဆိပ် ဖြေဆေး ပုလင်းကို သဲတွင်းထဲသို့ အမှတ်အသားပြုထည့်ထားရကြောင်း၊ ဆေးပုလင်းများကို (၂၄) နာရီ အအေးပေးစနစ် ထားရှိနိုင်သည့် ပထ၀ီအနေအထား ရှိနေခြင်းကြောင့် မြွေကိုက်လူနာများ၏ အသက်ကို အချိန်မီကယ်တင်နိုင်ခြင်း ဖြစ်ကြောင်း ကျေးရွာလူကြီးတဦးက ပြောသည်။

source by : http://www.khitpyaing.org/news/march_09/16-3-09e.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */