ရခိုင်ပြည်နယ် ဈေးအခွန်ကောက်ခွင့် လိုင်စင်ကြေး ၃ ဆ မြင့်တက်

Thursday, February 26, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် စစ်တွေနှင့် ရသေ့တောင်မြို့ရှိ ဈေးများတွင် ၂ဝဝ၉ ခုနှစ်အတွက် အခွန်ကောက်ခံခွင့် လိုင်စင်များကို ပြီးခဲ့သည့် တပတ်က လေလံတင်ရောင်းချရာ မနှစ်ကထက် ၃ ဆမျှ ခုန်တက်သွားသည်။

လေလံပွဲများကို ယခုလ ၁၈ ရက်နေ့တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမနှင့် ၁၉ ရက်နေ့တွင် ရသေ့တောင်မြို့ရှိ မေယုနဒီ ခန်းမတွင် စည်ပင်သာယာရေး ဝန်ကြီး ဗိုလ်ချုပ် ဇော်လင်း၊ ဒေသဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှု ဒစကမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် သက်ဆိုင်ရာ မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌများက အဆိုပါ လိုင်စင်များကို လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

“အရင်က သိန်း ၂ဝဝ ပေးရတဲ့ စစ်တွေဈေးကြီးကို ဒီနှစ်မှာ သိန်း ၅ဝဝ တောင်းတယ်လေ။ ကျန်တဲ့ ဈေးတွေလည်း ဒီလိုပဲ မနှစ်ကထက် ၃ ဆလောက်စီ ဈေးတက်သွားတယ်” ဟု လေလံပွဲသို့ သွားရောက်ခဲ့သူ စစ်တွေဒေသခံ ကိုသိန်းရွှေက မဇ္ဈိမကို ပြောသည်။

စစ်တွေဈေးများအတွက် လိုင်စင် နှုန်းထားများမှာ စစ်တွေဈေးကြီး သိန်း ၅ဝဝ၊ မေယုဈေး သိန်း ၁ဝဝ၊ နေဗီဈေး သိန်း ၃ဝ၊ ကုလားချောင်းဈေး သိန်း ၃ဝ၊ ဈေးသျှေဈေး သိန်း ၃ဝ၊ နာဇီရွာဈေး သိန်း ၁၆ဝ၊ သက္ကယ်ပြင်ဈေး သိန်း ၅ဝ နှင့် ဆိပ်ကမ်း အခွန်ကောက်ခွင့် ဖြစ်သည့် ဆံတော်ရှင်မြစ်ဝမှ မေယုမြစ်ဝထိ သိန်း ၅ဝဝ ဖြစ်ကြောင်း သိရသည်။

“ဈေးများတော့ တချို့လည်း မဝယ်နိုင်ဘူး။ ဝယ်နိုင်တဲ့ လူတွေဆိုရင်လည်း သူတို့နဲ့ ရင်းနှီးမှုမရှိလို့ မရကြဘူး။ အခုလည်း ဒစကမှူးနဲ့ ရင်းနှီးတဲ့ ဦးသန်းရွှေနဲ့ ဦးဝင်းရွှေတို့ပဲ ရသွားကြတယ်။ ဆိပ်ကမ်းခွန်ကိုတော့ ဦးမော်ကူလာ က ရသွားတယ်” ဟု ကိုသိန်းရွှေက ပြောသည်။

ရသေ့တောင်မြို့ရှိ ဈေးများအတွက် လိုင်စင်ဈေးများမှာ မြို့မဈေး သိန်း ၆ဝ၊ လောင်းချောင်း ဈေး ၅ သိန်း၊ ဆင်ခုံဈေး ၁ဝ သိန်းနှင့် ကူတောင်ဈေးကို ၅ သိန်းဖြင့် ရောင်းချခဲ့ကြောင်း ရသေ့တောင်မြို့ လောင်းချောင်း ရပ်ကွက်မှ ဦးခင်မောင်က ပြောသည်။

သူက “ဒီနှစ် ရသေ့တောင်ဈေးတွေကိုတော့ ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးထွန်းသိန်းနဲ့ မောင်ဝင်းခိုင်တို့ ရသွားကြတယ်လေ” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် မြို့နှစ်မြို့မှ အဆိုပါ ဈေးများမှာ အခြေခံ စားသောက်ကုန်များ၊ အထည်အလိပ်နှင့် ဇိမ်ခံပစ္စည်းများ အထိ ကုန်စည်မျိုးစုံ ရောင်းချနေသော ဈေးများဖြစ်သည်။

လိုင်စင်ကြေး တိုးမြှင့်ရခြင်းမှာ စည်ပင်ဝန်ကြီးကိုယ်တိုင် ရန်ပုံငွေရှာသောကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်တွေဒေသခံ ကိုသိန်းရွှေက “အကျိုးဆက်ကတော့ လေလံဈေးတက်ရင် ဆိုင်ခန်းတိုင်း၊ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တိုင်းကို ဈေးကောက်ဈေးတွေကတော့ တက်လာမှာပေါ့။ လောလောဆယ်တော့ မတက်သေးဘူး။ လာမယ့်လမှာ လာလိမ့်မယ်” ဟု ပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2510-2009-02-26-06-16-36.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */