NEJ | မြန်မာ့အရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာ စစ်ခေါင်းများအား လုပ်သင့်သည်များကို အတင်းအကျပ်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့် နည်းမျိုးဖြင့်သာ လုပ်ကိုင်နိုင်ကြောင်း မစ္စတာ ဂမ်ဘာရီက ထုတ်ဖော်ပြောဆိုသည်။
မြန်မာ့အရေး ကူညီဆောင်ရွက်ပေးရသည့် ကိစ္စသည် အပတ်တကုတ် အားထုတ်ရသည့် အလုပ်ဖြစ်ကြောင်း အချို့အသိုင်းအ၀ိုင်းများက နားလည်ပုံမရ ဖြစ်နေသည်ဟု ကုလသမဂ္ဂ သတင်းဌာနနှင့် တွေ့ဆုံရာတွင် ဂမ်ဘာရီက ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသို့ (၇) ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း တကြိမ်သွားတိုင်း မျှော်လင့်ချက်တွေ များနေကြောင်း သတိထားမိသည်ဟုပါ ဂမ်ဘာရီက ပြောသည်။
“အဲသလို မျှော်လင့်ချက်တွေများနေတာ ကိုင်တွယ်ဖို့ဆိုရင် ခုလိုဆောင်ရွက်နေတာဟာ ဖြစ်စဉ်သာဖြစ်ပြီး အဖြစ်အပျက် မဟုတ်ဘူး ဆိုတာ မြင်တတ်ဖို့ပါပဲ။ ဒီလိုကိစ္စမျိုးကို နည်းနည်းပါးပါး ခရီးသွားလိုက်တာနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ဖြေးဖြေးချင်း တိုးတက်မှုကို တည်ဆောက်ယူရမှာပါ” ဟု ဆက်ရှင်းပြသည်။
source by : http://www.khitpyaing.org/news/February_09/26-2-09c.php
စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းက အကျပ်ကိုင်ခိုင်းလို့မရဟု ဂမ်ဘာရီပြော
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment