လေဖြတ်နေသူ နိုင်ငံရေးသမား အဖမ်းခံရ

Tuesday, March 17, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့ဝင်ဟောင်း ဦးကြည်လွင်ကို ယမန်နေ့ညက အာဏာပိုင်များက ဖမ်းဆီးသွားသည်။

လေဖြတ်ထားဖြင့် လွန်ခဲ့သည့် တနှစ်ခွဲခန့်ကတည်းက မြို့နယ်စည်း အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ထားသူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်အား သတင်းရဲတပ်ဖွဲ့ (SB)၊ ရပ်ကွက်ကောင်စီဝင်များနှင့် စွမ်းအားရှင် စုစုပေါင်း ဦးရေ ၃ဝ ခန့်က မေးမြန်းရန်ဟုဆိုကာ နေအိမ်မှ ဖမ်းခေါ်သွားခြင်းဖြစ်သည်။

“အိမ်ပေါ်လာပြီးတော့ စာရွက်စာတမ်း အကုန်ရှာတယ်။ စမ်းချောင်းက ကိုပေါက်စနဲ့ ဘယ်လိုဆက်စပ်လဲ။ သူနဲ့ ပတ်သက်ပြီး မေးတယ်။ စမ်းချောင်းက ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ခင်ဗျားကို မေးချင်လို့ပါဆိုပြီးပဲ ပြောသွားတယ်” ဟု ညီဖြစ်သူ ကိုသိန်းမြင့်ထွန်းက မဇ္ဈိမကို ပြောသည်။

ဦးပေါက်စ ခေါ် ဦးသက်ဝေ (ဥက္ကဋ္ဌ၊ စမ်းချောင်းမြို့နယ် အန်အယ်ဒီ) အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) သို့ မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုမှု တိုင်ကြားရန် ကြိုးစားသဖြင့် ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ အတွင်းက အင်းစိန်ထောင်တွင် ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရသူဖြစ်သည်။

သို့သော် ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာစစ်အစိုးရက အကျဉ်းသား ၆၃ဝဝ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် သူလည်း ပြန်လွတ်လာခဲ့သည်။

ကိုသိန်းမြင့်ထွန်းက “အခု ကျနော်တို့ ကြားတာ အောင်သပြေ (စစ်ကြောရေးစခန်း) မှာလို့ ပြောတယ်။ သူက လက်ရှိ အိမ်မှာ ရေရောင်းနေတာလေ။ ဟိုတုန်းကတော့ တက်တက်ကြွကြွလုပ်တယ်။ အရင်က ကိုပေါက်စနဲ့ လုပ်တယ်လေ” ဟု ပြောသည်။

အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဦးကြည်လွင်မှာ တောင်ဒဂုံ မြို့နယ်စည်း အဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း တနှစ်ခွဲခန့်မှ စတင်ကာ ကျန်းမာရေးကြောင့် သာမန်အဖွဲ့ဝင်အဖြစ် ရပ်တည်ခဲ့သည်ဟု ဆိုသည်။

အလားတူ ယခုလ ၁၃ ရက်နေ့တွင် အန်အယ်ဒီ ဗဟို လူမှုအထောက်အကူပြု အဖွဲ့ဝင်ဖြစ်သည့် အလုံမြို့နယ်မှ မချို ခေါ် မမြင့်မြင့်စန်းအား အာဏာပိုင်များက အန်အယ်ဒီရုံးချုပ်မှအပြန် လမ်းတွင် ဖမ်းဆီးသွားသည်။

မချိုနှင့် နီးစပ်သူတဦးက “သောကြာနေ့က ရုံးကနေ အပြန်မှာ ဖမ်းသွားတာ။ သူက အလုံမှာ နေတာကိုး။ နောက် ည ၁၁ နာရီလောက်မှာ သူ့အိမ်ကို ရဝတ (ရပ်ကွက်ကောင်စီဝင်) နှစ်ယောက်ရောက်လာပြီး မချိုကို လောလောဆယ် သုဝဏ္ဏကွင်းမှ ထားပါတယ်၊ ဖုန်းကိစ္စလေး မေးစရာ ရှိလို့ပါဆိုပြီး သူ့မိသားစုကို ပြောလာတယ်” ဟု ပြောသည်။

မချိုသည် နိုင်ငံရေး အကျဉ်းသားများအား ကူညီထောက်ပံ့နေသူ ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သာကေတမြို့နယ်စည်း အဖွဲ့ဝင်နှင့် ဗဟိုမှ လှုပ်ရှားမှုတိုင်းတွင် ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတင်ပေးနေသူ ဦးသိန်းလွင်လည်း လွန်ခဲ့သည့် နှစ်ပတ်ခန့်က တောင်ငူမြို့တွင် အဖမ်းခံရသည်။

အလားတူစွာ ယခုလ ၆ ရက်နှင့် ၈ ရက်နေ့များတွင် စမ်းချောင်းမှ စည်းအဖွဲ့ဝင် ကိုစိန်လှိုင်နှင့် လှိုင်မှ ကိုရွှေဂျိုး အဖမ်းခံကြရသည်။

မည်သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးခံကြရသည်ကို စုံစမ်းနေကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။ “ကျနော်တို့က ဘာကြောင့် ဖမ်းတယ်ဆိုတဲ့ အကြောင်းအရာ မသိသေးတော့ မပြောတတ်သေးဘူး။ ဒီလူတွေက အားလုံးက တရားဝင် အလုပ်တွေ လုပ်နေတယ်လို့ ကျနော်တို့ မြင်တယ်လေ။ အခု ဖမ်းတယ်ဆိုတာက ဘာကိစ္စမေးတယ်ဆိုတာ အခုထိ မသိရသေးဘူး။ လိုက်စုံစမ်းတုန်းပဲ ရှိသေးတယ်” ဟု သူက ပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2601-2009-03-16-11-05-28.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */