မြန်မာပြည်တွင် ကြက်ငှက်တုပ်ကွေးမရှိ၊ လည်လိမ်ရောဂါသာရှိ ဟု FAO ပြော

Friday, February 20, 2009 ·

မုံပီး | နယူးဒေလီ (မဇျိမ)။ ။ မြန်မာပြည် အလယ်ပိုင်းတွင် မကြာမီက ဖြစ်ပွါးခဲ့သော ကြက်များ အကောင်ရေ သိန်းနှင့်ချီ၍ သေဆုံးခဲ့ခြင်းသည် လည်လိမ်ရောဂါဟု လူသိများသော Viscerotropic Velogenic (VVNT) ခေါ် နယူးကက်ဆယ် ရောဂါကြောင့်သာ ဖြစ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး (FAO) မှ တာဝန်ရှိသူတဦးက ပြောပါသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး နောက်တကြိမ် ထပ်မံဖြစ်ပွါးမှု မရှိကြောင်း၊ မကြာသေးမီက မြန်မာပြည် အလယ်ပိုင်းတွင် ကြက်များ သေဆုံးရခြင်းသည် နယူးကက်ဆယ်ရောဂါ အမျိုးအစားတခုကြောင့်သာ ဖြစ်ကြောင်းဖြင့် FAO ဘန်ကောက်ဒေသဆိုင်ရာရုံးမှ ဒေါက်တာမိုဇာရီယာ (Dr. Mozaria) ကပြောသည်။

"မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေး ထပ်ဖြစ်တာ မရှိပါဘူး။ ခုကူးစက်ဖြစ်ပွါးနေတာ နယူးကက်ဆယ် ရောဂါပါ၊ ဒါကလည်း လူကို ကူးစက်နိုင်ခြင်း မရှိပါဘူး" ဟု ဒေါက်တာ မိုဇာရီယာက ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ ပျဉ်းမနား၊ ပေါင်းလောင်းနှင့် ပဲခူးတိုင်းအတွင်းမှ ပြည် နှင့် ပဲခူးမြို့တို့တွင်ရှိ ကြက်ခြံများတွင် မကြာသေးမီက ကြက်များ သိန်းဂဏန်းမျှ ထူးဆန်းသော ရောဂါဖြင့် သေဆုံးခဲ့ရပြီး၊ ယင်းသည် ကြောက်စရာကောင်းလှသည့် ကြက်ငှက်တုပ်ကွေးကြောင့် ဖြစ်သည်ဟု ကြက်ခြံပိုင်ရှင်များက ထင်ယောင်မှားနေကြသည်။

FAO သည် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်း၍ ကြက်ငှက်တုပ်ကွေးရောဂါ နောက်တကြိမ် ထပ်မံဖြစ်ပွါးခြင်း ရှိမရှိ ရောဂါ စမ်းသပ်ရှာဖွေခြင်း၊ သုတေသနပြုခြင်းများကို ဆောင်ရွက်နေကြောင်း ဒေါက်တာ မိုဇာရီယာက ပြောပါသည်။

"မြန်မာ အာဏာပိုင်တွေ လုပ်နေတာ အတော်ကောင်းပါတယ်။ အခြေအနေကိုလဲ အမြဲပုံမှန် နောက်ဆုံးအခြေအနေကို သိရအောင် လုပ်ထားတယ်" ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

ကြက်များ သေဆုံးသွားသော ကြက်ခြံများမှ ကြက်များ ရောင်းချခြင်းကို အာဏာပိုင်များက ပိတ်ပင် တားမြစ်ထားပြီး၊ ဤသို့ ကြက်များ သိန်းနှင့်ချီ၍ သေဆုံးကြောင်း သတင်းများကို ဖော်ပြခြင်း မပြုရန်လည်း ဂျာနယ်နှင့် စာစောင်များကို တားမြစ် ပိတ်ပင်ထားသည် ဟု သတင်းရပ်ကွက်များက ပြောသည်။

"ကြက်တွေ သေဆုံးတာနဲ့ ပတ်သက်တဲ့သတင်း ရေးရင် အဲဒီ ဆောင်းပါးက အပိတ်ခံရမှာပဲ" ဟု ရန်ကုန်မြို့ရှိ ဒေသခံ သတင်းစာဆရာတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာပြည် အလယ်ပိုင်းမှ ကြက်များ သယ်ယူပို့ဆောင်ခြင်းကို တားမြစ် ပိတ်ပင်ထားသည့်အတွက် ကြက်များရှားပါး ပြတ်လပ်ပြီး ကြက်သားဈေးများ တက်ကုန်ရကြောင်းဖြင့် ရန်ကုန်မြို့မှ ကြက်လက်လီ ရောင်းချသူများက ပြောသည်။

(ရန်ကုန်မြို့ရှိ မဇ္ဈိမ သတင်းထောက်က ဖြည့်စွက် ရေးသားသည်)

source by : http://www.mizzimaburmese.com/news/inside-burma/2474-----fao-.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */