မဇ္ဈိမကို ယူနက်စကိုဆုအတွက် အမည်စာရင်းတင်သွင်း

Wednesday, February 11, 2009 ·

မဇ္ဈိမ | နယူးဒေလီ – ပထမဆုံးအကြိမ်အဖြစ် ပြည်ပရောက် မြန်မာသတင်း အေဂျင်စီတခုကို ယင်းတို့၏ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုမိုရရှိရေးအတွက် ပိုင်းဖြတ်မှုရှိ ရှိ၊ စူးစိုက် နှစ်မြှုပ်လုပ်ကိုင်မှုအတွက် ဂုဏ်သိက္ခာရှိသော သတင်းလွတ်လပ်ခွင့် ဆုကို ပေးအပ်နိုင်ရန် အမည်စာရင်း တင်သွင်းလိုက်ပါသည်။

အမေရိကန် အခြေစိုက် သတင်းလွတ်လပ်ခွင့် အဖွဲ့ဖြစ်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ကော်မတီ (World Press Freedom Committee) က နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဌာနကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ (Guillermo Cano World Press Freedom) ၂ဝဝ၉ သတင်း လွတ်လပ်ခွင့်ဆု ချီးမြှင့်နိုင်ရန် အမည်စာရင်း တင်သွင်းလိုက်ပါသည်။

္တ္စင်္ဃ သည် တိုက်ကြီး ၅ တိုက်မှ အဖွဲ့အစည်းပေါင်း ၃၇ ခုဖြင့် ဖွဲ့စည်းထားပြီး သတင်းလွတ်လပ်ခွင့်အတွက် ခုခံ ကာကွယ်၍ တကမ္ဘာလုံးရှိ လွတ်လပ်သော သတင်းမီဒီယာ အဖွဲ့အစည်းများကို အကူအညီ ပေးနေသော အဖွဲ့အစည်း ဖြစ်ပါသည်။ ဤဆုကို မဇ္ဈိမအား ချီးမြှင့်ရန် အမည်စာရင်း တင်သွင်းရခြင်းမှာ "မြန်မာသတင်း လုပ်ငန်းတွင် ကမ္ဘာက အာရုံစိုက်ရသည့် သတင်းဌာန ဖြစ်လာပြီး၊ တိုင်းပြည်တွင်းရှိ ရက်စက် ကြမ်းကြုတ် လှသော စစ်အစိုးရအတွက် ဆူးညှောင့်ခလုတ်သဘွယ် ဖြစ်လာခြင်းကြောင့်" ဖြစ်ကြောင်းဖြင့် ဤအဖွဲ့ကြီးက ပြောပါသည်။

မဇ္ဈိမကို ပြည်ပရောက် မြန်မာသတင်းစာဆရာ ၃ ဦးက ၁၉၉၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ထူထောင် ခဲ့ပါသည်။ ယခုလက် ရှိအောင်မြင်မှုများ ရနေလင့်ကစား မဇ္ဈိမသည် အစပိုင်းတွင် ချို့ချို့ငဲ့ငဲ့ဖြင့် စတင်ခဲ့ရပါသည်။

တတိုင်းပြည်လုံးအနှံ့ ဖြစ်ပွါးခဲ့သည့် ၁၉၈၈ လူထုအုံကြွမှုကြီးအပြီး မြန်မာစစ်အာဏာရှင်များ မောင်းထုတ်၍ ပြည်ပသို့ ထွက်ပြေးလာခဲ့ရသော ကိုစိုးမြင့်၊ မသင်းသင်းအောင် နှင့် ကိုဝင်းအောင်တို့ ၃ ဦးက စတင် ထူထောင်၍ အင်တာနက်သတင်းနှင့် သတင်းဆောင်းပါးများ တင်ဆက်သည့် သတင်းဌာနတခုကို တယ်လီဖုန်းလိုင်းပင် မရှိဘဲ လက်တော့ပ် တလုံးဖြင့် စတင်ခဲ့ပါသည်။

သို့သော် ယနေ့တွင် မဇ္ဈိမ၏ လုပ်သားအင်အားသည် ယခင် ၃ ဦးမှ ၅ဝ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပြီး အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလာဒေ့ရှ်၊ တရုတ်နှင့် မြန်မာနိုင်ငံများအထိ တိုးချဲ့ထားရှိနိုင်ခဲ့ပြီ ဖြစ်သည်

မဇ္ဈိမသတင်းဌာနသည် မြန်မာသတင်းဌာနများထဲမှ အင်တာနေရှင်နယ် သတင်းအင်စတီကျု (International Press Institute) ၏ ၂ဝဝ၇ ခုနှစ်အတွက် (Free Media Pioneers Award) ကို ရရှိထားသော တခု တည်းသော သတင်းဌာန ဖြစ်ပါသည်။ အလားတူပင် နိုင်ငံတကာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းဖလှယ်ရေး (IFEX) အဖွဲ့နှင့် အရှေ့တောင်အာရှ သတင်းမဟာမိတ်အဖွဲ့ (SEAPA) တို့၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။

ဤဆုအတွက် မဇ္ဈိမအား အမည်စာရင်း တင်သွင်းခြင်းကို ယခုအထိ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်း ၁၈ ခု၏ ထောက်ခံမှုကို WPFC က ရရှိထားပြီး ဖြစ်ပါသည်။

၂ဝဝ၉ ခုနှစ်အတွက် ဆုကို မေလ ၃ ရက်နေ့တွင် ကာတာနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ ကွန်ဖရင့် ကျင်းပနေစဉ် ပေးအပ်ချီးမြှင့်မည် ဖြစ်ပါသည်။

UNESCO သည် ဤ Guillermo Cano World Press Freedom Prize ဆုကို ၂ဝဝ၁ ခုနှစ်ကလည်း ယခုနှစ် စက်တင်ဘာလက နှစ်ရှည်ထောင်ဒဏ် ကျခံနေရရာမှ ပြန်လည် လွတ်မြောက်လာသည့် ဝါရင့်မြန်မာသတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ပေးအပ်ခဲ့ပါသည်။

source by : http://www.mizzimaburmese.com/news/regional/2411-2009-02-10-15-15-22.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */