NEJ | လျှပ်စစ်မီးပျက်နေသဖြင့် စီအန်ဂျီ ဖြည့်သော နေရာတွင် တက္ကစီ ယာဉ်မောင်းများ အချိန်ကြာမြင့်စွာ တန်းစီနေရသည့် အတွက် အခက်တွေ့နေကြောင်း ရန်ကုန်မြို့ခံ တက္ကစီသမားများက ပြောသည်။
“အခုတလောမီးက တော်တော်ကို ပျက်တယ်၊ မလာတဲ့အတိုင်းပဲ၊ စီအန်ဂျီ ထည့်ဖို့ တန်းစီတာ ည (၈)နာရီ ကနေ မနက် (၄) နာရီထိုးတယ်၊ ကားကို ညမှာ ဆွဲဖို့ယူထားတာ၊ ညမှာ မဆွဲရတော့ဘူး၊ တန်းစီလည်း ပြီးရော နေ့ဘက်ဆွဲမယ့်သူကို ပေးလိုက်ရရော” ဟု ညမောင်း တက္ကစီသမားက ပြောသည်။
တက္ကစီယာဉ်မောင်းများက စီအန်ဂျီ ဆိုင်တွင် အချိန်ကုန်နေကြသည့်အတွက် ၎င်းတို့၏ စားဝတ်နေရေးကိုပါ ထိခိုက်ကြောင်း ယာဉ်မောင်းများက ပြောသည်။
“စားဝတ်နေရေး ကိစ္စက အိမ်ကိုတနေ့မှာ (၅,၀၀၀) လောက် အသုံးစရိတ်ရှိတယ်ဗျ၊ ကျနော်တို့က တက္ကစီကို စဘော်နဲ့၊ Owner ခပေးပြီး ငှားမောင်းနေရတာဆိုတော့ ပိုဆိုးတာပေါ့၊ တနေ့တနေ့ Owner ခပြည့်ဖို့တောင် မနဲလိုက်ရှာနေရတာဗျာ၊ မောင်းရမယ့်အချိန်လေးမှာ စီအန်ဂျီ ကတန်းစီနေပြီ၊ စီအန်ဂျီ ဆိုင်မှာချည်း ဖြစ်နေတော့ တက္ကစီ စီးရေတွေ လမ်းပေါ်မှာ လျော့သွားမယ်၊ ကားရှားတော့ ခရီးသည်တွေအတွက် ဈေးပို လာမယ်၊ နောက်ဆက်တွဲတွေက အများကြီး” ဟု သာကေတမြို့နယ်က တက္ကစီ အငှားယာဉ်တဦးက ပြောသည်။
စီအန်ဂျီ ပြောင်းလဲပြီး တက္ကစီယာဉ်ပေါင်း (၁၂,၀၀၀) ကျော်ရှိသည့်အနက် တ၀က်ခန့်သာ အလုပ်ဖြစ်နေပြီး ကျန်သည့်ကားများမှာ စီအန်ဂျီ ဆိုင်တွင်တန်းစီနေသည့် အချိန်ဖြင့်သာ အချိန်ကုန်နေကြောင်း ရန်ကုန်ရှိ တက္ကစီယာဉ်မောင်း အသိုင်းအ၀ိုင်းက သိရသည်။
“ကျနော်က ကားကို စဘော် (၅) သိန်းနဲ့ ငှားတယ်၊ တနေ့ကို Owner ခ (၁) သောင်းခွဲ ပေးရတယ်၊ ကိုယ့် အိမ်စရိတ၊် တနေ့တာ ကျနော်အသုံးစရိတ် အဲဒါကိုတွက်ရင် (၂၅,၀၀၀) ကျပ်လောက်ရမှ အဆင်ပြေမယ်၊ အခုမရဘူး၊ Owner နဲ့ နားလည်မှုတွေ ယူနေရတယ်ဗျာ၊ တော်သေးတာပေါ့ Owner က သဘောကောင်းလို့” ဟု ပုဇွန်တောင်တွင်နေသည့် အသက် (၄၀) ကျော် အငှားယာဉ်မောင်းတဦးက ပြောသည်။
ရန်ကုန်တွင် မီးပြတ်လျင် (၂၄) နာရီ စီအန်ဂျီ ထည့်၍ရသော စီအန်ဂျီ အရောင်းဆိုင်ပေါင်း (၃) ဆိုင်နှင့် မီးပြတ်လျင် စီအန်ဂျီ ထည့်၍မရသော ဆိုင် (၃၄) ဆိုင် ရှိကြောင်း သိရသည်။
source by : http://www.khitpyaing.org/news/February_09/24-2-09a.php
ရန်ကုန်မှာ လျှပ်စစ်မီးပျက် တက္ကစီများ စီအန်ဂျီ ဖြည့်မရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment