စစ်တပ်က SSNA တပ်ဖွဲ့ဝင်ဟောင်း နေအိမ်များကို ၀င်ရောက်ရှာဖွေ

Wednesday, February 25, 2009 ·

စိုင်းအောင် | ၂၀၀၅ခုနှစ်က ဗမာစစ်တပ်မှ ဖိအားပေးမှုကြောင့် လက်နက်ချခဲ့ရသည့် SSNA (ခေါ်) သျှမ်းပြည် အမျိုးသားတပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများ ၏ နေအိမ်များကို ဗမာစစ်တပ်မှ ၀င်ရောက် ရှာဖွေ နေကြောင်း သိရသည်။

သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ SSNA တပ်ဖွဲ့ဝင်ဟောင်းများ၏နေအိမ်များအား ဇန်န၀ါရီလ ဆန်းပိုင်းမှ စတင်ကာ ရှာဖွေဖမ်းဆီးမှုများ ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့မှာတော့ နမ့်ခမ်းမြို့နယ်အတွင်းရှိ နောင်ကောင်း ၊ မန့်ဟောင်း ၊ မန့်နှောင် ကျေးရွာများမှ ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များကို ၀င်ရောက်ရှာဖွေခဲ့ကြောင်းဒေသခံ များက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မနေ့က ၀င်ရောက်ရှာဖွေသည့် အဖွဲ့ထဲတွင် ဗမာစစ်တပ် ၊ ရဲတပ်ဖွဲ့ ၊ ကွန်မန်ဒို ၊ ပြည်သူ့စစ်တို့ပါဝင်ပြီး ပူးပေါင်းအင်အား (၃၀)ကျော်ခန့် ပါဝင်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာတွင် သျှမ်းလက်နက်ကိုင်အဖွဲမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် နေအိမ်ရှိ မိန်းမများကို စစ်ဆေးမေးမြန်းပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံက အခုလိုပြောပြသည်။

“မန့်ဟောင်းကိုအရင်ဝင်တယ် ပြီးမှ နောင်ကောင်း ရယ် မန့်နောင်ရွာရယ် သူတို့ရှာချင်တဲ့ အိမ်ကို ၀င်ရှာ သွားတာပေါ့ လူကိုမတွေ့တော့ အိမ် မှာရှိတဲ့သူတွေကို ဘယ်သွားလည်း အဆက်အသွယ် ရှိလားမေးတယ် ရှိတဲ့သူတွေကိုဖမ်းတာ တော့မလုပ်ဘူး အဓိကဖုန်းတွေကိုမေးတယ် အရင်တာလုံဘက်မှာရှာတုန်းကတော့ ဖုန်းတွေသိမ်းသွားတယ် ” လို့ သူကပြောသည ။

“မန့်ဟောင်းမှာတော့ စိုင်းငယ်အိမ် နောင်ကောင်းက စိုင်းဖွယ်အိမ် မန့်နှောင်က စိုင်းလှကျော်လား စိုင်းကျော်လှလား မသဲကွဲသေးဘူး တခြား ပစ္စည်းတွေရှာတာတော့ မလုပ်ဘူး လူကိုပဲ အတိအကျနဲ့ လာမေးတယ် အရပ်အမောင်းက ဘယ်လောက် အသက်ကဘယ်လောက် အသားအရောင်က ဘယ်လို အဲလို အတိအကျနဲ့မေးပြီး ရှာတာ ” လို့ သူက ဆက်ပြောသည်။

ယခုလ (၁၀)ရက်နေ့ညပိုင်းက နမ့်ဖတ်ကာအနီးတွင် ဖြစ်ပွားခဲ့သည့် ကုန်ကားကြီးများအား ဓါးပြတိုက်မှုအပြီးတွင် အဖမ်းအဆီးများဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ် အတွင်းရှိ သျှမ်း လက်နက်ကိုင် ဟောင်းများနေထိုင်ရာ တာလုံ၊ ခိုမုန်း၊ နမ့်အွန်၊ မော်တောင်း၊ နားရှီမူ၊ ဟိုလီ စသည့် ကျေးရွာများ တွင်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျေးရွာများကို ၀င်ရောက်ရှာဖွေဖမ်းဆီးရာတွင် အမျိုးသားများကို မတွေ့ရှိရသဖြင့် နေအိမ်တွင် ကျန်နေသည့် အမျိုးသမီးနှင့်ကလေးများကိုပါ ဗမာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယခုအခါ ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့်ကလေးအများစုကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ဟိုလီ ကျေးရွာ ဥက္ကဌ ၏ မိန်းမနှင့် လားရိုးမှအလည်အပတ်ရောက်လာသည့် ၁၃ နှစ်အရွယ်ကလေးကို ယခုအချိန် အထိပြန်လည်လွတ်ပေးခြင်း မရှိသေးပဲ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထား သည်ကိုလည်း မသိရှိရသေးပဲဖြစ်နေသည်။

၎င်းဒေသခံ သျှမ်းရွာ ကချင်ရွာများတွင်ရှိသည့် ပြည်သူအများစုသည် လက်နက်ကိုင်သူပုန်များနှင့် ဆွေမျိုး တော်စပ်သူ အများစုဖြစ်ကြသဖြင့် ဗမာစစ်တပ်ကဖမ်းမည်ဆိုလျှင် ဒေသခံများမှာ ဓါးစာခံသဖွယ်ဖြစ်နေကြောင်း ဒေသခံများက ယူဆနေကြသည်။

ဗိုလ်မှူးကြီး စိုင်းရီ ခေါင်းဆောင်သည့် သျှမ်းပြည်အမျိုးသားတပ်မတော်(ခေါ်)SSNA သည် ၂၀၀၅ ခုနှစ် အတွင်းက ဗမာစစ်တပ်၏ ဖိအားပေးမှုကြောင့် လက်အောက်ခံ တပ်မဟာ တချို့လက်နက် ချသွားခဲ့ရပြီး ဗိုလ်မှူးကြီး စိုင်းရီနှင့် တပ်သားအများစုသည် ဗိုလ်မှူးကြီးရွက်ဆစ်ခေါင်းဆောင် သည့် သျှမ်းပြည် တပ်မတော် (တောင်ပိုင်း)နှင့် ပူးပေါင်းကာ ဗမာစစ်တပ်အား လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေဆဲဖြစ်သည်။

source by : http://www.mongloi.org/burmese/index.php?option=com_content&view=article&id=350:-ssna---&catid=85:2008-08-01-03-14-40&Itemid=268

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */