အေးလဲ့ | ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၅၀၀ ကျော်ကို ထိုင်း အာဏာပိုင်များက ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း အလုပ်သမား ရေးရာအဖွဲ့များက ပြောသည်။
မဲဆောက်အခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေး အဖွဲ့ (Map)မှ အလုပ်သမားရေးဆောင်ရွက်သူ ကိုအေးက“မဲဆောက်တမြို့လုံးပဲ၊ အိမ်တွေကို တံခါးခေါက်ပြီး ဝင်တယ်၊ လက်မှတ်မရှိရင် ဝင်ဖမ်းတယ်၊ လမ်းတွေမှာဖမ်းတယ်၊ နေရာတိုင်းပဲ၊ ဒီအပတ်ထဲမှာ ခါတိုင်းထက် အဖမ်းအဆီးတော်တော် ကြမ်းပါတယ်၊ အဖမ်းခံရတဲ့လူက ၇၀၀ တောင်ကျော်နိုင်တယ်၊ ဘာကြောင့် အခုလိုဖမ်းတယ်ဆိုတာလည်း မသိရဘူး” ဟု ပြောသည်။
ဒေသအာဏာပိုင်မှအသိအမှတ်ပြု ထုတ်ပေးထားသော ယာယီနေထိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူ များ ပင် ဖမ်းဆီးခံရကြောင်းသိရသည်။
ထိုင်းရဲက ယာယီနေထိုင်ခွင့်လက်မှတ်ကို မီးရှို့ဖျက်ဆီးကာ ဆိုင်ကယ်ခိုးမှုဖြင့် ၎င်းအားဖမ်းဆီး၍ အချုပ်ခန်း သို့ ခေါ်ဆောင်သွားခဲ့ကြောင်း မဲဆောက်မြို့မှ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတဦးက ပြောသည်။
“ကျနော့်သူငယ်ချင်း နှစ်ယောက်နဲ့ ညပိုင်း အစားထွက်စားတဲ့ အချိန်မှာ ကျနော်တို့ကို ရဲက ဘယ်အချိန် ကတည်း က စောင့်ကြည့်နေလဲ မသိဘူး၊ လက်ထိပ်ခတ်ဖမ်းသွားတယ်၊ ကျနော့်မှာပါတဲ့ ကတ်ကို ထုတ်ပြ တော့ကျနော့်ရှေ့မှာ မီးရှို့လိုက်တယ်၊ ကျနော့်ကိုလည်း ခြေထောက်နဲ့ကန်တယ်၊ ပြီးတော့ ဆိုင်ကယ်ခိုးမှုနဲ့ အချုပ်ထဲပို့လိုက်တယ်၊ ကျနော့် လူကြီးရောက်လာတော့ ဘတ် တသောင်း တောင်းတယ်၊ နောက်ဆုံး ဘတ် သုံးထောင်ပေးပြီး ပြန်လွတ်လာခဲ့တယ်”ဟု ၎င်းကပြောပြသည်။
အဆိုပါ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုင်ဆောင်သော ယာယီနေထိုင်ခွင့် လက်မှတ်မှာ မဲဆောက်မြို့ရှိ ရပ်ကွက်အလိုက် ရဲမင်းကြီးခွင့်ပြုချက်ဖြင့် ထုတ်ပေးသော လက်မှတ်ဖြစ်ပြီး ယင်းလက်မှတ်အတွက် လစဉ် ဘတ်ငွေ ၅၀၀ ပေးရသည်ဟုလည်း ၎င်းက ဆိုသည်။
“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေကို အထင်သေးစွာဆက်ဆံတာ၊ ဒီနယ်စပ်အတိုက်အခံ အဖွဲ့အစည်း တွေကို ဖမ်းဆီးတယ် ဖိနှိပ်တယ်ဆိုတာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်း တန်ဖိုးတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်လိုက်တာပဲ”ဟုလည်း အထက်ပါ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူက ပြောသည်။
လတ်တလောတွင် မဲဆောက် အခြေစိုက် မြန်မာနိုင်ငံဒီမိုကရေစီရေးလှုပ်ရှားသည့် ရုံးတချို့ပိတ်ထားရ ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ၂ သန်းမှ ၄ သန်းအထိ ရှိပြီး အများစုမှာ အလုပ်သမား မှတ်ပုံတင် အသစ်ရရှိရေးအတွက် စောင့်ဆိုင်းလျှက်ရှိသည်။ သို့ရာတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းလာသည့် လူသစ်များကို ယခု နှစ်ဆန်းပိုင်းတွင် တရားဝင်မှတ်ပုံတင်လုပ်ပေးရန် အစီအစဉ် မရှိ သေးကြောင်း သိရသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=764:2009-02-26-12-01-27&catid=1:news&Itemid=2
မဲဆောက်မှာ အဖမ်းအဆီးကြမ်း
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment