ဒု နိုင်ငံခြားရေး ၀န်ကြီး ဦးကျော်သူကို ရာထူးရွှေ့

Thursday, February 05, 2009 ·

ကိုစိုး | စစ်အစိုးရအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးကျော်သူ အပါအ၀င် ၀န်ကြီးတချို့ ရာထူး အပြောင်းအလဲ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ၀န်ကြီး ဦးကျော်သူကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌ နေရာသို့ ပြောင်းလဲ ခန့်ထားလိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ သံတမန်အသိုင်းအ၀န်းက ပြောသည်။


ဦးကျော်သူနှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်တို့ တွေ့ဆုံစဉ်
(ဓာတ်ပုံ - www.aseansec.org)
ဦးကျော်သူသည် ယမန်နှစ် မေလအတွင်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း လေဘေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး အတွက် ကမ္ဘာ့ကုလသမဂ္ဂ ၊ အရှေ့ တောင်အာရှ နိုင်ငံများ အသင်း(အာဆီယံ)နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ဗဟို အဖွဲ့ (TCG) တွင်လည်း ဥက္ကဌ တာဝန်ယူထားသူဖြစ်သည်။

နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် အနည်းဆုံး လူပေါင်း ၁၂၄၀၀၀ ခန့် သေဆုံးခဲ့ ကြောင်း သိရသည်။

ယင်း ဦးကျော်သူ ၏ TCG ဥက္ကဌ တာဝန်ကို မည်သူ တာဝန်ယူမည်ဆိုသည်ကိုမူ မသိရှိရသေးပေ။

ယခုကဲ့သို့ ဦးကျော်သူကို ရုတ်တရက် ရာထူး အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းသည် လေဘေး ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူများကို အံအားသင့်သွားစေသည်ဟုလည်း သိရှိရသည်။

၎င်းဦးကျော်သူသည် မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေသော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အန်ဂျီအို INGOs အဖွဲ့များကိုလည်း အကူအညီပေးနေသူဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့များ ပိုမို ရရှိရန် မကြာသေးခင်ကပြုလုပ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၀န်ကြီးများအဆင့် အစည်းအဝေးသို့လည်း တက်ရောက် ဆွေးနွေး ခဲ့သည်။

TCG စီမံချက်သည် လာမည့် ဇွန်လတွင် ပြီးဆုံးမည်ဖြစ်သည်ဟု ဇန်န၀ါရီ ၂၂ ရက်နေ့ထုတ် ဒိန်းမတ် သတင်းစာ Politike အဆိုအရ သိရသည်။

ပြီးခဲ့သည့်လအတွင်းက ဒိန်းမတ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ၀န်ကြီး နှင့် နော်ဝေး နိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီးတို့၏ မုန်တိုင်းသင့်ဒေသများ သို့ သွားရောက်သော ခရီးစဉ်တွင်လည်း ဦးကျော်သူ လိုက်ပါပို့ဆောင်ခဲ့သည်။

TCG စီမံချက် အချိန်ထပ်တိုးရေးအတွက် အလှူရှင်နိုင်ငံများ အစည်းအဝေးတခုကို ယခုလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယမန်နေ့က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီနှင့်လည်း ဦးကျော်သူသည် တနင်္လာနေ့ က ဧရာဝတီတိုင်း လေဘေးသင့် ဒေသများ ပြန်လည်တည်ဆောက်ရေးများကို အတူသွားရောက် ကြည့်ရှုခဲ့သေး သည်။

ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးကျော်သူသည် မြန်မာစစ်တပ် တပ်မ (၃၃) တွင် အမှုထမ်းခဲ့ပြီး တောင် အာဖရိက နှင့် အိန္ဒိယ နိုင်ငံများတွင်လည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် အမှုထမ်းခဲ့သည်။

၎င်း၏ ဖခင်မှာ သမ္မတဟောင်း ဒေါက်တာ မောင်မောင် ဖြစ်သည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ယခုရာထူး အပြောင်းအလဲတွင် ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ် စောထွန်း၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီး ဗိုလ်ချုပ် စောလွင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး ဗိုလ်ချုပ် မောင်မောင်ဆွေ၊ သစ်တောရေးရာ ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းအောင် တို့လည်းပါဝင်ကြောင်းသိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=681:2009-02-04-13-03-11&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */