ဗိုလ်မှူးကြီး စိုးရှိန်း ပိုင်ဆိုင်သည့် မြင့်မိုရ်နန်း ဟိုတယ်ကြီးတွင် တည်းခိုလိုပါက အထူးခန်းမှာ တည ကျပ်ငွေ (၆၀,၀၀၀) ပေးရပြီး VIP လျှော့ဈေးနှုန်းက ကျပ်ငွေ (၄၈,၀၀၀) ဖြစ်သည်ဟု တည်းခိုဖူးသူတဦးက ပြောသည်။ ရိုးရိုး (၂) ယောက်ခန်းကို (၅) မျိုး ခွဲထားပြီး ဈေးနှုန်းများမှာ ကျပ်ငွေ (၂၅,၀၀၀) ၊ (၃၀,၀၀၀) ၊ (၃၅,၀၀၀)၊ (၄၀,၀၀၀) နှင့် (၄၅,၀၀၀) တို့ဖြစ်သည်။ တည်းခိုခကို အက်ဖ်အီးစီဖြင့် ပေးချေလိုပါက အက်ဖ်အီးစီ (၁) ဒေါ်လာကို ပုံသေမြန်မာငွေ (၁,၂၀၀) နှင့် မြှောက်ပြီး တွက်သည်ဟု တည်းခိုသူများက ပြောသည်။
နေပြည်တော် ကြာပန်းအ၀ိုင်းမှတဆင့် ရာဇဌာနီလမ်းမကြီးအတိုင်း လိုက်သွားလျှင် ရန်ကုန်-မန္တလေး လမ်းဟောင်း ရောက်သည်။ ယင်းနေရာသည် ယခင်က ပေါင်းလောင်းကွက်သစ်ဖြစ်သည်။ ပျဉ်းမနားမြို့နှင့် နီးသည့်အတွက် အဆိုပါ ပေါင်းလောင်း ကွက်သစ်ဟောင်း နေရာသည် ယခုအခါ ဈေးကောင်းပြီး စည်ကား လာသော်လည်း နေပြည်တော် ဟိုတယ်ဇုန်နေရာတွင်မူ ပတ်ဝန်းကျင်၌ ဘာမျှမရှိသည့်အတွက် နိုင်ငံခြားသား အချို့သာ လာရောက် တည်းခိုကြသည်။ နိုင်ငံခြားသားများအား ပျဉ်းမနားမြို့ထဲ တည်းခိုခွင့်မပြုဟု လုပ်ငန်းရှင် တဦးက ပြောသည်။
ဗိုလ်မှူးကြီး စိုးရှိန်း ပိုင်ဆိုင်သည့် မြင့်မိုရ်နန်း ဟိုတယ်ကြီးရှိရာနေရာကို နေပြည်တော်တည်စက (၂) ထပ်ထက် ပို၍ ဆောက်ခွင့် မပေးသော်လည်း ဗိုလ်မှူးကြီး စိုးရှိန်းကိုမူ (၅) ထပ်ထိ ဆောက်ခွင့် ပေးထားခြင်း ဖြစ်သည်။
၎င်းဟိုတယ်နှင့် မျက်စောင်းထိုးတွင် ပို့ဆက်ဝန်ကြီး ဗိုလ်ချုပ်သိန်းဆွေ ပိုင်သည့် ဆေးခန်းကြီးတခုကို (၃) ထပ်ထိ ဆောက်ခွင့် ပေးထားသည်ဟု မျက်မြင်သက်သေများက ပြောသည်။ ပျဉ်းမနားတွင် နာမည်ကြီးသည့် “ရာဇာ” ဆေးခန်းက ၎င်းနေရာ၌ (၃) ထပ်ထိ ဆေးခန်းခွဲ ဆောက်မည်လုပ်ရာ (၂) ထပ်ထက်ပို၍ ဆောက်ခွင့် မပေးကြောင်း စုံစမ်းသိရသည်။
source by : http://www.khitpyaing.org/news/march_09/10-3-09a.php








0 comments:
Post a Comment