ဇာနည်ဝင်း | အပစ်ရပ် အဖွဲ့တခုဖြစ်သော ဝ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် စစ်အစိုးရအကြား တင်းမာမှု ဖြစ်ပွားနေသည်ဟု နယ်စပ် သတင်း ရပ်ကွက်များက ဆိုသည်။
![]() UWSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေအက်ဖ်ပီ) |
“သိန္နီ၊ မိုင်းရှူး၊ တန့်ယန်း၊ လားရှိုး အခြေစိုက် ဒေသတွင်း အခြေစိုက်တပ်တွေနဲ့ အင်အားဖြည့်တာ”ဟု ဦးစိန်ကြည်က ဧရာဝတီသို့ ပြောပြသည်။
ယခုနှစ်ဆန်းပိုင်းမှစပြီး UWSAက ၎င်း ထိန်းချုပ်ရာဒေသကို “မြန်မာ နိုင်ငံတော် ဝ ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေး ဒေသ” ဟု စတင်သုံးစွဲခဲ့ခြင်း၊ ပြီးခဲ့သည့် လကုန်ပိုင်းက ရန်ကုန်ဆိပ်ကမ်းရှိ ကုန်တင် သင်္ဘော တစီးပေါ်မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးများနှင့် ဆက်နွယ်သူဟု ယူဆရသူတဦးကို UWSAက အကာအကွယ် ပေးထားခြင်းတို့ကြောင့် စစ်အစိုးရက မကျေမနပ်ဖြစ်ပြီး ထိုသို့ တပ်များ ဖြန့်ချထားခြင်းဖြစ်နိုင်သည်ဟု ဦးစိန်ကြည်က ရှင်းပြသည်။
UWSAက အကာအကွယ်ပေးထားသည့် စီးပွားရေးလုပ်ငန်းရှင်မှာ ဦးအိုက်ဟော့ဖြစ်ပြီး UWSAခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက်တော်စပ်သည်ဟု သိရသည်။
တရုတ်မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း UWSA ၏ ဝ ပြည်နယ် အစိုးရ အထူး အုပ်ချုပ်ရေး ဒေသဟူသော အသုံးအနှုန်းကြောင့် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာနေကြောင်း ဧရာဝတီကို ပြောပြသည်။
ဝ တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့သည်။ အထူးဒေသ အမှတ် - ၂ အဖြစ် စစ်အစိုးရ သတ်မှတ်ပေးသော ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် UWSA တပ်ဖွဲ့များ လှုပ်ရှားနေသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=700:2009-02-10-12-12-25&catid=1:news&Itemid=2









0 comments:
Post a Comment