ကုလကိုယ်စားလှယ် သံတမန်များနှင့် ရန်ကုန်တွင် တွေ့ဆုံ

Wednesday, February 18, 2009 ·

ဆော်လမွန် | နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ၏ ၆ ရက်ကြာ ခရီးစဉ်၏ စတုတ္ထမြောက်နေ့ ဖြစ်သော ယနေ့တွင် ရန်ကုန်မြို့ရှိ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မစ္စတာ တောမတ်စ် အိုဂျီ ကွင်တားနားသည် နိုင်ငံခြားသံရုံးများမှ သံတမန်များဖြင့် တဦးချင်းစီ တွေ့ဆုံခဲ့သည်ဟု ရန်ကုန်ရှိ ကုလ ပြန်ကြားရေးရုံး တာဝန်ခံ ဦးအေးဝင်းက ပြောသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဆွေးနွေးရန် မသေချာသေးဟု ဆိုသည်။

အထူးကိုယ်စားလှယ်သည် တနင်္လာနေ့က အင်းစိန်ထောင်သို့ သွားရောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသည့် နိုင်ငံရေးအကျဉ်းသား သီလရှင်၊ ရှေ့နေ၊ ကျောင်းသားနှင့် လွှတ်တော်အမတ်များ စုစုပေါင်း ၅ ဦးနှင့် တွေ့ဆုံခဲ့သည်။

ဒေါ်ပုဏ္ဏမီ ခေါ် ဒေါ်မြညွန့်၊ ဒေါက်တာ တင်မင်းထွဋ်နှင့် ဦးညီပု၊ ကိုကျော်ကိုကို၊ ကိုညီညီထွေးတို့ကို သီးသန့်စီ တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု ကုလပြန်ကြားရေးဌာနက ဆိုသည်။

တနင်္ဂနွေနေ့က ကရင်ပြည်နယ် ဘားအံမြို့သို့သွားရောက်ပြီး ငြိမ်းချမ်းရေး ယူထားသည့် ကရင်ခွဲထွက် အဖွဲ့နှစ်ခုမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်သို့လည်း သွားရောက် စစ်ဆေးခဲ့သည်။

ကရင်ပြည်နယ် ခရီးစဉ်အတွင်း ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်သွားသော ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်ယူ/ကေအန်အယ်လ်အေ) ငြိမ်းချမ်းရေး ကောင်စီနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)တို့မှ ခေါင်းဆောင်များနှင့် တွေ့ခဲ့သည်။

ကုလအထူးသံတမန်သည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံတွင် ကြာမြင့်မှာဖြစ်ပြီး မြစ်ကြီးနား နှင့် ရခိုင်ပြည်နယ်ကိုလည်း လည်ပတ်မည်ဟု သတင်းများက ဆိုသည်။

မြစ်ကြီးနားထောင်တွင် နာမည်ကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာအပါအ၀င် အနည်းဆုံး နိုင်ငံရေး အကျဉ်းသား ၁၀ ဦးရှိနေပြီး၊ ထောင်အာဏာပိုင်များက ပြီးခဲ့တဲ့ လကတည်းက အစားကောင်းကျွေး၊ အ၀တ်ကောင်း ပေးဝတ်ကာ ထောင်လုံခြုံရေးကိုလည်း မြှင့်ထားသည်ဟု သတင်းရပ်ကွက်များက ပြောသည်။

သို့သော်လည်း ဦးအေးဝင်းက ကုလကိုယ်စားလှယ် မြစ်ကြီးနားသို့ လည်ပတ်ခွင့်မှာ မသေချာသေးဟု ပြောသည်။

" ဒီနေ့တော့ မြစ်ကြီးနားကို သူ သွားမှာ မဟုတ်ဘူး။ ရန်ကုန်မှာပဲ ရှိနေမှာပါ" ဟု သူက ပြောသည်။

ကုလပြန်ကြားရေးဌာန အဆိုအရ ကွင်တားနားသည် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံပြီး ကချင်၊ ကရင်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက်လည်ပတ်မည်ဟု ဆိုသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အစည်းအဝေးအတွက် တစုံတရာ ကြိုတင် အကြောင်းကြားထားခြင်း မရှိဟု ပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2457-2009-02-17-13-01-14.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */