ရန်ကုန်မြို့တွင်း နိဗ္ဗာန်ယာဉ်များ မထားရ

Thursday, February 26, 2009 ·

ဧရာဝတီ | ရန်ကုန် နာရေးကူညီမှု အသင်း၏ နိဗ္ဗာန်ယာဉ်များကို စည်ပင်သာယာ နယ်နိမိတ်အတွင်း မထားရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိအားပေး သောကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက် မတိုင်မီက စတင်၍ ယခင် ထားရှိရာ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗြဟ္မ၀ိဟာရ ကျောင်းဝန်း အတွင်းတွင် ဆက်လက် မထားဘဲ ရန်ကုန်မြို့ပြင်ရှိ သင်္ချီုင်းများသို့ ပြောင်းရွှေ့ထားရန် ညွန်ကြားချက် ထုတ်ပြန်လိုက် သည်ဟု နာရေး ကူညီမှုအသင်း ဦးဆောင်သူ တဦးဖြစ်သည့် ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

နာရေးကူညီမှု အသင်းအနေနှင့် ရန်ကုန်မြို့တွင်း၌ နေ့စဉ် နိဗ္ဗာန်ယာဉ် ၁၆ စီးဖြင့် ဈာပန ပေါင်း ၅၀ ကျော်ကို သယ်ယူ သင်္ဂြီုဟ်ပေးနေရ ကြောင်းလည်း ဦးကျော်သူက ဆိုသည်။

အဆိုပါ နိဗ္ဗာန်ယာဉ်များ ထားရှိရန် အဆောက်အဦး ဆောက်လုပ်ခွင့်အား စည်ပင်သာယာသို့ တင်ပြတောင်းဆို ထားသည်ကို ယခုကဲ့သို့ ညွန်ကြားချက် ထုတ်ပြန်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“တကယ်လို့ သူတို့ အကြောင်းမပြန်ခင် ကျနော်တို့က အဆောက်အဦး ဆောက်လိုက်ရင် ကျနော်တို့ အသင်းကို ရပ်ဆိုင်းလိုက်နိုင်တယ်”ဟု ဦးကျော်သူက ဆိုသည်။

သင်္ဃန်းကျွန်း ဒေသခံတဦးကလည်း နာရေးကူညီမှုအသင်း အနေနှင့် အများပြည်သူအကြား ပိုမိုထင်ရှားလာမည် ကို အစိုးရက စိုးရိမ်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။

အစိုးရနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသော နာရေးကူညီမှု အသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ၂၀၀၇ခုနှစ်အထိ နာရေး ကိစ္စပေါင်း ၆၀၀၀၀ ခန့် အခမဲ့ ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ် သြဂုတ်လ အတွင်းက ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၁၈ နှစ် မြောက် ၈ လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနားသို့ နာရေးကူညီမှု အသင်းမှ ဦးကျော်သူနှင့် စာရေး ဆရာမ ဒေါ်သန်းမြင့်အောင်တို့ တက်ရောက်ခဲ့သည့် နောက်ပိုင်း နာရေးကူညီမှုအသင်း၏ လှုပ်ရှားမှုများကို အစိုးရ သတင်းစာများက ထည့်သွင်းဖော်ပြခြင်း မပြုသည့် အပြင် အာဏာပိုင်များက အနှောင့်အယှက်များ ပေးခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */